မြန်မာပြည်ရောက် Brand New ကား၀ယ်လမ်းညှှန်

978

ဒီတစ်ပတ် မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်ကနေ Commercial ကားချစ်သူတွေအတွက် မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ ထုတ်လုပ်တပ်ဆင်ထားတဲ့ Ford ကားကုမ္ပဏီထုတ် ၂ဝ၁၇ မိုဒယ် Ranger Double Cab ကားအမျိုးအစားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ranger ကားတွေဟာ အကြမ်းခံမှုနဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် နာမည်ကျော်ကြားပြီး ပြည်တွင်းစျေးကွက်မှာ အလွန်လူကြိုက်များတဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

၂ဝ၁၇ မိုဒယ် Ford ranger မှာ XLT နဲ့ XL ဆိုတဲ့ ဂရိတ်နှစ်မျိုးရှိပြီး ဂရိတ်အလိုက် အပြင်ပိုင်းနဲ့ အတွင်းပိုင်းအပြင်အဆင်တွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။ အပြင်ပိုင်း အပြင်အဆင်အနေနဲ့ အဓိက ကွာခြား သွားတာက XLT ဂရိတ်မှာ ရှေ့မီးခွက်ဟာ Halogen နဲ့ ကြောင်မျက်လုံး ပါဝင်မှာဖြစ်ပြီး XL ဂရိတ်မှာတော့ Halogen မီးသီးနှစ်လုံးပဲ ပါဝင်မှာ ဖြစ်ပါတယ်။ XLT ဂရိတ်မှာရှေ့ရှဲလ်ကို ခရိုမီယမ်နဲ့ ရရှိမှာဖြစ်သလို နှင်းခွဲ မီးလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကားနောက်ပိုင်းမှာ Back Liner နဲ့ Roll Bar တို့ ပါဝင်လာမှာဖြစ်ပြီး နောက်ခြေနင်းတန်း Rear Side Step ကို Step Bar နဲ့ရရှိမှာ ဖြစ်ပါတယ်။ XL ဂရိတ်မှာတော့ ဒီလို Feature တွေ ပါဝင်မှာ မဟုတ်ပါဘူး။ ကားဘီးတွေဟာလည်း XLT ဂရိတ်မှာ ၁၇ လက်မ အလွိုင်းခွေ တပ်ဆင်ထားပြီး XL ဂရိတ်မှာတော့ ၁၆ လက်မ အလွိုင်းခွေ တပ်ဆင်ထားပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်း အပြင်အဆင်အနေနဲ့ XLT ဂရိတ်ရဲ့ ဒက်ရှ်ဘုတ်မှာ back Caera အတွက် ၄ ဒသမ ၂ လက်မ Display ပါဝင်လာမှာဖြစ်ပြီး စတီယာရင်မှာ Voice Commend ၊ Audio Control ၊ Cruise Control တို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ XL ဂရိတ်မှာတော့ ရိုးရိုးစတီယာရင်နဲ့ ဒက်ရှ်ဘုတ်မှာ Radio ပဲ ပါဝင်မှာ ဖြစ်ပါတယ်။ XLT ဂရိတ်မှာ အဲကွန်းက Digital ဖြစ်ပြီး XL ဂရိတ်မှာတော့ Manual ဖြစ်သွားပါတယ်။

 

အင်ဂျင်အမျိုးအစား

အင်ဂျင်အနေနဲ့ ဂရိတ်နှစ်မျိုးစလုံးမှာ လေးဘီးယက်စနစ် 2.2 Liter ဒီဇယ်အင်ဂျင်ကို ရရှိနိုင်မှာဖြစ်ပြီး 3.2 Liter ဒီဇယ်အင်ဂျင်ကိုလည်း ရွေးချယ်ရရှိနိုင်ပါသေးတယ်။ ဂီယာအနေနဲ့ XLT ဂရိတ်မှာ 6-speed Auto/Manual ဂီယာ အသုံးပြုထားပြီး XL ဂရိတ်မှာတော့ 6-speed Manual ဂီယာကိုပဲ အသုံးပြုထားပါတယ်။

 

လုံခြုံရေး

လုံခြုံရေးစနစ်တွေအနေနဲ့ XLT ဂရိတ်မှာ Airbag ခြောက်လုံးနဲ့ XL ဂရိတ်မှာ Airbag နှစ်လုံး ပါဝင်မှာဖြစ်ပြီး XLT ဂရိတ်မှာ Rear Parking System နဲ့ Front Parking System တို့ ပါဝင်လာတာကလွဲရင် ကျန်တာ အကုန်အတူတူပဲ ဖြစ်ပါတယ်။ ဒါ့ပြင် Anti-Lock Braking System (ABS)  ၊ Electronic Stability Program(ESP) ၊ Hydraulic Power Steering(HPS) ၊ Limit Slip Differenial(LSD) ၊ Remote Keyless Entry စတဲ့စနစ်တွေလည်း တပ်ဆင်အသုံးပြုထားပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

Ford Ranger Double Cab ရဲ့ စျေးနှုန်းက အမေရိကန်ဒေါ်လာ ၃၄,ဝဝဝ ဝန်းကျင်ရှိပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ Ford ကား အရောင်းပြခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံနဲ့ ရောင်းချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here