မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် 2017 Toyota Fortuner

1109

ဒီတစ်ပတ်မှာတော့ အောက်တိုဘာ ၂၅ ရက်က မြန်မာနိုင်ငံ Brand New ကားဈေးကွက်ကို ၂၀၁၇ မိုဒယ်အနေနဲ့ အသစ်ဝင်ရောက်တဲ့ Toyota Fortuner နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Fortuner ဟာ ခုနစ်ယောက်စီး SUV ကားအမျိုးအစားဖြစ်ပြီး ၂၀ဝ၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ မျိုးဆက်အနေနဲ့ဆိုရင် ၂၀ဝ၅-၂၀၁၅ ခုနှစ်အထိ ပထမမျိုးဆက်၊ ၂၀၁၅ ကနေ လက်ရှိအချိန်အထိ ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လုပ်လျက်ရှိပါတယ်။ Fortuner ဟာ အခုဆိုရင် ထုတ် လုပ်သက်တမ်း ၁၂ နှစ်ရှိပြီဖြစ်ပြီး  ၂၀၁၇ မိုဒယ်သစ်ဟာ အရင်မိုဒယ်သစ်တွေထက် လုပ်အားနှုန်း ပိုကောင်းမွန်ပြီး ဆီစားနှုန်းပိုသက်သာတယ်လို့ ဆိုပါတယ်။

အပြင်ပိုင်း အပြင်အဆင်

Fortuner ရဲ့ ကိုယ်ထည် ဒီဇိုင်းက SUV ကားချစ်သူတွေ အကြိုက် တွေ့စေမယ့် ဒီဇိုင်းနဲ့ ပွဲထွက်လာပြီး နှစ်လိုဖွယ်ရာ စိတ်ခံစားမှုကို ပေးစွမ်း နိုင်အောင် ရည်ရွယ်ထားပါတယ်။ ရှေ့မျက်နှာစာ တစ်ဖက်တစ်ချက်မှာ လင်းအားကောင်းမွန်ပြီး ဒီဇိုင်းလှပတဲ့ Bi-Beam LED ရှေ့မီးကြီးတွေနဲ့ အတူ Daytime Running Light  တွေပါ ထည့်သွင်းထားတာကြောင့် နေ့ခင်းဘက်မှာပါ ကားကို မြင်သာစေမှာပါ။ ကားအနောက်ပိုင်းကို ကြည့်မယ်ဆိုရင် LED  အချက်ပြမီးတွေနဲ့ လှပနေပြီး အနောက်တံခါးကို ပါဝါနဲ့ ဖွင့်/ပိတ်ပြုလုပ်နိုင်အောင် စီမံပေးထားပါ တယ်။ ကားဘီးတွေမှာ တော့ ၁၈ လက်မအရွယ် အလူမီနီယမ်အလွိုင်းခွေတွေ တပ်ဆင်ထားပြီး ကားတည်ငြိမ်မှုနဲ့ ထိန်းချုပ်မှုတို့အတွက် အဆင့်မြှင့်ထားတဲ့ Suspension စနစ်က ၄၅ ဒီဂရီအထိ တိမ်းစောင်းခံနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းကို ကြည့်မယ်ဆိုရင် လှပကောင်းမွန်တဲ့ ဒက်ရှ်ဘုတ် ဒီဇိုင်း၊ လူ ခုနစ်ယောက်အတွက် ကျယ်ဝန်းတဲ့နေရာထိုင်ခင်း၊ အလယ် လက်တင်တန်းနဲ့ Cup Holder  တွေကို သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် စီမံပေးထားပါတယ်။ အတွင်းခန်းထိုင်ခုံတွေကို အရောင်တွေအနေနဲ့ Brown leather နဲ့ Chamois Leather နှစ်မျိုး ရွေးချယ်ရရှိနိုင်မှာ ဖြစ်ပြီး ရှေ့ထိုင်ခုံတွေက ပုံစံ ရှစ်မျိုးအထိ ပါဝါနဲ့ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အတွင်းခန်းမှာ အသံလုံတိတ်ဆိတ်ငြိမ်သက်မှုစနစ်၊ Keyless Entry ၊ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်တွေအတွက် Touch Screen Display ၊DVD ၊ USB ၊ Bluetooth  ၊ Aux စတာတွေနဲ့ စပီကာ ခြောက်လုံးတို့ကို တပ်ဆင်ပေးထားပါတယ်။

အင်ဂျင်အမျိုးအစား

လေးဘီးယက်မောင်းနှင်မှုစနစ်သုံး Fortuner မှာ အမြင့်မားဆုံး စွမ်း ဆောင်ရည်ကို ပေးစွမ်းနိုင်မယ့် ၂ ဒသမ ၈ လီတာ GD Turbo ဒီဇယ် အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါတယ်။ အမြင့်ဆုံးထွက်ရှိမယ့် စွမ်းအား က 3400 Rpm  မှာ မြင်းကောင်ရေ ၁၇၇ ကောင်အားကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပြီး 6-Speed Sequential Automatic Transmission ဂီယာနဲ့ တွဲ ဖက်အသုံးပြုထားပါတယ်။

လုံခြုံရေး

Fortuner မှာ လုံခြုံရေးစနစ်တွေအနေနဲ့ ဘီးတွေပေါ် သက်ရောက် အားတွေကို ထိန်းညှိပေးနိုင်တဲ့ EBD စနစ်၊ ဘရိတ်အမိမကြမ်းဘဲ စတီ ယာရင် လော့ခ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ABS  စနစ်၊ ယာဉ်တည် ငြိမ်မှု ထိန်းချုပ်စနစ်(VSC) ၊ ဆွဲအားထိန်းချုပ်မှုစနစ်(A-TRC) ၊ ယာဉ် လှုပ်ယမ်းခြင်း ထိန်းချုပ်မှုစနစ်(TS) ၊ ကုန်းတက်/ကုန်းဆင်း အထောက် အကူပြု ထိန်းချုပ်စနစ်(HAC) စတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေ အပြင် SRS လေအိတ် ခုနစ်လုံးတို့ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

၂၀၁၇ မိုဒယ် Toyota Fortuner ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၆၃,၈၀ဝ ဝန်းကျင်ဖြစ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ Toyota Aye & Son နဲ့  Toyota Mingalar မန္တလေးမြို့မှာရှိတဲ့ Toyota GW Lion အရောင်း ပြခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံနဲ့ ရောင်းချပေးလျက်ရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here