မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် CHEVROLET CRUZE 2017

913

 

ဒီတစ်ပတ်မှာတော့ အောက်တိုဘာ ပထမပတ်က မြန်မာနိုင်ငံဈေးကွက်ကို အသစ်ဝင်ရောက်ခဲ့တဲ့ ၂၀၁၇ မိုဒယ် Chevrolet All-New Cruze နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cruze ကို ၂၀ဝ၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀ဝ၈-၂၀၁၆ ခုနှစ်အထိ ပထမမျိုးဆက်အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ကိုယ်ထည်ပုံစံတွေအနေနဲ့ တံခါးလေးပေါက်ပါ  ဆီဒန်၊ တံခါးငါးပေါက်ပါ Hatchback နဲ့ Station Wagon ဆိုတဲ့ ပုံစံသုံးမျိုး ထုတ်လုပ်ထွက်ရှိပြီး မြန်မာနိုင်ငံမှာတော့ တံခါးလေးပေါက် ဆီဒန်တစ်မျိုးတည်းကိုပဲ တင်သွင်းရောင်းချလျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဒုတိယမျိုးဆက် All-New Cruze ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယမျိုးဆက်မှာ Sport ဆန်တဲ့ ရုပ်ထွက်နဲ့အတူ Performance တွေပါ သိသိသာသာ ပြောင်းလဲလာတဲ့ All-New Cruze ကို Brand New ကားဝယ်လမ်းညွှန်ကဏ္ဍမှာ မိတ်ဆက်ဖော်ပြလိုက်ပါတယ်။

အပြင်ပိုင်း အပြင်အဆင်

ဒုတိယမျိုးဆက်ဖြစ်တဲ့ All-New Cruze ဟာ အရင်ထွက်ရှိခဲ့တဲ့ ပထမမျိုးဆက်က ကားတွေထက် ကိုယ်ထည်အချိုးပိုမိုလှပလာပြီး Aerodynamic ဖြစ်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ လေကာ မှန်နဲ့ နောက်ခန်းမှန်တို့ကို Sport ဆန်ဆန် ခပ်ပြေပြေလေး ပြုလုပ်ပေး ထားပြီး ကြော့ရှင်းမှုကို ပိုမိုပေါ်လွင်စေဖို့ ဘောနတ်နဲ့ ကိုယ်ထည်တစ် လျှောက် လိုင်းလေးတွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။ ကိုယ် ထည်အချိုးအစားက အရင်မိုဒယ်တွေထက် ၂၅ မီလီမီတာပိုရှည်ပြီး ၁၀ မီလီမီတာ ပိုနိမ့်ပါတယ်။ ဘီးဝင်ရိုးတန်းနှစ်ခုကြား အကွာအဝေး (Wheel -Base ) အကွာအဝေးက ၂,၇၀ဝ မီလီမီတာရှိပြီး ဆိုင်းထိန်းစနစ်တွေမှာ အလူမီနီယံသတ္တုကို ထည့်သွင်းအသုံးပြုထားတာကြောင့် အလေးချိန်ပေါ့ ပါးပြီး အကောင်းဆုံးထိန်းချုပ်မောင်းနှင်မှုပုံစံကို ရရှိစေမှာ ဖြစ်ပါတယ်။

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းမှာ ယာဉ်မောင်းနဲ့ ခရီးသည်တွေ သက်သောင့်သက်သာ မောင်းနှင်စီးနင်းနိုင်စေဖို့ ရှေ့ခန်း၊ နောက်ခန်းနှစ်ခုစလုံးကို ကျယ်ကျယ် ဝန်းဝန်း ဖန်တီးပေးထားပါတယ်။ ဒက်ရှ်ဘုတ်ပေါ်က Instrument Cluster ကို ခေတ်မီဆန်းသစ်တဲ့ အသွင်နဲ့ ဖန်တီးပေးထားပြီး Instrument Cluster ရဲ့ လိုင်းတွေက ရှေ့တံခါးနှစ်ချပ်နဲ့ ပြေပြေပြစ်ပြစ် ပေါင်းစပ် သွားပါတယ်။ ဒက်ရှ်ဘုတ်ဒီဇိုင်းက အပြင်ပိုင်းဒီဇိုင်းနည်းတူ တောင့်တင်း ခိုင်မာမှုရသကို ခံစားရစေပါတယ်။ Chevrolet ရဲ့ နာမည်ကျော် MyLink Infotainment စနစ်အတွက် ခုနစ်လက်မအရွယ် Touch Screen ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီကတစ်ဆင့် ဖျော်ဖြေရေး၊ လမ်းပြမြေပုံ စနစ်စတာတွေကို အလွယ်တကူအသုံးပြုနိုင်ပြီး Apple CarPlay နဲ့ အဆင်ပြေပြေချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

၂၀၁၇ မိုဒယ် All-New Cruze မှာ မျိုးဆက်သစ်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ 1.4L Turbocharged အင်ဂျင်ကို Auto ဂီယာခြောက်ချက်နဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ အင်ဂျင်ရဲ့ Cylinder Block နဲ့ Head တွေကို အလူမီနီယံနဲ့ တည်ဆောက်ထား တာကြောင့် ယာဉ်အလေးချိန်ကို ပိုပြီး ပေါ့ပါးသွားစေပါတယ်။ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်က မြင်းကောင်ရေ ၁၅၃ ကောင်အားရှိပြီး ယခင်မိုဒယ်တွေ ထက် ပိုပြီး ပေါ့ပါးတာကြောင့် စွမ်းဆောင်ရည်လည်း ပိုပြီး ကောင်းမွန် စေမှာ ဖြစ်ပါတယ်။

လုံခြုံရေး

စီးနင်းသူတွေရဲ့ လုံခြုံရေး အတွက် ကိုယ်ထည်ကို ကြံ့ခိုင်မှုအား ကောင်းတဲ့ Steel (သံမဏိ)ကို အသုံးပြုထားပြီး မတော်တဆမှု တစ်ခု ခုဖြစ်တဲ့အခါ ခရီးသည်တွေကို ကာကွယ်မှု အပြည့်ပေးနိုင်အောင် တည် ဆောက်ထားပါတယ်။ ထိုင်ခုံတွေမှာ 3-Point Safety Belts တွေကို တပ်ဆင်ပေးထားပြီး ဒီခါးပတ်တွေက လိုအပ်ချိန်မှာ အလိုအလျောက်တင်း သွားပြီး စီးနင်းသူတွေကို ထိခိုက်မှုနည်းပါးအောင် ကာကွယ်ပေးထားပါ တယ်။ ဒါ့ပြင် ခေတ်မီလုံခြုံရေးစနစ်တွေဖြစ်တဲ့ Traction Control ၊ Anti-lock Braking System ၊ Electronic Stability Control ၊ Rollover Mitigation  နဲ့ Tyre Pessure Monitoring စနစ်တွေကိုလည်း အသုံးပြုထားပါတယ်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

2017 မိုဒယ် Chevrolet All-New Cruze ရဲ့ ဈေးနှုန်းက အမေရိ ကန်ဒေါ်လာ ၃၆,ဝ၀ဝ ဝန်းကျင်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့ တွေမှာရှိတဲ့ Chevrolet အရောင်းပြခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံးနှစ် ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံနဲ့ ရောင်းချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here