မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် MERCEDES – BENZ V- CLASS

854

အပြင်ပိုင်း အပြင်အဆင်

ကိုယ်ထည်ကို လှပတဲ့ကောက်ကြောင်းတွေနဲ့ တည်ဆောက်ထားပြီး Sport နဲ့ Luxury ဆန်မှုတွေ ပေါင်းစပ်ပေးထားပါတယ်။ ယာဉ်ရဲ့မျက်နှာစာမှာ လှပပြီးဆွဲဆောင်မှုရှိတဲ့ Radiator Grille နဲ့အတူ အလယ်တည့်တည့်မှာ အရှိန်အဝါကြီးမားတဲ့ မဆေးဒီးစ်ရဲ့ သုံးမြှောင့်ကြယ်ပုံစံ လိုဂိုက ယာဉ်ရဲ့ခံ့ညား မှုကို ပိုပြီးပြည့်စုံသွားစေပါတယ်။ V- Shaped ပုံစံ Bonnet က ယာဉ်ကို Sporty ဆန်တဲ့အသွင် ဖြစ်ပေါ်စေပြီး ဘောနတ် ရှေ့တစ်ဖက်တစ်ချက်မှာရှိတဲ့ LED Intelligent ရှေ့မီးကြီးတွေက ယာဉ်ရဲ့လားရာအတိုင်း အလိုအလျောက် မီးပြပေးမှာဖြစ်ပါတယ်။ ကိုယ်ထည်မှာ Slide Door နှစ်ချပ်ပါဝင်ပြီး နောက်ကြည့်မှန်တွေက ယာဉ်မောင်းသူမမြင်နိုင်တဲ့ Blind Spot တွေကို ထောက်လှမ်းပေးနိုင်ပါတယ်။ ခေါင်မိုးမှာတော့ ခရိုမီယမ် Roof Rail  တန်း နှစ်ခု တပ်ဆင်ထားပါတယ်။

အတွင်းခန်း အပြင်အဆင်

အတွင်းခန်း ထိုင်ခုံတွေကို ခြောက်ယောက်စီး၊ ခုနစ်ယောက်စီး၊ ရှစ်ယောက်စီးတွေ အနေနဲ့ ရရှိနိုင်ပါတယ်။ ယာဉ်အရှေ့ခန်းမှာ Leather Steering ၊ Leather Dashboard၊Leather အပူပေးထိုင်ခုံတွေ ပါ ဝင်မှာဖြစ်ပါတယ်။ အလယ်တန်းထိုင်ခုံက ရှေ့/နောက် ဆုံလည်အသုံးပြုလို့ရပြီး ဘေးမှာ ခွက်ထည့်စရာနေရာနဲ့ အစားသောက်တွေ စားသောက်နိုင်ဖို့အတွက် ခေါက်စားပွဲကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်တွေ ပေါင်းစပ်ထားတဲ့ နောက်ဆုံးပေါ် Infotainment စနစ်ကနေ Audio၊ Telephone ၊ လမ်းပြမြေပုံစနစ်၊ Voice Control စနစ်တွေ အသုံးပြုလို့ရပါတယ်။ အဆင့်မြင့်အသံစနစ် အတွက် စပီကာ ၁၆ လုံး ပါဝင်တဲ့ Burmester Surround Sound စနစ် အသုံးပြုထားပါတယ်။ အတွင်းခန်းမှာ စီးနင်းသူတွေ သက်သောင့် သက်သာ စီးနင်းနိုင်ဖို့အတွက် အတွင်းခန်းအပူချိန်ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ THERMOTRONIC Automatic  Climate Control စနစ် တပ်ဆင်ပေးထားပါတယ်။

အင်ဂျင်အမျိုးအစား

V- Class မှာ ဆလင်ဒါလေးလုံးထိုး 2.2 L V-220 CDI ဒီဇယ် အင်ဂျင် တပ်ဆင်အသုံးပြုထားပြီး 3800 Rpm မှာ မြင်းကောင်ရေ ၁၃၆ ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ သုညကနေ ကီလိုတစ်ရာအရှိန် ရရှိဖို့ ၁၁ ဒသမ ၉ စက္ကန့်ပဲကြာမှာဖြစ်ပါတယ်။ ဂီယာက Auto/Manual အသုံးပြုနိုင်တဲ့ 7G- Tronic Plus Automatic Transmission ဂီယာ အသုံးပြုထားပါတယ်။ Sport စတိုင်လ် မောင်းနှင်ချင်ရင် Paddle Shift ကို အသုံးပြုပြီး မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

လုံခြုံရေး

လုံခြုံရေးစနစ်တွေအနေနဲ့ ယာဉ်မောင်းရဲ့ အခြေအနေကို အမြဲစောင့် ကြည့်ပေးပြီး လိုအပ်ရင် သတိပေးမှုတွေပြုလုပ်ပေးမယ့် Attention Assist ၊ အလွယ်တကူ ပါကင်ထိုးနိုင်မယ့် Active Parking  စနစ်၊ ယာဉ်တစ်စီးလုံး ကို ခြုံငုံမြင်နိုင်မယ့် ၃၆၀ ဒီဂရီကင်မရာ၊ အဝေးပြေးလမ်းတွေမှာ အဆင်ပြေပြေအသုံးပြုနိုင်မယ့် Adaptive Cruise Control ၊ ယာဉ်က သတ်မှတ်လမ်းကြောင်းကနေ သွေဖည်ပြီး ယာဉ်မောင်းသူက တုံ့ပြန်မှုနှေးကွေး နေရင် လမ်းကြောင်းမှန်ပေါ်ရောက်အောင် အလိုအလျောက် Lane Keeping Assist စနစ်၊ ယာဉ်မောင်းသူမမြင်နိုင်တဲ့အရာတွေကို ထောက်လှမ်းပေးမယ့် Blind Spot Assist စနစ်တွေ တပ်ဆင်အသုံးပြုထား ပါတယ်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

၂၀၁၇ မိုဒယ် Mercedes-Benz V-Class ကို ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာရှိတဲ့ Mercedes-Benz အရောင်းပြခန်းမှာ ဝယ်ယူရရှိနိုင်ပါ တယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၅၅,ဝ၀ဝ ဝန်းကျင်ဖြစ်ပြီး မိမိတပ်ဆင်အသုံးပြုလိုတဲ့ Optional ပစ္စည်းတွေအပေါ်မူတည်လို့ ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ ၂ နှစ်၊ ဒါမှမဟုတ် ကီလို တစ်သိန်း အာမခံနဲ့ ရောင်းချလျက်ရှိပါတယ်။

သက်ပိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here