မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်

636

ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံစျေးကွက်မှာ စက်တင်ဘာ ၈ ရက်က အသစ် မိတ်ဆက်ပြသလိုက်တဲ့ ၂ဝ၁၇ မိုဒယ် Land Rover All-New Discovery နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားဟာ Discovery ရဲ့ Fifthly Generation ဖြစ်ပြီး (၂ဝဝ၉-၂ဝ၁၆) ခုနှစ်အထိထုတ်လုပ်ခဲ့တဲ့ Discovery 4 မျိုးဆက်အပြီးမှာ All-New Discovery အဖြစ်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Discovery ကားတွေကို ၁၉၈၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်သက်တမ်း ၂၈ နှစ်ကျော်ကာလအတွင်းမှာ မျိုးဆက်အလိုက် ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံ SUV ကားတွေအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ကားမိုဒယ်တစ်ခု ဖြစ်ပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

All-New Discovery ကားမိုဒယ်သစ်ဟာ All-New ဖြစ်သွားတဲ့အတွက် အရင်ထုတ်ခဲ့တဲ့ Discovery 4 မိုဒယ်ထက် အသွင်အပြင်တွေ များစွာကွာ ခြားသွားပါတယ်။ ကိုယ်ထည်ကို Aluminium Monocoque အနေနဲ့ ထုတ်လုပ်ထားတာကြောင့် ပိုသန်မာပြီး အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သလို အရင်မိုဒယ်ထက် ၄၈ဝ ကီလိုဂရမ် ပိုပေါ့ပါးသွားစေပါတယ်။ ရှေ့မီးခွက်တွေကလည်း LRD မီးတွေဖြစ်သွားပြီး Grille ဒီဇိုင်းကလည်း လေခွင်းအားကောင်းမွန်သလို On-Road ၊ Off-Road ဘက်စုံအသုံးပြုနိုင်ပါတယ်။ ကားနောက်ပိုင်းက Tailgate ကိုလည်း Power နဲ့ ဖွင့်/ပိတ်လုပ်လို့ရတဲ့စနစ်နဲ့ Gesture Control  စနစ် နှစ်မျိုးရရှိနိုင်ပါတယ်။ ဒါ့ပြင် လမ်းအနေအထားအပေါ်မူတည်ပြီး Air Suspension ကို အနိမ့်အမြင့် ပြုလုပ်လို့ရတဲ့စနစ်တွေလည်း ပါဝင်ပါတယ်။

 

အတွင်းခန်း အပြင်အဆင်

အဆင့်မြင့် ဇိမ်ခံကားတစ်စီးဖြစ်တာနဲ့အညီ အတွင်းခန်းမှာ ပရီမီယမ်အဆင့်ရှိ Leather တွေနဲ့ Authentic Wood တွေကို ပေါင်းစပ် အသုံးပြုထားပါတယ်။ အတွင်းခန်းမှာ ထိုင်ခုံသုံးတန်းပါဝင်ပြီး လူခုနစ်ဦး အဆင်ပြေပြေ လိုက်ပါစီးနင်းနိုင်ပါတယ်။ ခရီးသည်တွေ သက်သောင့် သက်သာစီးနင်းနိုင်ဖို့ 4-Zone Climate Control  စနစ်ကိုအသုံးပြုထားပြီး အပူ၊ အအေးစနစ်ကို ဇုန်အလိုက်ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် Panoranmic Roof ကိုလည်း တပ်ဆင်ပေးထားတာကြောင့် သဘာဝအတိုင်း ခံစားမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဖျော်ဖြေရေးနဲ့ သတင်းအချက် အလက်အတွက် နောက်ဆုံးပေါ် Infotainment စနစ်ကိုအသုံးပြုထားပြီး ဒက်ရှ်ဘုတ်မှာရှိတဲ့ LED Display In Control Touch စနစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် အသုံးပြုရ ပိုလွယ်ကူပြီး ရှင်းရှင်းလင်းမြင် သာစေပါတယ်။ Audio စနစ်တွေဆိုရင် Meridian Audio စနစ်ကို အသုံးပြုထားတာကြောင့် အဆင့်မြင့်အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

All-New Discovery မှာ 3.0 L အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပြီး မြန်မာနိုင်ငံမှာ ဓာတ်ဆီနဲ့ ဒီဇယ်အင်ဂျင် နှစ်မျိုးစလုံးကို ရရှိနိုင်ပါတယ်။ ဂီယာကိုတော့ 8-speed Auto Transmission  ကို အသုံးပြုထားပါတယ်။ Manual ဂီယာအနေနဲ့ မောင်းနှင်ချင်ရင် Sport Mode ကို On ပြီး Paddle Shift ဂီယာနဲ့မောင်းနှင်နိုင်ပါတယ်။ Terrain  Respond စနစ်လည်း ပါဝင်တာကြောင့် လမ်းအနေအထားအပေါ်မူတည်ပြီး Mode အမျိုးမျိုးနဲ့ ရွေးချယ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

 

လုံခြုံရေး

နောက်ဆုံးပေါ် ခေတ်မီဇိမ်ခံကားတစ်စီးဖြစ်တဲ့ All-New Discovery မှာ အဆင့်မြင့်လုံခြုံရေး နည်းပညာတွေ ထည့်သွင်းအသုံးပြုထားပါတယ်။ Lane Keep Assist Autonomous Emergency Braking Blind Spot Assist Park Assist Surround View Camera Hill Decent Control Hill Start Control စတဲ့လုံခြုံရေးနည်းပညာတွေကို အသုံးပြုထားပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

၂ဝ၁၇ မိုဒယ် Land Rover All-New Discovery ရဲ့စျေးနှုန်းက အမေရိကန်ဒေါ်လာ နှစ်သိန်းဝန်းကျင်ရှိပြီး သမိုင်းလမ်းဆုံအနီးမှာရှိတဲ့ Jaguar Land Rove အရောင်းပြခန်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန် ဆောင်မှုတွေအနေနဲ့ သုံးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်း အာမခံနဲ့ရောင်း ချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here