မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် GAC LUXURY SUV GS8

970

GAC ဆိုတာ Guangzhou Automotive Corporation ရဲ့ အတိုကောက် ဖြစ်ပြီး တရုတ်အစိုးရပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ကာ Guangzhou မြို့မှာ အခြေစိုက်တည်ထောင်ထားပါတယ်။ GAC ဟာ ကိုယ်ပိုင် Brand အနေနဲ့ မတည်ထောင်ခင်က Toyota ၊ Mitsubishi ၊ Honda ကားကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ပြည်တွင်းဈေးကွက်အတွက် ကား တွေ ထုတ်လုပ်ခဲ့သလို Jeep တံဆိပ်ကိုလည်း တရုတ်နိုင်ငံမှာ ထုတ်လုပ်ခဲ့ ပါတယ်။ ဒီလိုများပြားလှတဲ့ အတွေ့အကြုံတွေနဲ့ တရုတ်နိုင်ငံရဲ့ မော်တော် ယာဉ်တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းဟာ လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုး လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ GAC ဟာ ကိုယ်ပိုင်အမှတ်တံဆိပ်Trumpchi Brand ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ GAC ရဲ့ လှပ တဲ့ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ကားတွေဟာ အမေရိကန်အခြေစိုက် JD Power & Associates အဖွဲ့က သတ်မှတ်ပေးအပ်တဲ့  Initial Quality ဆုကို ရရှိခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ GAC ဟာ တရုတ် နိုင်ငံရဲ့ နံပါတ်တစ် Premium Brand အဖြစ် ရပ်တည်လျက်ရှိပါတယ်။ အခုမိတ်ဆက်ပေးမယ့်ကားကတော့ GAC က ထုတ်လုပ်ထားတဲ့ New Flagship SUV ကားအမျိုးအစား Luxury SUV GS8 ပဲ ဖြစ်ပါတယ်။

GS8 ဟာ အသုံးပြုသူတိုင်း နှစ်သက်သဘောကျစေမယ့် စွမ်းရည်တွေနဲ့ ပြည့်စုံတဲ့ SUV ကားတစ်စီး ဖြစ်ပါတယ်။ သူ့ကို Clean Design နဲ့တည်ဆောက်ထားပြီး အသေးစိတ်အနုပညာဒီဇိုင်းတွေများစွာ အသုံး ပြုထားပါတယ်။ ဥပမာပေးရရင် ယာဉ်ရဲ့အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ Fully Array LED Lamp ဒီဇိုင်းဖြစ်ပြီး Daytime Running Lamp တွေနဲ့ ခံ့ညားမှုတွေကို ပေါင်းစပ်ထားပါတယ်။ ယာဉ်အနောက်ဘက်က မီးတွေကို ဂျာမနီနိုင်ငံရဲ့ OSRAM ကုမ္ပဏီက ထုတ်လုပ်ထားပြီး Display ရှစ်ခုပါဝင်ကာ လှပမှုနဲ့ Luxury ဆန်မှုတွေကို ပေါင်းစပ်ထားပါတယ်။

GS8 ရဲ့အတွင်းခန်းက လှပတဲ့လက်မှုပညာနဲ့ Classic ဆန်ဆန် ဖွဲ့စည်းထားပါတယ်။ အတွင်းခန်းမှာ သြစတြေးလျ နွားသားရေနဲ့ ထိတွေ့မှု နူးညံ့တဲ့ ပစ္စည်းတွေ အသုံးပြုထားပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကလည်း မြင် ကွင်းကျယ်တဲ့ Ergonomically ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ ဒရိုင်ဘာဘက်ကတံခါးကို ဖွင့်လိုက်တာနဲ့ မြေပြင်မှာ GAC LOGO အလင်းတန်းလေး ပေါ်ထွက်လာမှာ ဖြစ်ပြီး အတွင်းခန်းကိုဝင်တဲ့ တံခါးပေါက်တွေ ကို ကျယ်ကျယ်ဝန်းဝန်း ပြုလုပ်ပေးထားပါတယ်။ ထိုင်ခုံသုံးတန်းပါဝင်တာ ကြောင့် လူခုနစ်ဦးအထိ လိုက်ပါစီးနင်းနိုင်ပါတယ်။ ဖျော်ဖြေရေးအတွက် Harman  Top-level Entertainment System ၊ Bluetooth Connective နဲ့ ခုနစ်လက်မTouch Screen တို့ကို တပ်ဆင်ပေးထားပါတယ်။

ဘောနတ်ရဲ့အောက်မှာ 2.0 L Turbocharged ဓာတ်ဆီအင်ဂျင် တပ်ဆင်အသုံးပြုထားပြီး အဲဒီအင်ဂျင်ကနေ မြင်းကောင်ရေ ၂၀၂ ကောင် အားနဲ့ လိမ်ကျစ်အား 320 Nm ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ပျမ်းမျှ ဆီစားနှုန်းက ကီလိုမီတာတစ်ရာကို ၆ ဒသမ ၄ လီတာခန့် ကုန်ကျမှာဖြစ် ပါတယ်။ ဂီယာကတော့ 6- Speed Auto Transmission ကို အသုံးပြု ထားပါတယ်။ 2WD နဲ့ 4WD ကို လိုအပ်သလို ချိန်ညှိပြောင်းလဲနိုင်ပြီး Sundy၊ Muddy ၊ Snowy ၊ Intelligent Auto ၊ Sport နဲ့ Eco Mode စတဲ့ မောင်းနှင်မှုပုံစံခြောက်မျိုး ပြောင်းလဲမောင်းနှင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here