မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွန် 2018 Mercedes-Benz GLC 250 4Matic AMG

1089

Mercedes-Benz ၏ SUV Family တွင် များစွာထင်ရှားသည့် 2018 GLC 250 4Matic AMG သည် အလန်းဆုံးဒီဇိုင်းဖြစ်သော AMG Design ဖန်တီးထားခြင်း၊ AMG Package များစွာ ထည့်သွင်းထားခြင်း အပါအဝင် ခိုင်ခံ့သည့် ကိုယ်ထည်ဖန်တီးမှု၊ အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များပါရှိမှု၊ High-End Tech များ အထူးစုံလင်စွာထည့်သွင်း ထားမှု စသည့် ထူးခြားသော SUV Model ဖြစ်ပါသည်။ ထို့အတူ Off-Road စွမ်းဆောင်ရည် အထူးကောင်းမွန်မှုရှိစေရန် ဖန်တီးထားမှုသည်လည်း 2018 GLC 250 4Matic AMG ၏ ထူးခြားချက်ဖြစ်ပါသည်။ ယင်းသို့ ဆန်းသစ်မှုများစွာဖြင့် ဖန်တီးထားသည့် 2018 GLC 250 4Matic AMG ကို ယခုတစ်ပတ် Brand New ကဏတွင် မိ်တ်ဆက်ရေးသားလိုက်ပါသည်။

အပြင်ပိုင်း အပြင်အဆင်
Mercedes-Benz ၏ ထူးခြားသည့် ဖန်တီးမှုလက်ရာဖြစ်သော AMG ဖြင့် အဓိကပုံဖော်ဖန်တီးထားသည့် 2018 GLC 250 4Matic AMG ၏ အပြင်ဘက်ဒီဇိုင်းကို Mercedes ၏ မူလဟန်ပန်အတိုင်း ဝင့် ကြွားစွာ တွေ့မြင်ရမည်ဖြစ်ပြီး များစွာဆွဲဆောင်မှုရှိသည့် ကားအရှေ့ဘက် Grille Design နှင့်အတူ Adaptive Highbeam Assist Plus ပါဝင်သည့် LED Intelligent Light System-LHD ရှေ့မီးကြီးများဖြင့် တွဲ ဖက်တွေ့မြင်ရမည်ဖြစ်ကာ ရှေ့လေကာမှန်ကြီးတွင် Rain Sensor Wiper ပါရှိ၍ မိုးရာသီတွင် အထူးအဆင်ပြေစေပါမည်။ ထိုမှတစ်ဖန် လှပသွယ်လျ သည့် ဘေးဘက်ကိုယ်ထည်အား AMG Body Styling ဖြင့် ဖန်တီးထားပြီး Polished Aluminium Roof Rails ၊ Keyless Go ၊ အပူစုပ်ယူ သည့်စနစ်ပါရှိသည့် Dark Tinted မှန်များဖြင့် ထူးခြားစွာ ဖန်တီးထား သည်ကို တွေ့မြင်ရမည်ဖြစ်ကာ တာယာများသည် Run Flat Tyer များ ဖြစ်ပါသည်။ ထို့နောက် ထူးခြားစွာဖန်တီးထားသည့် ကားနောက်ဖုံးကို ဆက်လက်ရှုစားပါက အနောက်ဘက်မီးတန်းနှင့် လှပသည့် နောက်ဖုံး ဒီဇိုင်းကို Mercedes ချစ်သူများ အထူးကျေနပ်မည်ဖြစ်ပြီး နောက်ဆုံး ပေါ် နည်းပညာများဖြစ်ကြသည့် Hands-Free Access နှင့် Easy Pack Tailgate စနစ်တို့ ထည့်သွင်းထားသည့်အတွက် အသုံးပြုသူများ အဆင် ပြေစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

အတွင်းခန်း အပြင်အဆင်
2018 Mercedes-Benz GLC 250 4Matic AMG သည် ခရီး သည် ငါးဦး စီးနင်းနိုင်သည့်ကားဖြစ်ပြီး အတွင်းခန်းကို ကျယ်ဝန်းသပ် ရပ်စွာ ဖန်တီးထားကာ AMG Line Interior ဒီဇိုင်းအနေဖြင့် Double Cup Holder ၊ Brown Burr Walnut Wood Gloss Trim ၊ Interior Lighting Package နှင့် AMG Floor Mats တို့ ပေါင်းစပ်ဖန်တီးထား သည့်အပြင် ခေတ်မီနည်းပညာသုံး ပါဝင်မှုများဖြစ်ကြသည့် Smart-phone Integration ၊ Apple Carplay/Android Auto ၊ Aerial for GPS ၊ မြင်ကွင်းကျယ် အမိုးဖွင့်စနစ်၊ Touchpad with Controller ၊ Thermotronic Automatic Climate Control ၊ Keyless Go Starting Function ၊ Air Balance Package စသည့် Feature များစွာ ထည့် သွင်းထားပါသည်။ ထိုင်ခုံများသည် သားရေထိုင်ခုံများဖြစ်ပြီး အရှေ့ဘက် ထိုင်ခုံ နှစ်လုံးတွင် Auto Adjust and Memory Function များ ပါဝင်မည်ဖြစ်ကာ ဖျော်ဖြေရေးအနေဖြင့် Audio 20 CD ၊ Burmester Sur-round Sound System တို့ကို ထည့်သွင်းထားပါမည်။ SUV ကားအနေ ဖြင့် များစွာအရေးပါသည့် ယာဉ်မောင်းထောက်ပံ့မှုဆိုင်ရာစနစ်ကို Package အနေဖြင့် ထည့်သွင်းထားပြီး ယင်းတွင် Distance Pilot Distronic with Steering Pilot ၊ Active Blind Spot Assist ၊ Active Lane Keeping Assist ၊ Pre Safe Plus ၊ Cross Traffic Assist စသည့် အဆင့်မြင့် နည်းပညာစနစ်များစွာ ပါရှိကြပါသည်။

အင်ဂျင်နှင့် ဂီယာစနစ်
2018 Mercedes-Benz GLC 250 4Matic AMG တွင် အင်ဂျင် အနေဖြင့် 2.0 L I4 Engine 211 Hp ဓာတ်ဆီအင်ဂျင်နှင့် 9G Tronic Transmission စနစ်တို့ တွဲဖက်တပ်ဆင်ထားပါသည်။ Exhaust Emissions Standard သည် Euro 6 ဖြစ်ပြီး Emission Control System သည် EU 4 Technology ဖြစ်ကာ ဆီသိုလှောင်နိုင်မှုပမာဏသည် ၆၆ လီတာ ဖြစ်ပါသည်။

လုံခြုံရေးစနစ်
2018 Mercedes-Benz GLC 250 4Matic AMG သည် ထိပ် တန်းလုံခြုံရေးအဆင့်ရှိ ကားမိုဒယ်ဖြစ်ပြီး အဆင့်မြင့်နည်းပညာသုံး Safety Feature များစွာ ပါရှိပါသည်။ အထူးအားဖြင့် Fully Airbags ၊ Kneebags ၊ Underbody Protection ၊ Adaptive Brake Light ၊ Parking Pilot with Parktronic ၊ Parking Pilot with 360 Degree Camera တို့ ထည့်သွင်းထားသည့်အတွက် လိုက်ပါစီးနင်းသည့် ခရီး သည်များအတွက် အပြည့်အဝ လုံခြုံမှုရှိစေမည် ဖြစ်ပါသည်။

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ
2018 Mercedes-Benz GLC 250 4Matic AMG ကို စျေးနှုန်း အနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၅,ဝဝဝ(USD 155,000) ဝန်းကျင်ဖြင့် Mercedes-Benz Myanmar မှ တင်သွင်းရောင်းချမည်ဖြစ်ပြီး ဝန် ဆောင်မှုအနေဖြင့် 4 Years/Unlimited Warranty နှင့် 3 Years Oil Free Services တို့ သတ်မှတ်ပေးထားပါသည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here