မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်(2016 Chevrolet Sail 3)

802

ဒီတစ်ပတ်မှာတော့ အမေရိကန်အခြေစိုက် ကားကုမ္ပဏီ Chevrolet ထုတ် ၂ဝ၁၆ မိုဒယ် Sail 3 LTZ ဆီဒန်ကားအမျိုးအစားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Chevrolet ရဲ့  မျိုးဆက်သစ်ကားငယ်တွေထဲမှာ အရည်အသွေးမြင့် စွမ်းအင်ချွေတာပေးနိုင်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေခြင်းတို့ကြောင့် မြန်မာနိုင်ငံက မိသားစုတွေရဲ့ နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေရှိစေမယ့် ကားတစ်စီးလည်း ဖြစ်ပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

===============

Sail 3  မိုဒယ်မှာ Chevrolet ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ရုပ်ထွက် အသွင်အပြင်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရှေ့ဘက် မျက်နှာစာက ကျယ်ပြန့်ပြီး Sport ဆန်တဲ့ နှစ်ထပ်ရှဲလ်မှာ Chevrolet ရဲ့ Bowtie လိုဂိုကို တပ်ဆင်ထားပြီး ကားရဲ့အသွင်အပြင်က ဆွဲဆောင်မှု ရှိနေစေပါတယ်။ အရင်မိုဒယ်တွေထက် အခု Sail 3 မိုဒယ်က ၅၁ မီလီ မီတာ ပိုရှည်ပြီး ၄၅ မီလီမီတာ ပိုကျယ်ကာ ရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီး ဝင်ရိုးကြား အကွာအဝေး(Wheelbase) က ၃၅ မီလီမီတာ ပိုရှည်လာတာ တွေ့ရပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

==================

အတွင်းခန်းကိုလည်း ကောင်းမွန်သပ်ရပ်အောင် ဖွဲ့စည်းထားတာ တွေ့ရမှာဖြစ်ပြီး Chevrolet ရဲ့ အထင်ကရ ဖြစ်တဲ့ Cockpit Design ကို ဆက်လက်သုံးစွဲထားပါတယ်။ အတွင်းခန်းက အမျိုးအစားတူကားတွေနဲ့ နှိုင်းယှဉ်ရင် ပိုကျယ်ဝန်းပြီး သက်သောင့်သက်သာရှိစေမယ့် ထိုင်ခုံအနေအထား၊ အလွယ်တကူ အသုံးပြုနိုင်မယ့် ပစ္စည်းထားသိုစရာနေရာ ၁၆ ခု တို့အပြင် နောက်ဖုံးခန်းရဲ့ အကျယ်အဝန်းကလည်း ၃၆၆ လီတာ ဝင်ဆံ့မှာ ဖြစ်ပါတယ်။ ဒါ့ပြင် Radar-sweep အချက်ပြဒိုင်ခွက်၊ 3D ပုံစံ စပီကာ ကာဗာ၊ ခွက်ပုံစံထိုင်ခုံ၊ Mode နှစ်မျိုးသုံးနိုင်တဲ့ Sunroof ၊ နည်းပညာမြင့် ဖျော်ဖြေရေးစနစ်တွေ၊ ထိန်းချုပ်ခလုတ်တွေ ပါဝင်တဲ့ Three-spoke စတီယာရင်၊ စမတ်ဖုန်းမျက်နှာပြင်လို မြင်ရမယ့် ၄ ဒသမ ၂ လက်မအရွယ် Colour Display  ၊ Bluetooth စနစ်နဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်မယ့် စနစ်စတာတွေ ပါဝင်ပါတယ်။

 

အင်ဂျင်အမျိုးအစား

=============

၁ ဒသမ ၅ လီတာ DVVT အင်ဂျင်က မြင်းကောင်ရေ ၁၁၁ ကောင် အား ထုတ်လုပ်ပေးနိုင်ပြီး ကီလိုတစ်ရာ အကွာအဝေးကို ဆီ ၅ ဒသမ ၄ လီ တာပဲ ကုန်ကျမှာ ဖြစ်တာကြောင့် အရင်မိုဒယ်တွေထက် ၈ ရာခိုင်နှုန်း ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။

 

လုံခြုံရေး

========

Sail 3 ဟာ လုံခြုံစိတ်ချရမှုအပိုင်းမှာ ထိပ်တန်းအဆင့်ရှိပြီး ကားဘော်ဒီတစ်ခုလုံးရဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းကို ခိုင်ခံ့မာကျောပြီး 1300 Mpa အထိ ခံနိုင်ရည်ရှိတဲ့ PHS Hot-rolled Steel နဲ့ ဖွဲ့စည်းတည်ဆောက် ထားပါတယ်။ ဒါ့ပြင် အသက်ကယ်လေအိတ်နှစ်လုံး၊ ABS Brake System ၊ Electronic Brake-force Distribution ၊ Cornering Brake Control အစရှိတဲ့ လုံခြုံစိတ်ချရတဲ့ နည်ပညာတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

================

ဒီလို လှပတဲ့ ဒီဇိုင်းအသွင်အပြင်၊ သက်သာတဲ့ ဆီစားနှုန်း၊ ကောင်း မွန်တဲ့ လုံခြုံရေးစနစ်တွေနဲ့ ပြည့်စုံတဲ့ Chevrolet Sail 3LTZ ကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာရှိတဲ့ Chevrolet Myanmar Showroon မှာ ဝယ်ယူရရှိနိုင်ပါတယ်။ စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၆,ဝဝဝ ဝန်းကျင်မှာရှိပြီး ဝန်ဆောင်မှုတွေအနေနဲ့ ငါးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံနဲ့ ရောင်းချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here