မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်

1087

တောင်ကိုရီးယားအခြေစိုက် KIA သည် ၎င်းတို့၏ ထင်ရှားလှသည့် Sporty MPV တစ်မျိုးဖြစ်သော Sorento GT ကို အသွင်သစ်၊ အမြင်သစ်များ၊ ပါဝင်မှုအသစ်များဖြင့် ၂ဝ၁၈ မိုဒယ်သစ်အနေနှင့် ထုတ်လုပ်လိုက်ပြီး New Sorento GT Line သည် KIA ချစ်သူများ အကြိုက်တွေ့စေဦးမည့် ကားလည်းဖြစ်သည်။ မြန်မာနိုင်ငံရှိ KIA Myanmar မှ အဆိုပါ 2018 KIA Sorento GT Line ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် စတင်မိတ်ဆက် ခဲ့ပါသည်။ 2018 KIA Sorento GT Line သည် မိုဒယ်သစ်ဖြစ်၍ ပြောင်းလဲမှုများဖြင့် ဖန်တီးထားသည့်အပြင် စိတ်ဝင်စားဖွယ်ရာ Feature များစွာလည်း ပါဝင်၍ Sorento ချစ်သူများနှင့် Sporty Crossover ပရိသတ်များ အတွက် ယင်းကားတွင် ပါဝင်သည့် အချက်အလက်များနှင့် မိတ်ဆက်ပေးပါမည်။

 

အပြင်ပိုင်း အပြင်အဆင်

2018 Sorento GT Line ၏ အပြင်ဘက်ဒီဇိုင်းကို ယခင် ၂ဝ၁၇ မိုဒယ် နှင့် ကွဲပြားအောင် ဖန်တီးထား၍ ဆန်းသစ်မှုများကို ခံစားရနိုင်ပါမည်။ ရှေ့မီးကို ဒီဇိုင်းအသစ်ပြောင်းလဲထားသော New 3 Bo-xenon Headlamps  နှင့် နှင်းခွဲမီးငယ်လေးလုံး ပေါင်းစပ်ထားသည့် Foglamp Design တို့သည် အလွန်စွဲဆောင်မှုရှိပြီး ကွဲပြားမှုကို ထင်ဟပ်စေမည် ဖြစ်ပါသည်။ အလားတူ ယခင်မိုဒယ်နှင့် မတူညီသော အနောက်ဘက် LED Tailight Design အသစ်သည်လည်း အလွန်တောက်ပစူးရှ၍ ယင်း LED မီးရောင်သည် ညအချိန်နှင့် မြင်ကွင်းမရှင်းသည့်အခါများ၌ပင် အဝေးမှအရာဝတ္ထုများကို ကောင်းစွာမြင်နိုင်မည် ဖြစ်သည်။ ကားနောက်ဖုံး ဖွင့်သည့်စနစ်မှာလည်း သမားရိုးကျစနစ်မဟုတ်ဘဲ Sorento GT Line ၏ နောက်ဖုံးသည် Smart Power Tailgate အမျိုးအစားဖြစ်၍ အသုံးပြုသူ၏ လက်ထဲတွင် သော့ကိုင်ထားပြီး ကားနောက်ဖုံးရှေ့တွင် စက္ကန့်မျှ ရပ်နေရုံမျှဖြင့် အလိုအလျောက်ပွင့်လာမည် ဖြစ်သည်။ ယင်းသို့သော ထူးခြားချက်များအပြင် ယခု ၂ဝ၁၈ ခုနှစ်မှ စတင် ထည့်သွင်းမှုအနေဖြင့် ဘေးဘက်ခြေနင်း(Side Step) များကို New Sorento တွင် တွေ့မြင် ရမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ကားအပြင်ဘက်အတွက် အဓိကကျသည့် Front Grille ကို KIA ၏ သကေင်္တဖြစ်သော Tiger Nose Design ဖြင့် ဖန်တီးထား၍ ဝင့်ကြွားမှု၊ ခံ့ထည်မှုတို့ဖြင့် Sorento ကို    မောင်းနှင်နိုင်မည်ဖြစ်သည်။

 

အတွင်းပိုင်း အပြင်အဆင်

2018 KIA Sorento GT Line  သည် ခရီးသည် ခုနစ်ယောက်စီး၊ ခုံသုံးတန်းအမျိုးအစားဖြစ်ပြီး အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပါသည်။ ထိုင်ခုံများကို တန်ဖိုးကြီးသားရေများဖြင့် ချုပ်လုပ်ထားပြီး GT Line ဆိုသည့် စာတန်းများကို ရှေ့ထိုင်ခုံများတွင် ရေးထိုးထားပါသည်။ ရှေ့ထိုင်ခုံများသည် Auto Adjust ပြုလုပ်နိုင်ပြီး Drive Seat Memory လည်း ပါရှိပါမည်။ Dashboard ဒီဇိုင်းကို ရှင်းလင်းစွာ ဖန်တီးထားပြီး ထိန်းချုပ်စနစ်များ၊ ဖျော်ဖြေရေးနှင့် အခြားခလုတ် များသည် လွယ်ကူစွာ အသုံးပြုထိန်းချုပ်နိုင်မည် ဖြစ်သည်။ Sporty ဆန်သည့် Crossover ကို ရွေးချယ်ကြမည့်လူငယ်၊ လူလတ်ပိုင်းကားချစ်သူများအတွက် အရေးကြီးသည့် Audio ဖျော်ဖြေမှု အနေဖြင့် စပီကာရှစ် လုံးပါရှိသည့် KIA’s Premium Sound စနစ် အပါအဝင် Bluetooth ၊ USB စသည် တို့ကိုလည်း စုံလင်စွာ ထည့်သွင်းထားမည်ဖြစ်၍ စိတ်လက်ပေါ့ပါးစွာ တေးသီချင်းများ နားဆင်ခံစားနိုင်မည် ဖြစ်သည်။

 

2018 Sorento တွင် ထူးခြားသည့် ပါဝင်မှုအချို့ကိုလည်း အသစ်ထည့်သွင်းထားမည် ဖြစ်သည်။ ယင်းတို့မှာ ှသမနညအသ သြိနူ များတွင် ပထမဆုံးထည့်သွင်းမှုဖြစ်သည့် ၃၆ဝ ဒီဂရီပတ်လည်မြင်ကွင်းကျယ် ကင်မရာစနစ် နှင့် Wireless Charging ခေါ် ကြိုးမလိုဘဲ ဖုန်းအားသွင်းခြင်း စနစ်တို့ ဖြစ်ပြီး မျက်မှောက်ခေတ် ကာလများတွင် များစွာအသုံးဝင်သော အဆင့်မြင့်နည်းပညာများဖြစ်သည့်အတွက် ယာဉ်မောင်းအပါအဝင် ခရီးသည် များ အထူးနှစ်သက်မည်လည်းဖြစ်ပါသည်။ ထို့ပြင် 2017 Sorento ထက် ပို၍ကျယ်ဝန်းသည့် မြင်ကွင်းကျယ်အမိုးဖွင့်စနစ်လည်းပါရှိမည်ဖြစ်၍ သာယာလှပသည့် နေ့များတွင် နေ၏သာယာမှုကို အပြည့်အဝ ခံစားနိုင်မည်လည်း ဖြစ်သည်။ ထို့ပြင် ဒုတိယထိုင်ခုံတန်းနှင့် တတိယထိုင်ခုံတန်းများကို ခေါက် သိမ်းနိုင်ပြီး ပစ္စည်းထားရန်နေရာကို လိုအပ်ချက်အပေါ်မူတည်၍ ကျယ်ဝန်း စွာ ဖန်တီးနိုင်မည်လည်း ဖြစ်သည်။

 

အင်ဂျင်နှင့် ဂီယာစနစ်

2018 KIA Sorento GT Line တွင် 2.2 L I4 Deisel Engine CRDI Type အင်ဂျင်စနစ်နှင့် New 8 Speed Automatic Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။ ယခင် Sorento Model များတွင် 6 Speed Auto Gear ကိုသာ အသုံးပြုထားပါသည်။ 2018 KIA Sorento GT Line သည် AWD System သုံးကား ဖြစ်ပြီး 8 Speed Auto Gear ကို ဂီယာတံအပြင် Steering ရှိ Paddle Shift ဖြင့်ပါ ထိန်းချုပ်အသုံးပြုနိုင်မည် ဖြစ်သည်။

 

လုံခြုံရေးစနစ်

2018 KIA Sorento GT Line တွင် အဆင့်မြင့်လုံခြုံရေးစနစ်မျိုးစုံ ပါရှိပါမည်။ KIA ၏ နာမည်ကျော် လုံခြုံရေးပေါင်းစပ်မှုစနစ်ဖြစ်သည့် Vehicle Stability Managment(VSM) ခေါ် ယာဉ်တည်ငြိမ်ထိန်းချုပ် ခြင်းစနစ် ပါဝင်မည်ဖြစ်ပြီး အဆိုပါ VSM တွင် ABS ၊ Motor Driving Power Steering(MDPS) ၊ Advanced Traction CorneringControl (ATCC) (ယင်းစနစ်သည် ကားဘယ်ညာကွေ့ရာတွင်ဘီးများ Tracting ကို တည်ငြိမ်စွာဖြင့် ကွေ့လိုရာသို့ရောက်စေရန် ထိန်းချုပ်ပေးသည့်စနစ်)၊ Blind Sport Detection စသည့် အထူးအဆင့်မြင့်လုံခြုံရေးပါဝင်မှုများ ပေါင်းစပ် ပါဝင်မည်ဖြစ်ပါသည်။ ထို့ပြင် 4 Wheel Disc Brake ၊ ၆ ဗငမဘေါ် စသည့် ပါဝင်မှုများသည် Sorento GT Line ကို လုံခြုံစိတ်ချရ မှုနှင့် ဘေးကင်းမှုတို့ကို အပြည့်အဝ ဖော်ဆောင်ပေးမည်ဖြစ်သည်။ ယခု 2018 KIA Sorento GT Line သည် ကမ္ဘာကျော် IIHS အဖွဲ့ကြီးမှ သတ်မှတ်သည့် Top Safety Pick+ အဆင့်တွင် ကြယ်ငါးပွင့်ရရှိထားသည့် လုံခြုံမှု ထိပ်တန်းအဆင့်ရှိသည့် ကားပင်ဖြစ်သည်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

2018 KIA Sorento GT Line ကို KIA Myanmar မှ အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော ဝန်ဆောင်မှုဖြစ်သည့် ခုနစ်နှစ်/ကီလိုတစ်သိန်းခွဲ အာမခံနှင့် ရောင်းချပေးမည်ဖြစ်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသည့် ကားချစ်သူများအတွက် ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here