မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်

1057

အခုတစ်ပတ်မှာတော့ ဒီဇင်ဘာ ၁ ရက်က မြန်မာနိုင်ငံမှာ အသစ် မိတ်ဆက်ပြသခဲ့တဲ့ နာမည်ကျော် Land Rover ကားကုမ္ပဏီထုတ် ဇိမ်ခံ  SUV ကားအမျိုးအစား Range Rover Velar နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ Land Rover ဟာ  Range Rover ကားမိုဒယ်ကို ၁၉၇ဝ ပြည့်နှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ရာစုနှစ် တစ်ဝက်နီးပါးအကြာမှာ အသစ် အသစ်သော တီထွင်ဖန်တီးမှုတွေနဲ့ လေးဆက်မြောက် မိသားစုဝင် ကားမိုဒယ်  Range Rover Velar ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

Range Rover Velar က အလယ်အလတ်စား Mid-size Luxury SUV ကားတစ်စီးဖြစ်ပြီး Range Rover Evoque နဲ့ Range Rover Sport ကြားက ထုတ်လုပ်ထားတဲ့ ကားမိုဒယ်တစ်ခုဖြစ်တာကြောင့် သူ့ရဲ့အသွင် အပြင်က Luxury နဲ့ Sport ကို ပေါင်းစပ်ထားတဲ့ ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။ Velar ဟာ Range Rover ကားတွေထဲမှာ Aerodynamic အဖြစ်ဆုံး ကားဖြစ်ပြီး နောက်ဆုံးပေါ် Streamlined ဒီဇိုင်းနဲ့ လေစီးဆင်းမှုကောင်းအောင် ဖန်တီးထားပါတယ်။ ဒီကားမှာ တစ်ခုထူးခြားတာက ကိုယ်ထည်နဲ့တစ်သား တည်းဖြစ်နေတဲ့ Flush Deployable Door Handles တံခါးလက်ကိုင်တွေဖြစ်ပြီး Remote နဲ့ထိန်းချုပ်မှ လက်ကိုင်တွေက အပြင်ကို ထွက်လာမှာဖြစ်ပါတယ်။ မျက်နှာစာမှာဆိုရင် ထင်ရှားလှပတဲ့ Super-slim Matrix Laser-LED မီ တွေက မီတာ ၅၅ဝ အထိ အလင်းပေးနိုင်ပါတယ်။ ကိုယ်ထည်ကို ပေါ့ပါးပြီးအကြမ်းခံတဲ့ အလူမီနီယမ်တွေ အသုံးပြုထားတဲ့အတွက် ကားရဲ့အလေးချိန်ကို လျှော့ချပေးပြီး Performance ကောင်းကောင်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

ကျယ်ဝန်းတဲ့အတွင်းခန်းမှာ Premium Quality ပစ္စည်းတွေကိုပဲ အသုံးပြုထားတာကြောင့် အကောင်းဆုံးဇိမ်ကျမှုကို ခံစားရရှိစေမှာဖြစ်ပါတယ်။ အတွင်းခန်း အရောင်တွေကို Colour Combination အနေနဲ့ ကိုးမျိုးအထိ ရွေးချယ်ရရှိနိုင်ပါတယ်။ ကားအတွင်းခန်းမှာ ခလုတ်တွေအများကြီး မပါဝင်ဘဲ ကားတစ်စီးလုံးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေကို ၁ဝ လက်မအရွယ် Touch Pro Duo Infotainment စနစ်နဲ့ အလွယ်တကူ ထိန်းချုပ်လုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Range Rover Velar မှာ Smart-key ကို နာရီလို ဝတ် ဆင်အသုံးပြုနိုင်ပြီး Apple Watch နဲ့ လည်း ချိတ်ဆက်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Ambient Lighting စနစ်တွေလည်း ပါဝင်ပြီး ညဘက်မှာ ကိုယ်နှစ်သက်တဲ့ Lighting ကို ထားရှိနိုင်ပါတယ်။ ကားနောက်ခန်း Luggage Space က ၆၇၃ လီတာအထိ ဝင်ဆံ့တာကြောင့် ဝန်ပိုတွေ များများသယ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Velar မှာ 180PS 2.0 LIngenium ဒီဇယ် အင်ဂျင်နဲ့ 380PS 3.0L V6 Supercharged ဓာတ်ဆီအင်ဂျင် နှစ်မျိုးကို ရရှိနိုင်ပါ တယ်။ နောက်ဆုံးပေါ် မိုဒယ်မြင့် Luxury ကားဖြစ်တဲ့အတွက် အတွင်းခန်းနဲ့ Performance ပိုင်းကို ဝယ်ယူသူစိတ်ကြိုက် ရွေးချယ်ရရှိနိုင်ပါတယ်။ အင်ဂျင်မှာ Optional အနေနဲ့ ထပ်မံမှာယူရရှိနိုင်တာက 300PS 3.0L V6 ဒီဇယ်အင်ဂျင်နဲ့ 250PS 2.0L Ingenium ဓာတ်ဆီအင်ဂျင်တို့ ဖြစ်ပါတယ်။ Transmission ပိုင်းကိုတော့ 8-speed Automatic Transmission အသုံးပြုထားပါတယ်။

 

လုံခြုံရေးစနစ်

လုံခြုံရေးအပိုင်းမှာ Standard အနေနဲ့ ABS ၊ Adaptive Dynamics ၊ Hill Descent Control ၊ Hill Launch Assist ၊ Gradient Release Control ၊ Electronic Traction Control ၊ Dynamic Stability Control ၊ Cornering Brake Control ၊ Autonomous Emergency Braking ၊ Roll Stability Control စတဲ့ နောက်ဆုံးပေါ်လုံခြုံရေးစနစ်တွေများစွာ ဖြည့်ဆည်းပေးထားပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

၂ဝ၁၈ မိုဒယ် Range Rover Velar ရဲ့ Standard စျေးနှုန်းက အမေရိကန်ဒေါ်လာ ၂၂၃,ဝဝဝ ဝန်း ကျင်ကစမှာဖြစ်ပြီး မိမိလိုချင်တဲ့ Opional ပစ္စည်းတွေအပေါ် မူတည်လို့ အမေရိကန် ဒေါ်လာ ၂၈ဝ,ဝဝဝ ဝန်းကျင်အထိ စျေးနှုန်း သတ်မှတ်ထားပါတယ်။ ဝန်ဆောင် မှုတွေအနေနဲ့ ငါးနှစ် Land Rover Care Service Plan နဲ့ ရောင်းချပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here