မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန်

1083

အခုတစ်ပတ်မှာတော့ ကမ္ဘာကျော် ဇိမ်ခံကားတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ဆွီဒင်နိုင်ငံအခြေစိုက် Volvo ကားကုမ္ပဏီရဲ့ နောက်ဆုံးပေါ်မျိုးဆက်သစ် ၂ဝ၁၈ မိုဒယ် The All New XC60 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို အခုလ ဒုတိယပတ်က မြန်မာနိုင်ငံစျေးကွက်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Premium SUV အနေနဲ့ ပွဲထွက်လာတဲ့ ကားတစ်စီး ဖြစ်ပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

၂ဝ၁၈ မိုဒယ် XC60 ကားဟာ The All New ဖြစ်သွားတဲ့အတွက် ကိုယ်ထည်ဒီဇိုင်းနဲ့ အတွင်းခန်းဖွဲ့စည်းပုံတွေအားလုံး ပြောင်းလဲသွားပါတယ်။ Volvo ရဲ့ လိုဂိုကအစ ပြောင်းလဲထားပြီး လိုဂိုရဲ့အောက်မှာ Front Camera လေးကိုပါ တပ်ဆင်ထားပါတယ်။ ရှဲလ်(Grille) ဒီဇိုင်းကလည်း Verticle ပုံစံနဲ့ ပိုလှပသွားပြီး ရှေ့မီးခွက်တွေကလည်း The Avengers ရုပ်ရှင်ထဲက ဇာတ်ကောင်သူရဲကောင်း Hero Thor ရဲ့ တူပုံသဏ္ဌာန် Thor’s Hummer Headlight’s  ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ ကိုယ်ထည်ကို ဖောင်းကြွလိုင်းလေးတွေနဲ့ အနုစိတ်ပုံဖော်ထားပြီး ဘေးတစ်ဖက်တစ်ချက်မှာ ခရိုမီယမ်တန်းလေးတွေ ထည့်သွင်းတပ်ဆင်ထားပါတယ်။ ကားအနောက်ပိုင်းက Taillight မီးတွေကလည်း နောက်က ယာဉ်တွေအတွက် မြင်နိုင်စွမ်း ပိုကောင်းအောင်ပြုလုပ်ထားပြီး Tailgate ကလည်း Gesture စနစ်နဲ့ အလွယ်တကူ ဖွင့်လို့ရအောင် ဖန်တီးပေးထားပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းမှာလိုက်ပါစီးနင်းမယ့်သူတွေ အထူးတလည်သက်သောင့် သက်သာရှိစေဖို့ ဖန်တီးထုတ်လုပ်ထားပါတယ်။ ထိုင်ခုံမှာ အပူ၊ အအေးပေးစနစ်တွေပါဝင်လာပြီး အသစ်ထည့်သွင်းပေးထားတဲ့ CleanZone ဇုန်လေးခု အပူအအေးထိန်းချုပ်စနစ်(Four-Zone Climate Control) က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတဲ့ ဖုန်မှုန့်၊ ညစ်ညမ်းဒြပ်ဝတ္ထုတွေကို လေထုအတွင်းကဖယ်ရှားပေးနိုင်ပြီး ဥရောပမြောက်ပိုင်းက Scandinavia ဒေသရှိ သန့်ရှင်းတဲ့လေကို ရှူရှိုက်ရသလို ခံစားရစေမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးအတွက် ကိုးလက်မအရွယ် Touch Screen Centre Display ကနေ Apple Car Play ၊ Android Auto စနစ်တွေနဲ့ ချိတ်ဆက် အသုံးပြုလို့ရပြီး High Performance Audio စနစ်လည်း ပါဝင်ပါတယ်။

 

အင်ဂျင်အမျိုးအစား

မြန်မာနိုင်ငံစျေးကွက်မှာ ရောင်းချသွားမယ့် XC60 Premium SUV မှာ Volvo ရဲ့ ဆုတံဆိပ်ရ အဆင့်မြင့် 2.0 Litre T6 ဓာတ်ဆီအင်ဂျင်ကို တပ်ဆင်ပေးထားပြီး မြင်းကောင်ရေ ၃၂ဝ အား ထုတ်လုပ်ပေးနိုင်ပါတယ်။

 

လုံခြုံရေးစနစ်

Volvo က ထုတ်လုပ်တဲ့ကားတွေဟာ ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရမှု အရှိဆုံးကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့မှာ Auto Brake လုပ်ဆောင်မှုထည့်သွင်းထားတဲ့ City Safety စနစ်ပါရှိပါ တယ်။ လုံခြုံစိတ်ချရမှုနည်းပညာသစ် Oncoming Lane Mitigation စနစ်က Steer Assist လုပ်ဆောင်မှုကိုအသုံးပြုပြီး ခေါင်းချင်းဆိုင် တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သလို Blindspot Monitoring System ကလည်း လမ်းကြောင်းပြောင်းလဲစဉ် မြင်ကွင်းကွယ်ခြင်းကြောင့်ဖြစ်ပွားတဲ့ မတော်တဆမှုတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

၂ဝ၁၈ မိုဒယ် The All New XC60 ကို အမေရိကန်ဒေါ်လာ ၁၁၅,ဝဝဝ ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး မိမိအသုံးပြုလိုတဲ့ Optional ပစ္စည်းတွေအပေါ် မူတည်လို့ စျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံးနှစ်၊ Unlimited ကီလိုမီတာနဲ့ ရောင်းချ ပေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here