မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် 2018 MITSUBISHI ASX

1137

အခုတစ်ပတ်မှာတော့ Mitsubishi ထုတ် ၂၀၁၈ မိုဒယ် The New ASX နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန်ကားဈေးကွက် မှာ  RVR လို့ခေါ်တဲ့ Compact SUV ကားအမျိုးအစား ASX ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာအနှံ့ အစီးရေ ၁၁ သိန်း ကျော် ထုတ်လုပ်ရောင်းချခဲ့ရသလို ဈေးကွက်မှာလည်း လူကြိုက်များတဲ့ ကားတစ်စီးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

အပြင်ပိုင်း အပြင်အဆင်

နောက်ဆုံးမျိုးဆက်၂၀၁၈ မိုဒယ် New ASX ကိုMitsubishi ရဲ့ နာမည်ကျော် Dynamic Shield Concept ဒီဇိုင်းနဲ့ အဆင့်မြှင့်တင် ထုတ်လုပ်ထား ပါတယ်။ Dynamic Shield ရဲ့သဘောတရားက ကားရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံတင်မက ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေကိုပါ ဘေးကင်းလုံခြုံအောင် အကောင်းဆုံးအထောက်အပံ့ဖြစ်စေပါတယ်။ ရှေ့မီးကြီးအနေနဲ့ Super Wide Range HID Headlamp တွေ အသုံးပြုထားတာ ကြောင့် ညဘက်တွေမှာ မြင်နိုင်စွမ်း ပိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါ့ပြင် Daytime Running Lamp တွေကို Fog Lamp  နဲ့အတူ တပ်ဆင်ပေးထားပြီး ကားနောက်ပိုင်းမှာဆိုရင်လည်း Shark Fin Antenna တပ်ဆင်ထားပါတယ်။ ကိုယ်ထည်အရောင်တွေအနေနဲ့ White Pearl ၊ Black Mica ၊ Sterling Silver ၊ Lightning Bule ၊ Red Metallic နဲ့ Titanium Gray ဆိုပြီး အရောင် ခြောက်ရောင် ရွေးချယ်ရရှိနိုင်ပါတယ်။

အတွင်းပိုင်း အပြင်အဆင်

အတွင်းခန်းထိုင်ခုံတွေကို Premium Quality Synthetic Leather Seat  တွေ အသုံးပြုထားပြီး လူငါးယောက် သက်သောင့်သက်သာ စီးနင်းနိုင်အောင် စီမံပေးထားပါတယ်။ ဖျော်ဖြေရေးအတွက် ခုနစ်လက်မအရွယ် Wide -2 Din Touch Panel Display Audio ပါဝင်ပြီး Bluetooth Hands-Free စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

အင်ဂျင်အမျိုးအစား

နှစ်ဘီးယက်မောင်းနှင်မှုစနစ်သုံး New ASX မှာ 2.0L MIVEC  ဓာတ်ဆီအင်ဂျင်အသုံးပြုထားပြီးMax Speed အနေနဲ့ တစ်နာရီကို ၁၉၃ ကီလိုမီတာ နှုန်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Push – Start Engine စနစ်ဖြစ်တာကြောင့် အလွယ်တကူ စက်နှိုးအသုံးပြုနိုင်မှာ ဖြစ်ပြီး Paddle Shift ပါဝင်လို့ Sport ဆန်ဆန် မောင်းနှင်နိုင်သလို Cruise Control  စနစ် ကြောင့် Highway လမ်းတွေမှာလည်း သက်သောင့်သက်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဂီယာကိုတော့ CVT6-Step Sport Mode Transmission တပ်ဆင်အသုံးပြုထားပါတယ်။

လုံခြုံရေးစနစ်

အသက်ကယ်လေအိတ်ခုနစ်လုံး၊ Forward Collision Mitigation System ၊ Lane Departure Warning Automatic High-Beam ၊ Stability Control ၊ Traction control ၊ Hill Start Assist ၊ Traction Control အစရှိတဲ့ အဆင့်မြင့်လုံခြုံရေး စနစ်တွေကြောင့် စီးနင်းသူတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

၂၀၁၈ မိုဒယ် Mitsubishi The New ASX  ကို  အမေရိကန် ဒေါ်လာ ၄၆,၉၀ဝ နဲ့ ရောင်း ချသွားမှာဖြစ်ပြီး Mitsubishi Motors Myanmar Showroom မှာ ဝယ်ယူနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံး နှစ်၊ ဒါမှမဟုတ် ကီလိုတစ် သိန်းအာမခံနဲ့ ရောင်းချပေး လျက်ရှိပြီး ရိုးမဘဏ်နဲ့ ချိတ် ဆက်ပြီးလည်း အရစ်ကျ ငွေ ပေးချေမှုစနစ်နဲ့ ဝယ်ယူရရှိနိုင်ပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here