မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွှန် GAC GS5 Super

1026

GAC ဆိုတဲ့ ကား Brand ဟာ မြန်မာနိုင်ငံက ကားချစ်သူတွေအနေနဲ့ အသစ်အဆန်းတစ်ခုလို ဖြစ်နေမှာပါ။ ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာတော့ GAC ကားတွေကို တဖြည်းဖြည်းနဲ့ မြင်တွေ့လာရပါပြီ။ GAC Motor ဟာ တရုတ်နိုင်ငံရဲ့ Premium Brand တစ်ခုဖြစ်ပြီး  GAC Group ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး  Toyota ၊ Honda ၊ Mitsubishi ကုမ္ပဏီတို့နဲ့ တရုတ်နိုင်ငံစျေးကွက်အတွက် ကားတွေ ပူးပေါင်းထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း GAC Motor ဟာ ပိုတိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံနဲ့ နိုင်ငံတကာစျေးကွက်အတွက် ကားတွေကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ GAC ကားတွေကို အရှေ့ အလယ်ပိုင်းနဲ့ တောင်အမေရိကဒေသတို့မှာ ရောင်းချလျက်ရှိပြီး ၂ဝ၁၈ ခုနှစ်အတွင်း မြောက်အမေရိကစျေးကွက်မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ GAC Motor Brand ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလက စတင်မိတ်ဆက်ခဲ့ပြီး GS4 ၊ GS5 Super ၊ ဆီဒန်ကားအမျိုးအစား GA6 အပါအဝင် Flatship SUV GS8 ကားမိုဒယ်တွေကို ရောင်းချလျက်ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ GAC Motor ရဲ့ Mid-side Crossover ကားအမျိုးအစား GS5 Super ကားမိုဒယ်ပဲ ဖြစ်ပါတယ်။  ဒီကားဟာ ဆီဒန်နဲ့ SUV မတူညီတဲ့ ကားအမျိုးအစားနှစ်ခုကြားက ပေါင်းစပ်ထားတဲ့ ကားမိုဒယ်တစ်ခု ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့လမ်းတွေမှာ SUV ကားတစ်စီးလို မောင်းနှင်နိုင်ပြီး Passenger ကားတစ်စီးလိုလည်း စီးနင်းနိုင်ပါတယ်။

 

GS5 Super ရဲ့ ဒီဇိုင်းကို ကြည့်မယ်ဆိုရင် Aerodynamic အသွင် အပြင်နဲ့အတူ ခံ့ညားပြီး Sport ဆန်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ GS5 Super ရဲ့ ဘောနတ်တွေအောက်မှာ အထိုင်ချထားတဲ့ 1.8 L ၊ Turbocharged အင်ဂျင်ဟာ မြင်းကောင်ရေ ၁၈ဝ အား ထုတ်လုပ်ပေးနိုင် ပြီး သာမန် 2.4 L အင်ဂျင်တွေနဲ့ တူညီတဲ့စွမ်းအားကို ပေးစွမ်းနိုင်ပါ တယ်။ 2.4 L တွေနဲ့ယှဉ်ရင် အင်ဂျင်သေးငယ်တာကြောင့် ဆီစားနှုန်းသက်သာပြီး ဆီ ၇ ဒသမ ၅ လီတာကို ကီလိုမီတာတစ်ရာနှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ Crossover ကား ဖြစ်တဲ့အတွက် ၁၇ လက်မ ဘီးတွေ တပ်ဆင်ထားပြီး Intelligent 4-wheel Drive နဲ့ 2-wheel Drive တွေကို ခလုတ်နှိပ်ပြီး ပြောင်းလဲမောင်းနှင်နိုင်ပါတယ်။

 

အတွင်းခန်းမှာ Premium အဆင့်ရှိ Soft Dashboard Material တွေ အသုံးပြုထားတာကြောင့် တန်ဖိုးကြီးဇိမ်ခံကားတွေရဲ့ အတွင်းခန်းမျိုးကို အမှတ်ရသွားစေမှာ ဖြစ်ပါတယ်။ Hard Plastic တွေ အသုံးပြု ထားခြင်း မရှိဘဲ ထိုင်ခုံတွေကိုလည်း လှပတဲ့ ချုပ်ရိုးကြောင်းတွေနဲ့ ချုပ် လုပ်ထားပြီး သြစတြေးလျ နွားသားရေတွေကို အသုံးပြုထားပါတယ်။ ကားရဲ့ ဒက်ရှ်ဘုတ်ကို Ergonomically ဒီဇိုင်းနဲ့ ပြုလုပ်ထားတာကြောင့် ယာဉ်မောင်းသူကို မြင်ကွင်းပိုရှင်းလင်းစေမှာ ဖြစ်ပါတယ်။ လုံခြုံရေးစနစ် အတွက် GS5 Super မှာ အသက်ကယ်လေအိတ် ရှစ်လုံးပါဝင်ပြီး အရည်အသွေးပြည့် 4WD မောင်းနှင်မှုပုံစံနဲ့ တည်ဆောက်ထားပါတယ်။ ဒီကားမှာ Standard Option အနေနဲ့ Bosch ရဲ့ နောက်ဆုံးမျိုးဆက် Electronic Stability Program Hill Decent Control Hill Hold Control Electronic Parking Brake Push-start Ignition Electronic Cruise Control နဲ့ ၃၆ဝ ဒီဂရီ Parking Camera တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Luxury အနေနဲ့ ထပ်မံပေါင်းထည့်ချင်ရင်တော့ Motorized Sunroof ကို တပ်ဆင်နိုင်ပါတယ်။

 

မြန်မာနိုင်ငံမှာ Premium Grade ဖြစ်တဲ့ GS5 Super ကားကို Full Options ကားအနေနဲ့ ရရှိနိုင်ပါတယ်။  KIA Sportage ၊ Mazda CX5 တို့နဲ့ နှိုင်းယှဉ်ရင် ပိုကြီးမားပြီး အတွင်းခန်း ပိုကျယ်သလို ပေးလိုက်ရတဲ့ ပိုက်ဆံထက် ပိုကောင်းတဲ့ တန်ဖိုးကို ရရှိစေမှာပါ။ GS5 Super ရဲ့ စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၃,၈၈၈ ဝန်းကျင်ဖြစ်ပြီး အမှတ် (၃၅၁)၊ ပြည်လမ်း(ဟံသာဝတီအဝိုင်း)အနီး၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ GAC Showroom မှာ ဝယ်ယူရရှိနိုင်ပါတယ်။ GS5 Super ကို ငါးနှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်း အာမခံနဲ့ သုံးနှစ်၊ ဒါမှမဟုတ် ကီလိုခြောက်သောင်း အခမဲ့ Maintenance Program တွေနဲ့ ရောင်းချလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here