မြန်မာပြည်ရောက် Brand New ကားဝယ်လမ်းညွန် The New Volvo V40

1320

ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် ကား အမှတ် တံဆိပ် Volvo ၏ မိုဒယ်အသစ် ဖြစ်သော Volvo New V40 T3 Hat-chback သည် ဆွီဒင်လူမျိုး များ၏ အနုသုခုမဟန်ပန်နှင့် ခေတ်မီဒီဇိုင်းတို့ အချိုးညီစွာ ပေါင်းစပ်ထားသော အသွင်အပြင် ရှိသည့် မိုဒယ်ဖြစ်သည်။ ယင်းတွင် လှပသပ်ရပ်ကြံ့ခိုင်သည့် ကိုယ်ထည်၊ နည်းပညာစနစ်များစွာပါရှိမှု၊ ဆီစား နှုန်းသက်သာပြီး Performance အထူး ကောင်းမွန်သည့် အင်ဂျင်နှင့် ဂီယာစနစ်၊ ထိပ်တန်း လုံခြုံရေးပါဝင်မှုများ စသည့် အကောင်းဆုံးဖန်တီးမှု လက်ရာများက Volvo ချစ်သူများအတွက် အထူး ကျေနပ် စေမည်ဖြစ်ပြီး V40 ကိုလည်း ပို၍ Volvo ဆန်စေပါမည်။ ထိုသို့ စိတ်ဝင်စားဖွယ် များစွာ ပါရှိသည့် New V40 ကားမိုဒယ်သစ်ကို ယခု တစ်ပတ် Brand New လမ်းညွန်ကဏတွင် မိတ်ဆက်ရေးသားလိုက်ပါသည်။

အပြင်ပိုင်း အပြင်အဆင်
New Volvo V40 ၏ အပြင်ဘက်ဒီဇိုင်းကို ယုံကြည် စိတ်ချရမှုနှင့် ခံ့ထည်လှပမှုတို့ ထင်ဟပ်စေရန် အချိုးကျ ပေါင်းစပ်ထားပါသည်။ အထူးအားဖြင့် ဆန်းသစ်သည့် အရှေ့ ဘက်ရှဲလ် (Grille) နေရာတွင် Volvo ၏ Logo ဖန်တီးထားပြီး LED DRL Light စနစ်ပါရှိသည့် LED ၊ Mid Level ၊ Type B အမျိုးအစား ရှေ့မီးကြီးများဖြင့် တွဲလျက်တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့ခံ့ညားလှပသည့် Grille တွင် Active Grille Shutter စနစ် ထည့်သွင်းထားမှုသည် New V40 T3 ၏ ထူးခြားချက်ဟု ဆိုရပါမည်။ ယင်းတွင် Volvo ၏ ဟန်ပန်ကို အဓိကထင်ဟပ်စေမည့် ဘေးဘက်ကိုယ်ထည်မှာ အထူးလှပသွယ်လျမှုရှိပြီး ကားအနောက်ဘက်တွင် High Performance Optimised Roof Spoiler တပ်ဆင်ထားကာ နှင်းခွဲမီးများ ပေါင်းစပ်ပါဝင်သော ဖန်တီးမှုဖြစ်သည့် အနောက်ဘက် မီးတန်းနှင့် နောက်ဖုံးဒီဇိုင်းတို့မှာ V40 T3 ၏ ပြည့်စုံသည့် အလှတရားကို အသိအမှတ်ပြုရမည် ဖြစ်သည်။

အတွင်းခန်း အပြင်အဆင်
New Volvo V40 T3 ၏ အတွင်းခန်းဖန်တီးမှုသည် အမြင်ရှင်းလင်းမှု ရှိပြီး သပ်ရပ်သည့်အခင်းအကျင်းများစွာပါရှိသည့်ပုံစံ ဖြစ်ပါသည်။ ပါဝင် သည့် ပစ္စည်းများ၊ ထိန်းချုပ်ခလုတ်များအားလုံးကို အရည်အသွေးမြင့် ပစ္စည်းအမျိုးအစားများ ရွေးချယ်အသုံးပြုထားပြီး သေသပ်မှုကို ဦးစား ပေးထားသည့်အတွက် Volvo ချစ်သူများအပါအဝင် မိတ်သစ် များလည်း နှစ်ခြိုက်ကြမည်ဖြစ်သည်။ ထူးခြား သည့် ဖန်တီးမှုတစ်ရပ်ဖြစ်သော MILLED Aluminium Brushed Decoration ဖန်တီးမှုကို ကားတံခါးများနှင့် Dashboard တို့၌ ခင်းကျင်း ထားမှုသည် စိတ်ဝင်စား ဖွယ်တင်ဆက်မှု တစ်ရပ် ဖြစ်သည်။ အဆိုပါ Feature အပြင် Clean Zone (AQS with prevent at unlo-cking) from 16 – W17 Electronic Climate Control ၊ Cooled Glove- box ၊ Interior Light Package ၊ Aidkit Type 1 ၊ 12V Power Outlet ၊ Keyless Drive ၊ Global Open/Close Doors စသည့် ပါဝင်မှုများ ကိုလည်း New V40 T3 Model တွင် ထည့်သွင်းထားပါသည်။ New V40 T3 သည် ခရီးသည်ငါးဦး လိုက်ပါ စီးနင်းနိုင်သည့် ကားပုံစံဖြစ်ပြီး ထိုင်ခုံများကို အရည်အသွေးမြင့်သားရေများဖြင့် ချုပ်လုပ်ထားသလို Power Driver Seat with Memory Function ၊ လွယ်ကူလျင်မြန်စွာ ခေါက်သိမ်းနိုင်သည့် အနောက်ထိုင်ခုံများ စသည့် Function များလည်း ပါရှိမည်ဖြစ်သည်။
ကားတစ်စီး၏ အဓိကဖြစ်သည့် ယာဉ်မောင်းသူအား ထောက်ပံ့ပေး ခြင်းဆိုင်ရာ Support System များသည် အလွန်အရေးပါသည်ကို နားလည်ထားသော Volvo သည် Volvo V40 T3 ၌ ခေတ်မီ Support System များစွာ ထည့်သွင်းထားပါသည်။ အဓိကပါဝင်သည့် စနစ်များမှာ Driver Information Module 8 inch TPT ၊ အရှေ့တောင်အာရှဒေသသုံး မြေပုံ၊ Owner Manual English ၊ Tachometer တို့ ပါဝင်ကြပါမည်။ ထို့ပြင် စိတ်လက်အပန်း ပြေစေမည့် ဖျော်ဖြေရေးပါဝင်မှုများ အနေဖြင့် Single DVD ၊ 7 inch Screen with IHU MCA Connection ၊ USB/ I POD Function in IAM ၊ Advan-ced Voice Control တို့လည်း ပါရှိ ပါသည်။

အင်ဂျင်နှင့် ဂီယာစနစ်
New Volvo V40 T3 တွင် အင်ဂျင်အနေဖြင့် 1498 CC ၊ 4 Cylinder ၊ T3 ဓာတ်ဆီ အင်ဂျင်အမျိုးအစား နှင့် 6 Speed Automatic Gearbox တို့ တွဲဖက်တပ် ဆင်ထားပါသည်။ ယင်း သည် FWD System သုံး ကားဖြစ်ပြီး ဆီတိုင်ကီ ဝင်ဆံ့နိုင်မှုမှာ ၆၂ လီတာ ဖြစ်ပါသည်။

လုံခြုံရေးစနစ်
စီးနင်းသူတို့၏ လုံခြုံမှုကို အလေးထားသည့် Volvo ၏ Model ၊ Lineup တွင် အပါအဝင်ဖြစ်သော New Volvo V40 T3 ၌ အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များနှင့် ထောက်ပ့ံမှု စနစ်များ စုံလင်စွာထည့်သွင်းထားပါသည်။ အဓိကပါဝင်သည့် လုံခြုံရေးဆိုင်ရာပါဝင်မှုများမှာ ယာဉ်မောင်းဒူးကာလေအိတ်၊ SIPS Airbags ၊ ကလေးငယ်များအတွက် Isofix-Outer Position Rear Seat ၊ အရေးပေါ်ဘရိတ် ထောက်ပံ့မှု စနစ် EBA ၊ Intelligent Driver Information Sy-stem 1 စသည်တို့ဖြစ်ကြပြီး Support System များမှာ Adaptive Cruise Control Stop and Go ၊ City Safety Mode 2 ၊ Lane Keeping Aid ၊ Blind Spot Info System + Cross Traffic Alert ၊ Forward Collision Warning Gen 3 ၊ Rear Parking Camera ၊ Hill Start Assist ၊ Rain Sensor Gen 2 စသည်တို့ ပါဝင်ြကပါသည်။

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ
The New Volvo V40 ကို စျေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၅၃,ဝဝဝ(US $ 53,000) ဝန်းကျင် သတ်မှတ်၍ Volvo Cars Myanmar မှ တင်သွင်းရောင်းချမည် ဖြစ်ပြီး ဝန်ဆောင်မှုမှာ Service ဝန်ဆောင်မှု သုံးနှစ်/ကီလိုမီတာတစ်သိန်းနှင့် Warranty အနေဖြင့် 3 Years/Unlimited Km ကို ရရှိနိုင်မည် ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here