မြန်မာပြည်မှာ တစ်စီးတည်းသာရှိတဲ့ Ducati ရဲ့ Limited Edition ဆိုင်ကယ် Ducati V4 916

470
Page(Test)

Ducati လို့ပြောလိုက်တာနဲ့ ဘီးကြီးဆိုင်ကယ်ချစ်သူတွေကြားမှာ အထူး တလည်ရှင်းပြနေစရာမလိုအောင် ပြောင်မြောက်တဲ့ထူးခြားမှုတွေနဲ့ နာ မည်ဂုဏ်သတင်းရရှိထားပြီးတဲ့ အမှတ်တံဆိပ်ပါ။ ကမ္ဘာကျော် Brand ဖြစ်တဲ့ Ducati က အခု ၂ဝ၂ဝ ပြည့်နှစ်မှာ Limited Edition အနေနဲ့ Ducati V4 916 ဆိုင်ကယ်ကို တစ်ကမ္ဘာလုံးအတွက် အစီးရေငါးရာ ကန့်သတ် ထုတ်လုပ်ထားပါတယ်။ အဲဒီ အစီးရေငါးရာ ကန့်သတ်ထုတ်လုပ်ထား တဲ့အထဲမှာ ၁၇၇ စီးမြောက်ဆိုင်ကယ်ကိုတော့ အာရှတိုက်မှာ ပထမဦး ဆုံးအဖြစ် မြန်မာနိုင်ငံက Ducati ဆိုင်ကယ်ချစ်သူတစ်ဦးက မကြာသေး မီက ဝယ်ယူခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တစ်စီးတည်းသာရှိသည့် Ducati V4 916 ဆိုင်ကယ်အကြောင်းကို ဒီတစ်ပတ် ဆိုင်ကယ်ချစ်သူတွေ အတွက် မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။
Ducati V4 916 ဆိုင်ကယ်မှာ အထူးဖော်စပ်ထားတဲ့ ဆေးအရောင် တွေသုံးထားပြီး အစီးရေကန့်သတ်ထားကြောင်း သိသာထင်ရှားစေတဲ့ ကန့်သတ်နံပါတ်တွေကိုလည်း ဖရိမ်မှာ ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ ဖရိမ်ကိုလည်း WSBK ပြိုင်ပွဲသုံး V4-R ဆိုင်ကယ်ရဲ့ အရှေ့ဖရိမ်ကို အသုံးပြုပေးထားသလို ထိုင်ခုံဆိုလည်း အထူးပြုသားရေသားနဲ့ နှစ်ရောင် စပ်ထုတ်လုပ်ပေးထားပါတယ်။
ဆိုင်ကယ်ဘီးခွေကို မဂ္ဂနီဆီယံသတ္တုနဲ့ အထူးပေါ့ပါးအောင် ပြုလုပ်ထားတဲ့ Marchesini အမှတ်တံဆိပ် ရွေအိုရောင်ခွေတွေ တပ်ဆင်ပေး ထားတာကြောင့် တခြား Ducati ဆိုင်ကယ်တွေထက် ထူးခြားပြောင် မြောက်နေတာကို တွေ့ရမှာပါ။ ပြီးတော့ ကလပ်အုံဆိုလည်း ဆီမပါတဲ့ Dry Clutch ကို တပ်ဆင်ပေးထားပြီး အိပ်ဇောကအစ တိုက်တေနီယံ သတ္တုနဲ့ပြုလုပ်ထားတဲ့ Akrapovic အိပ်ဇောစနစ် အသုံးပြုပေးထားပါ တယ်။
ထူးခြားတာက Evo ထက်နည်းပညာပိုမြင့်တဲ့ Ducati Traction Control EVO 2 စနစ်ပါရှိတာကြောင့် မြေကုပ်အားထိန်းညှိရာမှာ ပိုမို သာလွန်စေမှာဖြစ်ပြီး ဂီယာချိန်းစနစ်တွေကအစ လျင်မြန်စွာလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ လေကာမှန်ဆိုလည်း ပြိုင်ပွဲတွေမှာသုံးတဲ့ ပြိုင်ပွဲဝင် လေကာမှန်ကို တပ်ဆင်ပေးထားသလို ရှေ ့ ရွံ့ကာနဲ့ နောက်ရွံ့ကာဆိုလည်း ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ ရွံ့ကာကို တပ်ဆင်ပေးထားပါတယ်။ အဲဒီလိုပဲ ခြေတင်တုံးအကာဆိုလည်း ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။
ခက်ရင်းခွအကာဆိုရင်လည်း ကာဗွန်ဖိုင်ဘာနဲ့ တိုက်တေနီယံ ပေါင်း စပ်ပြုလုပ်ထားသလို လက်ကိုင်စွပ်တွေကိုလည်း ပြိုင်ပွဲသုံး လက်ကိုင်စွပ် တွေ တပ်ဆင်ပေးထားပါတယ်။ ထူးခြားတာက ခေါက်နိုင်၊ ချိန်ညှိနိုင်တဲ့ ရှေ့ဘရိတ်ကိုင်းနဲ့ ကလပ်ကိုင်းတွေ တပ်ဆင်ပေးထားသလို ရှေ့ဘရိတ် ကိုင်းအကာအကွယ်တွေပါ ပါရှိတာပါ။ ပြီးတော့ Ducati ရဲ့ မူပိုင်နည်း ပညာဖြစ်တဲ့ GPS နဲ့ ချိတ်ဆက်ပြီး ဆိုင်ကယ်ရဲ့ အသေးစိတ် အချက် အလက်တွေ စုဆောင်းပေးတဲ့ နည်းပညာကို အသုံးပြုပေးထားတယ်လို့ မန္တလေးမြို့က Ducati ဆိုင်ကယ်အရောင်းပြခန်းက ဆိုပါတယ်။
Limited Edition ဖြစ်တာကြောင့် အထူးနှစ်ပတ်လည်တံဆိပ်နဲ့ ထုတ်လုပ်ပေးထားတဲ့ ဆိုင်ကယ်ကာဗာ၊ ပြိုင်ပွဲဝင်ဘီးတွေအသုံးပြုကြတဲ့ သတ္တုဆီတိုင်ကီအပိတ်၊ နံပါတ်ပြားအထိုင်ဖြုတ်ထားလိုပါက အစားထိုး တပ်ဆင်ရန်ကာဗာ၊ နောက်ကြည့်မှန်ဖြုတ်ထားပါက အစားထိုးတပ်ဆင် ရန်ကာဗာ၊ ကမ္ဘာ့ချန်ပီယံ Carl Fogaty ကို ဂုဏ်ပြုထားတဲ့ Shell နဲ့ Foggy အမှတ်အသား စတစ်ကာစတာတွေပါ တပ်ဆင်ပေးထားပါတယ်။ အဲဒီလိုပဲ လက်ကိုင်မှာ Limited Edition အစီးရေ အသားတံဆိပ်ပါ ရေးသားပေးထားပါတယ်။
အဲဒီဆိုင်ကယ်က မြန်မာငွေ ကျပ်သိန်းခုနစ်ရာကျော် ပေါက်စျေးရှိ ပြီး မြန်မာနိုင်ငံမှာတော့ တစ်စီးတည်းသာရှိတယ်လို့ မန္တလေးမြို့ Ducati ဆိုင်ကယ်အရောင်းပြခန်းကေန သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here