မြန်မာနိုင်ငံတွင် ပထမဦးဆုံး Ducati ဆိုင်ကယ် Showroom မန္တလေးမြို့တွင် စတင်ဖွင့်လှစ်

1623

မန္တလေး၊ဧပြီ

ကမ္ဘာကျော် အီတလီ Brand ဖြစ် သော Ducati ဆိုင်ကယ်အရောင်းပြခန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် မန္တလေးမြို့၃၅လမ်း (၆၅လမ်းနှင့် ၆၆လမ်းကြား)တွင် မတ်လ ၃ဝ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

”ကမ္ဘာပေါ်မှာ အကောင်းဆုံး အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ် တဲ့  Ducati ရဲ့ နောက်ဆုံးပေါ်မိုဒယ် Brand New ဆိုင်ကယ်တွေကို အခုလို မြန်မာနိုင်ငံမှာ အရောင်းပြခန်းရော Service Center ပါ လာဖွင့်ခွင့်ရတာ အရမ်းဂုဏ်ယူမိတယ်၊အရင်ကလည်း Ducati ဆိုင်ကယ်တွေ မြန်မာနိုင်ငံမှာ စီးနေကြပေမယ့် အခုကျတော့ Brand New ကို စီးရင်းပြင်ဆင်မှု အတွက်ပါ လုံးဝအခက်အခဲမရှိတဲ့အတွက် Ducati ဆိုင်ကယ်စီးသူတွေ အားလုံး စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု Ducati ဆိုင်ကယ်ကို မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်တင်သွင်းခဲ့သော Yoma Strategic မော်တော်ယာဉ် လုပ်ငန်းစု၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Micheal Rudenmark ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်လိုက်သော မန္တလေးမြို့ရှိ Ducati  ဆိုင်ကယ်အရောင်းပြခန်း တွင် Superbike Panigale 959-1299, Hypermotard 939, Monster 797-821-1200, Multistrada 950-1200, Xdiavel S, Supersport စသော ဆိုင်ကယ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်နေရာတည်းတွင် Sales,Service, Spare Parts (3S) ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းနှင့် Ducati ဆိုင်ကယ်များကို 2 Years Warranty ပေးထားပြီး လိုင်စင်နှစ်နှစ်စာမှတ်ပုံတင်ပေးသွားမည်ဖြစ်ကာ Ducati မှ စနစ်တကျသင်ကြား လေ့ကျင့်ပေးထားသော နည်းပညာရှင်များ၊စက်ပြင်ဆရာများ၏ ပြုပြင်ပေးမှုနှင့် စစ်မှန်သည့် အပိုပစ္စည်းများကိုလည်း အမြန်ဆုံးရရှိနိုင်ရန်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အဆိုပါအရောင်းပြခန်းမှ သိရသည်။

”ကျွန်တော်တို့ Ducati Showroom မှာဝယ်တဲ့ဆိုင်ကယ်တွေမှမဟုတ်ပါဘူး၊ အပြင်ကနေ ဟိုးအရင်ကတည်းကကိုယ့်အစီအစဉ်နဲ့ဝယ်ထားကြတဲ့ Ducati ဆိုင် ကယ်တွေအကုန်လုံး ကျွန်တော်တို့ Service Center မှာ လာပြင်လို့ရပါတယ်၊ပြီးတော့ အပိုပစ္စည်းကို အပြင်မှာ ကိုယ့်ဟာကိုယ်မှာလို့ ကြန့်ကြာတာတွေရှိရင် Ducati Showroom မှာလာဝယ်လို့ရပါတယ်၊လာဝယ်တဲ့ပစ္စည်းအဆင် သင့်မရှိရင်တောင် အမြန်ဆုံးရရှိအောင် တင်သွင်းရောင်းချပေးသွားမှာပါ၊ အခုလိုမန္တလေးမှာဖွင့်ဖြစ်တယ်ဆိုတာလည်း Ducati စီးနင်းသူတွေ ဟိုးအရင်ကတည်းကမန္တလေးမှာ များနေပြီးသား၊ သူတို့အတွက် Service နဲ့ အပိုပစ္စည်းပိုင်းမှာ အခက်အခဲရှိတယ်ကြားလို့ စီးနင်းသူတွေအဆင်ပြေအောင် အခုလို ဖွင့်ဖြစ်သွားတာပါ”ဟု Ducati ဆိုင်ကယ်အရောင်းပြခန်းမှ Operation Manager ဖြစ်သူ ကိုရဲထွန်းတင့်က ဆိုသည်။

အဆိုပါ Ducati ဆိုင်ကယ်ကို မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် Yoma Strategic ၏

လက်အောက်ခံကုမ္ပဏီဖြစ်သည့်  SGG Motor Services Ltd မှ တင်သွင်းရောင်းချခြင်းဖြစ်ပြီး Ducati ၏ အထင်ကရနာမည်ကြီး မိုဒယ်များဖြစ်သည့် Monster , Panigale V4 နှင့် Ducati Scrambler အမှတ်တံဆိပ်မှ မိုဒယ်မျိုးစုံကိုလည်း တင်သွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here