မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပမည့် နိုင်ငံတကာ ကုန်တင်ကားမောင်းနှင်သူများနေ့ အခမ်းအနားကို  ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌  ကျင်းပမည်

487

ရန်ကုန်၊ မေ

FUSO မှ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံတကာကုန်တင်ကားမောင်းနှင်သူများနေ့ အခမ်းအနားကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ကုန်တင်ကားမောင်းသူများနေ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ်၊ မေ ၁၉ ရက်တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင် ကုန်တင်ယာဉ်ရပ်နားဝင်းနှင့် ပြည်ကြီးမဂင်္လာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော် ကားကြီးဝင်း) တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်မည့် ကားကြီးယာဉ်မောင်းများကို ကျန်းမာရေးနှင့် မျက်လုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆံပင်ညှပ်ပေးခြင်း၊ ကောင်းစွာအနားယူအပန်းဖြေနိုင်စေရန် အနှိပ်ခံစက်များဖြင့် နှိပ်ပေးခြင်းတို့ကို အခမဲ့ဝန်ဆောင်မှုပေးမည့်အပြင် ပျော်ရွှင်ဖွယ်ကစားနည်းများ၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများနှင့် အမှတ်တရ ဆုလက်ဆောင်များကိုလည်း အခမ်းအနားတက်ရောက်သူများအား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်တင်ကားမောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုများနှင့် ပံ့ပိုးပေးသော မိသားစုဝင်များကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် FUSO နှင့် Cycle & Carriage Myanmar မှ နိုင်ငံတကာ ကုန်တင်ကားမောင်းသူများနေ့အခမ်းအနားအား မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ်က  ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here