မြင်သူတိုင်း သွားရည်ကျစေတဲ့ ဟမ်ဘာဂါကား

135

 

အစားအသောက်ဆိုတာ လူတစ်ယောက်အတွက် မဖြစ်မနေ မှီဝဲသုံးဆောင် ရတဲ့ အစာအာဟာရတစ်ခု ဖြစ်ပါတယ်။ အစားအစာ စားသုံးမှသာ ခန္ဓာ ကိုယ်အတွက် အရေးကြီးတဲ့ စွမ်းအင်တွေရရှိပြီး ကျန်းမာရွင်လန်းစွာ အသက်ဆက်ရှင်သန်နိုင်မှာပါ။ ခန္ဓာကိုယ်အတွက် ရေဓာတ်က အရေးကြီး သလို ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်ဖို့ကလည်း မဖြစ် မနေလိုအပ်လှပါတယ်။ ဒါကြောင့်လည်း အစားအစာ ချက်ပြုတ်ရောင်းချ တဲ့ စားသောက်ဆိုင်တွေက ကမ္ဘာတစ်လွား လက်ညှိုးထိုးမလွဲအောင် နေရာတိုင်းမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

ယခင်ကဆိုရင် အစားအစာရောင်းချတဲ့ ဆိုင်ပိုင်ရှင်တွေဟာ လူ စည်ကားရာ လမ်းတစ်ခုမှာ စားသောက်ဆိုင်ဖွင့်ဖို့ မြေနေရာဝယ်ယူ ဖွင့် လှစ်ရောင်းချတာမျိုးရှိသလို တချို့ကျတော့လည်း ဆိုင်ခန်းဌားပြီး ရောင်း ချကြတာပါ။ ဒါက နေရာအတည်တကျ သတ်သတ်မှတ်မှတ် ရောင်းချတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်မအားလပ်လို့ မိမိဆိုင်ကို မလာနိုင်တဲ့ ဖောက်သည်တွေဆီသွားရောက် ရောင်းချနိုင်ဖို့ မိုဘိုင်းစားသောက်ဆိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ အစား အသောက်တွေကို ကားပေါ်မှာတင် ချက်ပြုတ်ပြီး လူစည်ကားရာနေရာ တွေ၊ လမ်းချိုးတွေထဲအထိ သွားရောက်ရောင်းချတာပါပဲ။

ဒီနေရာမှာ ဆိုင်ပိုင်ရှင်အများစုက အရွယ်အစားအမျိုးမျိုးရှိတဲ့ ကားတွေပေါ် အစားအသောက် တင်ဆောင်ရောင်းချတာမျိုးဖြစ်ပြီး စားသုံးသူတွေ ကိုယ့်အစားအသောက်ကို ဝယ်စားချင်စိတ် ဖြစ်ပေါ်လာအောင် ဆန်းပြားတဲ့ စိတ်ကူးနဲ့ ရောင်းချတဲ့ အရေအတွက်က နည်းပါးလွန်းပါ တယ်။ အမေရိကန်ပြည်ထောင်စု၊ ကန်ဆက်စ်ပြည်နယ်က စားသောက် ဆိုင်တစ်ဆိုင်ကတော့ သူတို့ရဲ့ မိုဘိုင်းစားသောက်ဆိုင်ကို အများက အာရုံစိုက်မိလာအောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။Westport Flea Bar & Grill ဟာ သူတို့ရဲ့ နာမည်ကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဟမ်ဘာ ဂါကို ပိုပြီးလူကြိုက်များအောင်၊ ရောင်းအားတက်လာအောင် Chevrolet ကားဟောင်းတစ်စီးကို ပုံစံပြောင်းပြီး မိုဘိုင်းစျေးရောင်းကားအဖြစ် အ သွင်ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်တွေဟာ Chevrolet S10 ပစ်ကပ်ကားဟောင်းတစ်စီးကိုဝယ်ယူပြီးနောက် အစိတ်အပိုင်းတချို့ကို ဖြတ်တောက်ပြီး ဟမ်ဘာဂါ ပုံစံဖြစ်အောင် အသွင်ပြောင်းလဲခဲ့ပါတယ်။ ကားဘော်ဒီအလယ်ပိုင်းကို အသားပြားကြော်တွေ ညှပ်ထားတဲ့ပုံစံ ဖန်တီးကာ ကားအောက်ပိုင်းနဲ့ အမိုးကိုတော့ ပေါင်မုန့်ညှပ်ထားတဲ့ဒီဇိုင်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့ပြင် ဆလပ် ရွက်၊ ခရမ်းချဉ်သီးပြား၊ ချိစ်ပြားဒီဇိုင်းတွေလည်း ပေါင်းစပ်ထားတာကြောင့် အဲဒီကား လာရောက်ရောင်းချပြီဆိုရင် ကားဘေးနားတစ်ဝိုက် စျေးဝယ်သူ တွေပြည့်နှက်နေသလို စူးစမ်းချင်သူတွေကလည်း မနည်းမနောပါပဲ။

အဆိုပါ ဟမ်ဘာဂါကားကို ၁၉၉၆ ခုနှစ်အတွင်း တည်ဆောက် ပြီးစီးခဲ့တာဖြစ်ပြီး ကန်ဆက်စ်ပြည်နယ်က လမ်းမတွေထက် ရောင်းချရာမှာ ရောင်းအားက ယခင်ကထက် ငါးဆလောက် ပိုတက်လာခဲ့ပါတယ်။

ဟမ်ဘာဂါ မကြိုက်သူတွေတောင် ဒီကားကိုတွေ့ရင် စူးစမ်းလိုတဲ့ စိတ်ကြောင့် ဝယ်ယူအားပေးလေ့ရှိတယ်လို့ ကန်ဆက်စ် ပြည်နယ်၊ ဝီချီတာမြို့သား Bryan Dameron က ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here