မြင်သာ ကညရုံးတွင် အငှားယာဉ်များကို Test Lane စက်များဖြင့် ယာဉ်စစ်ဆေးရာ ခြောက်လအတွင်း အစီးခြောက်ရာကျော် စစ်ဆေးမှုမအောင်မြင်

456

ရန်ကုန်၊ မေ

မြင်သာ ကညရုံးတွင် အငှားယာဉ်များကို Test Lane စက်များဖြင့် ယာဉ်စစ်ဆေးရာ ခြောက်လအတွင်း အစီးခြောက်ရာကျော် စစ်ဆေးမှု မအောင်မြင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အနောက်ပိုင်းခရိုင် မြင်သာ ကညနရုံးတွင် နှစ်လဲသက်တမ်းတိုးပြုလုပ်သော အငှားယာဉ်များကို ယာဉ်စစ်ဆေးကိရိယာများဖြစ်သည့် Slide Slip Tester ၊ Exhaust Emission Tester ၊ Brake Tester ၊ Axle Play Tester ၊ Headlamp Tester ၊ Noise Tester စက်များဖြင့် စစ်ဆေးပေးနေကြောင်း သိရသည်။

”အငှားယာဉ်တွေကို စက်တွေနဲ့ စစ်ဆေးတဲ့အခါမှာ တစ်ရက်ကို ၁ဝ စီး၊ ၁၅ စီးဝန်းကျင် အောင်မြင်မှုမရှိတာ တွေ့ရပါတယ်၊ မအောင်မြင်တဲ့ယာဉ်တွေက အများအားဖြင့် Brake Side Slip အပိုင်းတွေမှာ အကျများသလို ရှေ့မီးစစ်ဆေးတဲ့အခါမှာလည်း မအောင်မြင်တာတွေ့ရပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြင်သာကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အငှားယာဉ်များကို Test Lane စက်များဖြင့် စတင်စစ်ဆေးသည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ မေ ၂၇ ရက်အထိ နှစ်လဲသက်တမ်းတိုး ပြုလုပ်သည့် အငှားယာဉ် ၄,၁၆၂ စီးတွင် ၆၂၂ စီး ယာဉ်စစ်ဆေးမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here