မြင်သာ  ကညနရုံးတွင်  သက်တမ်းတိုးပြုလုပ်သည့် ကားများကို လာမည့်  ဒီဇင်ဘာလမှစ၍  Test Lane  စက်ဖြင့်   စစ်ဆေးမည်

1256

မြင်သာကညနရုံးတွင် သက်တမ်း တိုးပြုလုပ်သည့်ကားများကို ဒီဇင် ဘာလမှစ၍ Test Lane စက်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ပြည်ပမှ တင်သွင်းလာသော ကားများကို ကနဦးယာဉ်စစ်ခြင်းနှင့် ရောက်ရှိပြီးသားကားများကို သက်တမ်းတိုး ယာဉ်စစ်ခြင်းတို့အတွက် Test Lane ဖြင့် စစ်ဆေးခြင်းကို မန္တလေး၊ ထောက်ကြန့်၊ မော်လမြိုင်၊ မကွေး၊ ပဲခူး၊ မုံရွာ၊ ပုသိမ်နှင့် တောင် ကြီးမြို့တို့ရှိ ကညနရုံးတို့တွင်ဆောင် ရွက်လျက်ရှိသည်။ လာမည့်နှစ်တွင် လားရှိုး၊ မိတ္ထီလာတို့ရှိ ကညနရုံး များတွင်လည်း Test Lane ဖြင့် ယာဉ်စစ်ရန် ဆောင်ရွက်နေသလို မြင်သာကညနရုံးတွင်လည်း JICA ၏အစီအစဉ်ဖြင့် လာမည့် ဒီဇင်ဘာလမှစ၍ သက်တမ်းတိုးယာဉ်များ အား Test Lane ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

 

Test Lane ဖြင့် ယာဉ်စစ် ဆေးရာတွင် Side Slip Tester ၊ Brake Tester ၊ Suspension Tester ၊ Headlamp Tester ၊ Sound Level Tester ၊ Axle Play & Pit Inspection ၊ Exhaust Emission Tester များပါဝင် သော Mobile Test Lane များဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။                     ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here