မြင်သာကညန၌ Test Lane ဖြင့် ယာဉ်စစ်ဆေးရာတွင် တက္ကစီများ အဓိကထားစစ်ဆေးမည်

1125

ဒီဇင်ဘာ ၁ ရက်မှစ၍ မြင်သာကညန၌ Test Lane ဖြင့် ယာဉ်စစ်ဆေးရာတွင် တက္ကစီများကို အဓိက ထားစစ်ဆေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာ) မှ သိရသည်။

 

Test Lane ဖြင့် ယာဉ်စစ်ဆေးမည့် စက်ကိရိယာများတွင် Side Slip Tester ၊ Exhaust Emission Tester ၊ Axle Play Tester ၊ Headlamp Tester ၊ Noise Tester တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

” Test Lane နဲ့ ယာဉ်စစ်ဆေးရာမှာ စက်ကတစ်လုံးပဲ ရှိတဲ့အတွက် တစ်ရက်ကို ကားအများကြီး မစစ်ဆေးပေးနိုင်ပါဘူး၊ အနည်းဆုံး တစ်ရက်ကို အစီးလေးဆယ် လောက်ပြီးမှာပါ၊ လမ်းအသုံးပြုမှုများတဲ့ တက္ကစီတွေကို ဦးစားပေး စစ်ဆေးသွားမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိ ယာဉ်၏ မီးစနစ်၊ ဘရိတ်စနစ်၊ စတီယာရင်စနစ်၊ မီးခိုးထွက်ရှိမှု၊ အသံဆူညံမှု(ဟွန်း)၊ တာယာနှင့် ဘီးများအား ပြုပြင်ပြင်ဆင်ပြီးမှသာ ယာဉ်စစ်ဆေးမှု ခံယူကြရန် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ကြေညာထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here