မြင်သာကညနရုံးတွင် အဌားယာဉ်များကို Test Lane စက်များဖြင့် ယာဉ်စစ်ဆေးရာ လေးလအတွင်း အစီး နှစ်ရာကျော် စစ်ဆေးမှုအောင် မြင်ခြင်းမရှိ

983

ရန်ကုန်၊ မတ်
မြင်သာကညနရုံးတွင် အငှားယာဉ် များကို Test Lane စက်များဖြင့် ယာဉ်စစ်ဆေးရာ လေးလအတွင်း အစီး နှစ်ရာကျော် စစ်ဆေးမှုအောင် မြင်းခြင်းမရှိကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အနောက်ပိုင်းခရိုင် ကညနရုံးတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ နှစ်လဲသက်တမ်းတိုး ပြုလုပ်သည့် အဌားယာဉ်များကို ယာဉ်စစ် စက်ကိရိယာများဖြစ်သည့် Side Slip Tester ၊ Exhaust Emission Tester ၊ Brake Tester ၊ Axle Play Tester ၊ Headlamp Tester ၊ Noise Tester စက်များဖြင့် စစ်ဆေး ပေးနေကြောင်း သိရသည်။

”အငှားယာဉ်တွေကို Test Lane စက်တွေနဲ့ စစ်ဆေးတဲ့ အခါမှာ တစ်ရက်ကို သုံးစီး၊ လေးစီးလောက်တော့ ယာဉ်စစ်ဆေးမှု မအောင်မြင်ပါဘူး၊ မအောင်မြင်တဲ့ ယာဉ်တွေက Brake ၊ Side Slip ပိုင်းမှာ အကျများသလို ရှေ့မီးစစ်ဆေးတဲ့ အခါမှာလည်း မအောင်မြင်တာ တွေရှိပါတယ်”ဟု ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မြင်သာကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဌားယာဉ်များကို Test Lane စက်ဖြင့် စတင်စစ်ဆေးသည့် ဒီဇင်ဘာလမှ မတ် ၁၄ ရက်အထိ နှစ်လဲ သက်တမ်းတိုး ပြုလုပ်သည့် အငှားယာဉ် ၂,၈၁၇ စီးတွင် အစီး ၂၃ဝ ယာဉ်စစ်ဆေးမှု အောင်မြင်ခြင်း မရှိကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here