မြင်သာကညနရုံးတွင် အငှားယာဉ်များကို Test Lane  စက်များဖြင့် ယာဉ်စစ်ဆေးရာ ငါးလအတွင်း  အစီးငါးရာကျော် စစ်ဆေးမှုမအောင်မြင်

662

ရန်ကုန်၊ မေ

မြင်သာကညနရုံးတွင် အငှားယာဉ်များကို Test Lane စက်များဖြင့် ယာဉ်စစ်ဆေးရာ ငါးလအတွင်း အစီးငါးရာကျော် စစ်ဆေးမှုမအောင်မြင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အနောက်ပိုင်းခရိုင် မြင်သာ ကညနရုံးတွင် နှစ်လဲသက်တမ်းတိုးပြုလုပ်သည့် အငှားယာဉ်များကို ယာဉ်စစ်ဆေးကိရိယာများဖြစ် သည့် Side Slip Tester ၊ Exhaust Emission Tester ၊ Brake Tester ၊ Axle Play Tester ၊ Headlamp Tester ၊ Noise Tester စက်များဖြင့် စစ်ဆေးပေးနေ ကြောင်း သိရသည်။

”အငှားယာဉ်တွေကို Test Lane စက်တွေနဲ့ စစ်ဆေးတဲ့အခါ မှာ တစ်ရက်ကို ၁ဝ စီး၊ ၁၅ စီး ဝန်းကျင်လောက် မအောင်မြင်တာ တွေ့ရပါတယ်၊ မအောင်မြင်တဲ့ယာဉ်တွေက အများအားဖြင့် Brake ၊ Slide Slip အပိုင်းတွေမှာ အကျများသလို ရှေ့မီးစစ်ဆေးတဲ့အခါမှာလည်း မအောင်မြင်တာတွေ့ ရပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြင်သာ ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အငှားယာဉ်များကို Test Lane စက်များဖြင့် စတင်စစ်ဆေးသည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ မေ ၁၄ ရက်အထိ နှစ်လဲသက်တမ်းတိုးပြုလုပ်သည့်အငှားယာဉ် ၃,၇၆၁ စီးတွင် ၅၂၈ စီး ယာဉ်စစ်ဆေးမှုအောင်မြင်ခြင်းမရှိကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here