မျိုးကွဲကိုဗစ်အန္တရာယ် သတိပြုဖွယ်

88

 

ကမ္ဘာပေါ်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားခဲ့မှုသမိုင်းကို ပြန် ပြောင်းကြည့်လျှင် ၂၀ဝ၂ ခုနှစ်က SARS-Cov ဟု ခေါ်ဆိုသော Severe Acute Respiratory Syndrome Coronavirus ရောဂါဖြစ်ပွားခဲ့ရာ လူ ရှစ်ထောင်ကူးစက်ခံရပြီး အသက်ဆုံးရှုံးမှု ၁၀ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် MERS-Cov ဟုခေါ်ဆိုသော Middle East Respiratory Syndrome Coronavirus ရောဂါဖြစ်ပွားခဲ့ရာ လူ ၂,၃၀ဝ ကူးစက်ခံရပြီး အသက်ဆုံးရှုံးရမှု ၃၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
ထိုမှတစ်ဖန် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် COVID-19 ဟု ခေါ်ဆို သော Corona Virus Disease 2019 ရောဂါဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ကုဋေနှင့်ချီသော လူသားများကူးစက်ခံခဲ့ကြရပြီး သန်းနှင့်ချီသော လူ သားများ အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်သည်။ အသက်ဆုံးရှုံးရမှုမှာ ဖြစ် ပွားရာဒေသများအပေါ် မူတည်ပြီး သုည ဒသမ ၈ ရာခိုင်နှုန်းမှ ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိပင် ရှိခဲ့သည်။
COVID-19 ရောဂါပိုးများတွင် L-Strain ၊ V-Strain ၊ G-Strain ၊ GR-Strain ၊ GH-Strain ၊ S-Strain စသည်ဖြင့် မျိုး ဗီဇကွဲများစွာ ရှိကြရာ မြန်မာနိုင်ငံ၌ စတင်ကူးစက်ဖြစ်ပွားခဲ့သော ကိုဗစ်ဗိုင်းရပ်စ်၏ မျိုးဗီဇက D-Strain ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ကာ ကူးစက်ပြန့်ပွားစေခဲ့ သော Covid (D-Strain) ကြောင့် လူဦးရေ သုံးရာကျော်တို့ ကူးစက်ခံခဲ့ ကြရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနောက်ပိုင်း၌ ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ပေါက်အသီးသီးမှတစ်ဆင့် ဝင်ရောက်လာကြသူများထဲတွင် ကိုဗစ်ကူးစက်ခံထားကြရသူများကို တွေ့ရှိရပြီး ယင်းတို့အနက် အချို့မှာ မျိုးဗီဇပြောင်းကိုဗစ် D 614 G ကူးစက်ခံထားကြရသည်ကို တွေ့ရှိရသည်။
ကိုဗစ်ဗိုင်းရပ်စ်တွင် လူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၌ ဝင် ရောက်တွယ်ငြိပြီး မျိုးပွားနိုင်ရန်နှင့် မျိုးဗီဇ ပြောင်းလဲနိုင်ရန်အတွက် Spike ခေါ် ပရိုတင်း အချွန်အတက်ကလေးများ ပါဝင်ကာ ယင်း Spike များကို အမိုင်နိုအက်ဆစ် (Amino Acid) ဓာတ်ပစ္စည်းပေါင်း ၁,၃၀ဝ ခန့် ဖြင့် ဖွဲ့စည်းထားသည်။ ကိုဗစ်ဗိုင်းရပ်စ်၏ Spike တွင် အမိုင်နိုအက်ဆစ် ဓာတ်ပစ္စည်း ၁,၃၀ဝ ခန့်ရှိသည့်အနက် အမိုင်နိုအက်ဆစ်နံပါတ် 614 က D-Strain (Aspartic Acid) မှ G-Strain (Glycine) သို့ မျိုးဗီဇပြောင်း လဲသွားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနောက်ပိုင်းတွင် ပြည်ပမှ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ Covid Postive Patient များမှ တစ်ဆင့် မျိုးဗီဇပြောင်းကိုဗစ် G-614 သည် မြန်မာနိုင်ငံတစ်ဝန်းသို့ ကူးစက်ပြန့်ပွားသွားခဲ့ရာ လူပေါင်းသိန်းဂဏန်းကျော်အထိ ကူးစက်ခံကြ ရပြီး အသက်ဆုံးရှုံးရမှုက ထောင်ဂဏန်းနှင့်ချီ၍ပင် ရှိခဲ့ပြီဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ကုန်ခါနီး ရက်ပိုင်းမျှအလိုတွင်မူ ကြောက်မက်ဖွယ် ရာ အလွန်ကောင်းသော ကူးစက်မှုမြန်ဆန်လွန်းသည့် မျိုးကွဲကိုဗစ်ဗိုင်း ရပ်စ်ကို အင်္ဂလန်နိုင်ငံတွင် စတင်တွေ့ရှိလာရပြန်သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ အင်္ဂလန်နိုင်ငံတွင် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံ ထားကြရသူများအနက် ကူးစက်မြန်မျိုးကွဲကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရ သူ ၁,၄၀ဝ ခန့်ရှိနေကြာင်း တရားဝင်ထုတ်ပြန်ထားသည်။
သုတေသနပြုထားချက်များအရ အဆိုပါ ကူးစက်မြန်မျိုးကွဲ ကိုဗစ် ဗိုင်းရပ်စ်မှာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကတည်းက စတင်ပေါ် ပေါက်ခဲ့ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ Reproduction Number -R.O ဟုခေါ်ဆိုသော ရောဂါကူးစက်မှုအညွှန်းကိန်းအရ SARS-CoV ဗိုင်းရပ်စ်က လူတစ်ဦးမှ နောက်ထပ် လူလေးဦးသို့ (R.O 4) ၊ MERS-CoV ဗိုင်းရပ်စ်က လူတစ်ဦးမှ နောက်ထပ်လူတစ်ဦးသို့ (R.O 1) ၊ COVID-19/ D Strain ဗိုင်းရပ်စ်က လူတစ်ဦးမှ နောက်ထပ်လူနှစ်ဦးမှ သုံးဦးကျော်သို့ (R.O 2 to 3.5) ၊ COVID-19/ G Strain ဗိုင်းရပ်စ်က လူတစ်ဦးမှ နောက်ထပ်လူ နှစ်ဆယ်သို့ (R.O 20) ထပ်ဆင့်ကူးစက်ပြန့်ပွား နိုင်သည်။ အင်္ဂလန်နိုင်ငံတွင်တွေ့ရှိရသော ကူးစက်မြန်မျိုးကွဲကိုဗစ်ဗိုင်းရပ်စ် ၏ ကူးစက်နိုင်စွမ်းကမူ ကမ္ဘာတစ်ဝန်း လက်ရှိကူးစက်နေသည့် ကိုဗစ် ဗိုင်းရပ်စ်ကူးစက်နှုန်း၏ ၁ ဒသမ ၇ ဆရှိသည့်အတွက် ကူးစက်ခံထားရသူ တစ်ဦးမှ နောက်ထပ်လူ ၃၅ ဦးခန့်ကို ထပ်ဆင့်ကူးစက်ကာ လျင်မြန်စွာ ပြန့်ပွားသွားနိုင်သည်။
လတ်တလောအနေအထားအရ အဆိုပါ ကူးစက်မြန်မျိုးကွဲကိုဗစ် ဗိုင်းရပ်စ်သည် အသက် နှစ်ဆယ်အောက် လူငယ်များကို ပိုမိုကူးစက်စေပြီး ကူးစက်ခံထားရသူ၏ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်အကောင်ရေအားဖြင့် လည်း လက်ရှိကူးစက်ပြန့်ပွားနေဆဲ ကိုဗစ်မျိုးဗီဇထက် သုံးဆမှ ၁၀ ဆအထိ ပိုမိုကြောင်း လေ့လာတွေ့ရှိရသည်။
အသစ်တွေ့ရှိရသော မျိုးကွဲကိုဗစ်ဗိုင်းရပ်စ်၏ ကူးစက်ပြန့်ပွားနှုန်းက အလွန်လျင်မြန်သော်လည်း ကူးစက်ခံရသူများအနေဖြင့် ရောဂါပြင်းထန် မှုရှိ/မရှိနှင့် အသက်ဆုံးရှုံးနိုင်ခြေများကိုမူ တိကျစွာထုတ်ပြန်နိုင်ရန်အတွက် အချိန်ယူကာ သုတေသနပြုလုပ်ရဦးမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ အဆိုပါမျိုးကွဲ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တရားဝင်ထုတ်ဖော်ကြေညာသည့် နိုင်ငံပေါင်း ၃၅ နိုင်ငံရှိရာ အဆိုပါနိုင်ငံများထဲတွင် အာဆီယံဒေသတွင်း နိုင်ငံများ ဖြစ်ကြသော စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းတို့အပြင် မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံလည်း ပါဝင်နေသည်။
အကယ်၍ စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်နှင့် ဟာကွက်များရှိလာမည် ဆိုပါက အဆိုပါကူးစက်မြန် မျိုးကွဲကိုဗစ်ဗိုင်းရပ်စ်ပိုးမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ပါ ရောက်ရှိ ကူးစက်ပြန့်ပွားလာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။
ကူးစက်မြန်မျိုးကွဲဗိုင်းရပ်စ်၏ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင် ရန်အတွက် အောက်ပါအချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
– Mask/ Face Shield တပ်ခြင်း၊ စက္ကန့် နှစ်ဆယ်ကြာ လက် ဆေးခြင်းနှင့် နှစ်မီတာ(ခြောက်ပေခွဲ)ခွာနေခြင်းများကို စနစ် တကျနှင့် စွဲမြဲစွာလုပ်ဆောင်ရန်၊
– မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊
– ပြင်ပမှ နေအိမ်သို့ပြန်ရောက်လျှင် အဝတ်အစားများကို လျှော် ဖွပ်/ ရေချိုးသန့်စင်ပြီးမှသာ မိသားစုနှင့် ထိတွေ့ရန်၊
– လုပ်ငန်းခွင်သို့ သွားရသူများအနေဖြင့် လုပ်ငန်းခွင်မဝင်မီတွင် တံတောင်ဆစ်မှစ၍ ဆပ်ပြာဖြင့် လက်ဆေးရန်နှင့် ဒူးခေါင်းမှ စ၍ ဆပ်ပြာဖြင့်ခြေဆေးရန်၊
– လုပ်ငန်းခွင်မှ နေအိမ်သို့ပြန်ရောက်လျှင် လျှော်ဖွပ်/ ရေချိုးပြီး မှသာ မိသားစုနှင့်ထိတွေ့ရန်၊
– ဧည့်သည်ကို လက်ခံစကားပြောခြင်းနှင့် ညအိပ်ညနေလက်ခံခြင်း ကို အထူးရှောင်ရှားရန်၊
– တစ်ဦးနှင့် တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ပွေ့ဖက်နှုတ်ဆက် ခြင်းများကို အထူးရှောင်ရှားရန်၊
– ဗီတာမင်ဒီ လုံလောက်စွာရရှိရေးနှင့် ဗိုင်းရပ်စ်ပိုးများ ကပ်ငြိ နေခြင်းမှ ကာကွယ်ရန်အတွက် နေ့စဉ် နေရောင်ထဲသို့ထွက်ကာ ခန္ဓာကိုယ်ကို နေပူခံရန်၊
– ပြင်ပမှပြန်ရောက်လျှင် တစ်ကိုယ်ရေသုံးပစ္စည်းများကို နေရောင် ထဲ၌ဖြန့်၍ တစ်နာရီကြာမျှ နေပူခံရန်၊
– အိပ်ရေးဝအောင်အိပ်စက်ပြီး ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်အောင် ဂရုစိုက်နေထိုင်ရန်၊
– ဟင်းလျာများကို ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးရန်၊
– ဗီတာမင်ပြည့်ဝသော အစားအစာများကို ညီညွတ်မျှတစွာဖြင့် စနစ်တကျစားသုံးရန် (အထူးသဖြင့် ဗီတာမင်-စြွီကယ်ဝသော အစားအစာများကို အလေးထားစားသုံးရန်)။
သဘာဝအရင်းအမြစ်များဖြစ်ကြသည့် သဘာဝအစားအစာများမှတစ် ဆင့် ရရှိနိုင်သော ဗီတာမင်များထဲတွင် ဗီတာမင်-စီသည် လူ့ဘဝတစ် သက်တာ ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးပါရုံမျှမက COVID-19 ကာကွယ်ရေးအတွက် အထူးပင်အရေးပါလှသော ဗီတာမင်ဖြစ်သည်ကို သတိ ပြုသင့်ကြသည်။
အချဉ်ဓာတ်ပါသော အသီးများ၊ ခရမ်းချဉ်သီး၊ ရှောက်သီး၊ သံပုရာ သီး၊ လိမ္မော်သီး၊ မာလကာသီး၊ ပဲလုံး၊ ငရုတ်ကောင်း၊ ကိုက်လန်နှင့် ပန်းဂေါ်ဖီစိမ်း(Broccoli)တို့ကို စားသုံးခြင်းအားဖြင့် ဗီတာမင်-စီကို ရရှိနိုင်သည်။
ထို့အတူပင် ခရမ်းလွန်ရောင်ခြည် အသင့်အတင်မျှပါဝင်သော နေ ရောင်ခြည်အောက်တွင် မိနစ်ပိုင်းမျှလောက် နေပူခံရုံဖြင့်ပင် ခန္တာကိုယ် အတွက် လိုအပ်သော ဗီတာမင်-ဒီကို အလုံအလောက်ရရှိစေသည်။ ဗီတာမင်-ဒီ ချို့တဲ့ပါက COVID-19 ကူးစက်ခံရနိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော် ပိုများကြောင်း သိပ္ပံဆိုင်ရာသုတေသနတစ်ရပ်၌ လေ့လာတွေ့ရှိရသည်။
သံသယလူနာပေါင်း ၁၉၀,ဝဝဝ ကို လေ့လာသုတေသနပြုရာတွင် ပိုးတွေ့လူနာများ၏ ၁၃ ရာခိုင်နှုန်းက သာမန်ထက်ပို၍ အာဟာရချို့တဲ့ မှုရှိနေကြောင်း တွေ့ရှိရပြီး ဗီတာမင်-ဒီချို့တဲ့လျှင်မူ COVID-19 ကူးစက် ခံရနိုင်ခြေ ၅၄ ရာခိုင်နှုန်းပိုများကြောင်း အဖြေထုတ်နိုင်ခဲ့သည်။ ထို့ပြင် လူ့ခန္ဓာကိုယ်အတွင်း၌ ဗီတာမင်-ဒီ လုံလုံလောက်လောက်ရှိနေပါက တုပ်ကွေးနှင့် SARS-CoV ရောဂါများမှ ကာကွယ်နိုင်စွမ်းရှိကြောင်းကို လည်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့သည်။
ကလေးငယ်များအတွက် နေ့စဉ်ဗီတာမင်-ဒီ 400IU မှ 1000IU အထိလည်းကောင်း၊ အရွယ်ရောက်ပြီးသူများအတွက် နေ့စဉ် ဗီတာမင်ဒီ 1500IU မှ 2000IU အထိလည်းကောင်း လိုအပ်သည်ဖြစ်ရာ နေရောင် ထဲ၌ ခန္ဓာကိုယ်ကို နေပူခံခြင်း၊ ငါးကြီးဆီ၊ နို့အမျိုးမျိုး၊ ဥအမျိုးမျိုး၊ ဒိန် ချဉ်၊ လိမ္မော်ရည်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ဆာဒင်းငါး(ငါးသေတ္တာငါး)၊ အသည်းတို့ကို စားသုံးခြင်းအားဖြင့် ဗီတာမင်ဒီကို ရရှိနိုင်သည်။
COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဗီတာမင်-ဒီက အလွန်ပင်အရေးပါလှသောကြောင့် ဗီတာမင်-ဒီကို ရရှိနိုင်သမျှသော နည်းလမ်းများဖြင့် ရယူသင့်ကြသည်။ နေ့စဉ်နေ့တိုင်းနေရောင်ခြည်အောက် ၌ မိနစ်ပိုင်းမျှလောက် နေပူခံခြင်းကမူ ငွေကုန်ကြေးကျမရှိဘဲ ခန္ဓာကိုယ် အတွက် ဗီတာမင်-ဒီကို လွယ်လင့်တကူဖြင့် လုံလုံလောက်လောက် ရရှိ စေသော အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ COVID-19 ကာကွယ် ရေးအတွက် သဘာဝအရင်းအမြစ်များကို ထိရောက်စွာအသုံးချခြင်းလည်း ဖြစ်ပြီး လိုက်နာဆောင်ရွက်ရန် မခက်ခဲသည့်ကိစ္စလည်းဖြစ်ပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here