မော်တော်ယာဉ် ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်တွင် IRD Documentation Stamp Label စတင်အသုံးပြု

405

 

ရန်ကုန်၊ ဇူလိုင် ၈
မော်တော်ယာဉ် ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးစီး ကြောင်း ထောက်ခံချက်ပုံစံ ထုတ်ပေးရာတွင် လုံခြုံမှုအဆင့်အတန်းပါဝင်သော IRD Documentation Stamp Label စတင်အသုံးပြုနေ ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာ နမှ မော်တော်ယာဉ်ဝယ်ယူခြင်းအ တွက် အခွန်ကိစ္စ စိစစ်ဆောင်ရွက် ပြီးစီးကြောင်း ထောက်ခံချက်ပုံစံ များကို တုပပြုလုပ်ခြင်းမှ ကာကွယ် တားဆီးနိုင်ရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေများ ဆုံးရံှုးမှုမရှိစေရေး၊ မော်တော်ယာဉ် ဆိုင်ရာ အခွန်စည်းကြပ်မှုများကို စနစ်တကျ မှတ်တမ်းတင် စိစစ်နိုင် ရေးအတွက် အခွန်ဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်ပြီးစီးပါက အခွန် ထမ်းသို့ ထုတ်ပေးသည့် အခွန်ကိစ္စ စိစစ်ဆောင်ရွက် ပြီးစီးကြောင်း ထောက်ခံချက်ပုံစံအပေါ်တွင် မော် တော်ယာဉ်ဝယ်ယူသူ၏ သတင်း အချက်အလက်များနှင့် မော်တော် ယာဉ်ဆိုင်ရာ သတင်းအချက်အ လက်များကို QR Scanner Application ဖြင့် စစ်ဆေးနိုင်သည့် လုံ ခြုံမှု အဆင့်အတန်း ပါဝင်သော IRD Documentation Stamp Label ကပ်နှိပ်၍ ထုတ်ပေးခြင်းကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လမှစ၍ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“အခွန်ထမ်းတွေ အတွက် ထုတ်ပေးတဲ့ ထောက်ခံချက်မှာ IRD Documentation Stamp Labelကပ်နှိပ်ထားတဲ့အတွက် အခွန်စိမ်း မှန်၊ မမှန်ကို ဖုန်းကနေတစ်ဆင့် QR Code Scan ဖတ်ပြီး စစ်ဆေးလို့ရပါတယ်၊ Scan ဖတ်လိုက်မယ်ဆိုရင် ID နံပါတ်၊ ကားရဲ့ Main Brand ၊ Sub-Brand ၊ Chassic နံပါတ်၊ ထုတ်လုပ်ခုနှစ်၊ အုံနာဘုတ်ပိုင်ရှင်အမည်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ အခွန်စည်းကြပ်တဲ့နေ့ရက်၊ တန်ဖိုးနဲ့ အခွန်စည်းကြပ်ခဲ့တဲ့ရုံးတွေ အပါအဝင် အချက် ၁၃ ချက်အထိ တွေ့ရမှာပါ၊ စာရွက်ပေါ်မှာပါတဲ့ အချက်တွေနဲ့ တူညီတယ်ဆိုရင် အခွန်စိမ်းအမှန်ဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာ တွင် အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးသို့ ဆက်သွယ်အကြောင်း ကြားရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အလွဲသုံးစားပြုမှုကြောင့် အချက်အလက်များ မှားယွင်းမှုဖြစ် ပေါ်ပါက တရားဥပဒေနှင့်အညီ အ ရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here