မော်တော်ယာဉ် ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ပညာရှင်များအသင်းမှ ဗဟိုအလုပ်မှုဆောင် ကော်မတီအစည်းအဝေး ကျင်းပ

692

မော်တော်ယာဉ် ထုတ်လုပ်သုံးစွဲမှု ဆိုင်ရာပညာရှင်များအသင်း (Automotive Industrial Professional’s Association -AIPA )မှ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၉ ရက်က စမ်းချောင်းမြို့နယ်ရှိ SMA Office Building အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ နာယကအဖွဲ့ ဝင်များနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ စုံညီစွာ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် AIPA ဥက္ကဋ္ဌ ဦးကိုကိုအောင်(သိပ္ပံစာရေး ဆရာကိုကိုအောင်)က အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၁) ဦး စိုးအောင်နှင့် အတွင်းရေးမှူး ဦး ဆန်းဦးတို့က ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။ ဆက်လက်၍ ဗဟိုအလုပ် မှုဆောင် ကော်မတီဝင်များက မိမိ တို့တာဝန်ယူ ဆောင်ရွက်နေသည့် မော်တော်ယာဉ်အင်ဂျင်နီယာပညာ ရပ်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက် လက်ဆောင်ရွက်မည့် အစီအမံများ ကို အသေးစိတ် ရှင်းလင်းတင်ပြ ကြပြီးနောက် ဗဟိုအလုပ်အမှုဆောင်  ကော်မတီဝင်အားလုံး၏ သဘောတူအတည်ပြုချက်ဖြင့် ဆုံးဖြတ် ချက်များကို ချမှတ်ကြသည်။

မော်တော်ယာဉ်ထုတ်လုပ်သုံး စွဲမှုဆိုင်ရာ ပညာရှင်များအသင်း AIPA ကို မော်တော်ယာဉ်ပညာရပ် ဆိုင်ရာ ဝါရင့်ကျွမ်းကျင်အင်ဂျင်နီ ယာကြီးများဖြင့် ဖွဲ့စည်းထားရှိကာ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ် မှုလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီ စွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူ ညီရန်၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှုနှင့် စက်ပစ္စည်းအစိတ် အပိုင်းများ ထုတ်လုပ်မှုဆိုင်ရာနည်း ပညာနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရန်၊ မော်တော်ယာဉ်မောင်းနှင် အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက် အများပြည်သူ တို့အား အသိပညာ ဖြန့်ဝေရန်၊ မော်တော်ယာဉ် ပြင်ဆင်ထိန်း သိမ်းမှုလုပ်ငန်းများ စနစ်တကျ ရှိစေရန်အတွက် ပညာပေးလေ့ကျင့် မှုများ ဆောင်ရွက်ရန်နှင့် ပြည်တွင်း ပြည်ပအခြေစိုက် မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီ/ အဖွဲ့ အစည်းများနှင့် နည်းပညာ အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here