မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများကို သုံးလတစ်ကြိမ် စစ်ဆေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်ခြင်းမရှိသည့် ကုမ္ပဏီအား ထုတ်လုပ်ခွင့်လိုင်စင် ပိတ်သိမ်းမည်

1117

ရန်ကုန်၊ ဇူလိုင် ၄
ပြည်တွင်း၌ CKD ၊ SKD စနစ် ဖြင့် မော်တော်ယာဉ်ထုတ်လုပ် တပ်ဆင်နေသော စက်ရုံများကို သုံးလတစ်ကြိမ် စစ်ဆေးမှုပြုလုပ်ပြီး သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ် ခြင်းမရှိသည့်ကုမ္ပဏီကို ထုတ်လုပ် ခွင့်လိုင်စင်ပိတ်သိမ်းခြင်းဖြင့် အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိ ရသည်။
ယခုနှစ် ဇွန်လကုန်အထိ မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ SKD ၊ CKD စနစ်ဖြင့် ကားထုတ် လုပ်တပ်ဆင်ခွင့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပါဝင်သော ကုမ္ပဏီ ခုနစ်ခုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီခြောက်ခုကို ခွင့်ပြုထားသည်။ ယင်းကုမ္ပဏီများထဲမှ SKD 1 ဖြင့် ထုတ်လုပ်သော ကုမ္ပဏီအချို့ကို ကုန်ကြမ်းသုံးနှစ်၊ သို့မဟုတ် သတ် မှတ်အစီးရေအထိ ထုတ်လုပ်ပြီးပါ က SKD 2 စနစ် ပြောင်းလဲ ထုတ် လုပ်ရန် အသိပေးထားကြောင်း သိရသည်။
‘‘ပြည်တွင်းမှာ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကို သုံးလတစ်ကြိမ် စစ်ဆေးမှာ ဖြစ်ပါတယ်၊ သတ်မှတ် ချက်နဲ့ကွဲလွဲနေတဲ့ ကုမ္ပဏီတွေကို ထုတ်လုပ်ခွင့်ရပ်ဆိုင်းခဲ့တာ မရှိပေမဲ့ နောက်ပိုင်းမှာ လွဲမှားမှုတွေရှိနေခဲ့ရင် ထုတ်လုပ်ခွင့်လိုင်စင် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်၊ SKD 1 နဲ့ ထုတ်လုပ်ခွင့်သက်တမ်း ကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေကို ကုန်ကြမ်းပစ္စည်းသုံးနှစ်၊ ဒါမှမဟုတ် အစီးရေ သတ်မှတ်ချက်ပြည့်ရင် SDK 2 နဲ့ ပြောင်းလဲထုတ်လုပ်ဖို့ အတွက်အသိပေးထားပါတယ်’’ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၃ ခုရှိပြီး Super Seven Stars Motor Industry Co.,Ltd.(KIA) ၊ Dynamic Industry Co.,Ltd.(KIA) ၊ Capital Motor Co.Ltd(Ford) ၊ Global Heavy Industry Manufacturing Co., Ltd(Cherry) ၊ Suzuki Myan-mar Motor Co.,Ltd(Suzuki) ၊ Tan Chong Motor Co.,Ltd (Nissan) ၊ Myanmar General Motor Co.,Ltd(Lifan) ၊ The First Automotive Co.,Ltd (Isuzu Pick-up) ၊ Myanmar Economic Holding Co.,Ltd (Yutong Bus) ၊ Khaing Khaing Sanda Group Ltd(Faw) ၊ Shwe Daehan Motors Company Li-mited(Hyundai) ၊ Gold AYA Motors International Group Company Limited နှင့် Pre-cision Auto Engineering Co-mpany Limited တို့ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here