ရန်ကုန်၊ မတ်
ပြည်ပမှတင်သွင်းသော ယာဉ်များ နှင့် ပြည်တွင်းထုတ်ကားများ ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံရာတွင် ကား ၁၈,၉၄၃ စီးမှ ဝင်ငွေခွန် ကျပ်သန်းပေါင်း သုံးေသာင်းကျော် ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦး စီးဌာနမှ သိရသည်။
ပြည်ပမှ အစီးလိုက်တင်သွင်း သည့်ကားများကို ၂ဝ၁၇ ခုနှစ် ပြည်တွင်းအခွန်အကောက် ဥပဒေအရ ဝယ်ယူသည့် ကားတန်ဖိုးအလိုက် အခွန်စည်းကြပ်ခဲ့ရာ ကား ၁၈,၉၄၃ စီးမှ ဝင်ငွေခွန်ကျပ်သန်း ပေါင်း ၃၁,၂၄၃ ဒသမ ၉၃ သန်း ရရှိခဲ့သည်။
”၂ဝ၁၇ အခွန်အကောက်ဥပဒေအရ မော်တော်ယာဉ် ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံတာကို ဧပြီလကစပြီး ကောက်ခံပါတယ်၊ စလစ်ကပ်ကား၊ ကုမ္ပဏီပါမစ်ကား နဲ့ ဖရီးပါမစ်ကားတွေကို အမျိုး အစားခွဲခြားပြီး ကောက်ခံပါတယ်၊ ဒီရက်ပိုင်းမှာ ဖြေလျှော့ပေးမယ့် အခွန်အကောက် ဥပဒေသစ်ကို စောင့်ကြည့်နေကြလို့ ဝင်ငွေခွန် လာဆောင်တဲ့ ကားအစီးရေ နည်း သွားပါတယ်”ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မော်တော်ယာဉ် ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံခြင်းကို ယခင်နှစ်များက ကုမ္ပဏီပါမစ်နှင့် ဖရီးပါမစ်ကားများကိုသာ ကောက်ခံခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှစ၍ စလစ်ကပ်ကားများကိုလည်း ကောက်ခံခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလမှ မတ် ၁၂ ရက်အထိ ကုမ္ပဏီကား ၃,၃၅၃ စီး၊ စလစ်ကပ်ကား ၄,၈၁၆ စီးနှင့် ဖရီးပါမစ်ကား ၁ဝ,၇၇၄ စီး တို့ကို အခွန်စည်းကြပ်ခဲ့ရာ ဝင်ငွေ ခွန် ကျပ်သန်းပေါင်း ၃၁,၂၄၃ ဒသမ ၉၃ သန်း ရရှိခဲ့ကြောင်း သိရသည်။
ဆန်းသစ်အောင်