မော်တော်ယာဉ်များအတွက် တန်ဖိုးဖြတ်နှုန်းထားအသစ်များကို ယခုလအတွင်း ကြေညာမည်ဖြစ်ပြီး အပ်နှံကားများအား ကျပ်သိန်း ငါးဆယ်ဖြင့် တန်ဖိုးဖြတ်မည်ဟုဆို

458

ရန်ကုန်၊ နိုဝင်ဘာ
၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ်အတွက် မော်တော်ယာဉ်များ၏ စံနှုန်းသတ် မှတ်ချက်များကို နိုဝင်ဘာလ(ယခုလ) အတွင်း ကြေညာမည်ဖြစ်ပြီး အပ် ကားများကို ကျပ်သိန်းငါးဆယ်ဖြင့် တန်ဖိုးဖြတ်၍ အခွန်စည်းကြပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ်များအတွက် တန်ဖိုးသတ်မှတ်ရာတွင် အက္ခရာ နှင့် နံပါတ်အပေါ်မူတည်ပြီး တန်ဖိုး ကွာခြားသလို ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်အပေါ် မူတည်၍လည်း နှုန်းထားများ မတူညီကြောင်း သိရ သည်။ ကားအမျိုးအစား တူသော် လည်း မိုဒယ်နှင့် အက္ခရာနံပါတ် အနိမ့်၊ အမြင့်အပေါ် မူတည်၍ တန်ဖိုးကွာဟသွားမည် ဖြစ်သည်။ ထို့ပြင် ကားအရောင်နှင့် ထုတ်လုပ် ခုနှစ်တူသော်လည်း ဂရိတ် ကွာခြား မှုအပေါ်မူတည်ကာ တန်ဖိုးသတ် မှတ်ချက်များ ကွာဟချက် ရှိမည် ဖြစ်သည်။

“မော်တော်ယာဉ်တွေအတွက် သတ်မှတ်မယ့် တန်ဖိုးတွေကို လက် ရှိပေါက်စျေးအတိုင်း အခြေခံ ရေး ဆွဲဖို့ ရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်က ထုတ် ပြန်ခဲ့တဲ့ တန်ဖိုးသတ်မှတ်မှုမှာ မပါ ဝင်တဲ့ ကားအမျိုးအစားသစ်တွေကို လည်း ထည့်သွင်းထားပါတယ်၊ စံနှုန်း သတ်မှတ်ချက်မှာ အက္ခရာ အနိမ့်/ အမြင့်၊ ကားအရောင်နဲ့ ရန်ကုန် လိုင်စင်၊ နယ်လိုင်စင်အပေါ် မူတည် ပြီး တန်ဖိုးကွာဟမှာ ဖြစ်ပါတယ်၊ ယာဉ်အို၊၊ ယာဉ်ဟောင်း အပ်နှံမယ့် ကားတွေကိုတော့ ကျပ်သိန်းငါးဆယ် နဲ့ တန်ဖိုးဖြတ်ပြီး အမည်ပြောင်း ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ် အမည်ပြောင်း ပြုလုပ်ရန်အတွက် ဝင်ငွေခွန်ပေး ဆောင်ရာတွင် သန်းခေါင်စာရင်း ၌ပါရှိသည့် နေရပ်လိပ်စာအပေါ် မူတည်ပြီး သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးများတွင် ဆောင်ရွက်နိုင် ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here