မော်တော်ယာဉ်နည်းဥပဒေမူကြမ်းတွင်  စီးပွားရေးလုပ်ငန်းသုံးကားများကို အလုံးစုံမော်တော်ယာဉ် အာမခံထားရှိရန်အချက် ထည့်သွင်းရန်  စီစဉ်

964

မော်တော်ယာဉ်နည်းဥပဒေမူကြမ်းတွင် စီးပွားရေးလုပ်ငန်းသုံးကားများကို အလုံးစုံမော်တော်ယာဉ် အာမခံထားရှိရန်အချက် ထည့်သွင်းရန် စီစဉ်ထားကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

 

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော ကားအစီးရေ ကိုးသိန်းကျော်အထိ ရှိသော်လည်း အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသည့် ယာဉ်အစီးရေမှာ တစ်သိန်းဝန်းကျင်သာရှိကြောင်း သိရသည်။ အလုံးစုံမော်တော်ယာဉ် အာမခံထားရှိမှု နည်းပါးသောကြောင့် မော်တော်ယာဉ်နည်းဥပဒေ မူကြမ်းတွင် စီးပွားရေးသုံးကားများကို အလုံးစုံ မော်တော်ယာဉ်အာမခံ မဖြစ်မနေထားရှိရန် စီစဉ်ထား ကြောင်း သိရသည်။

 

”မော်တော်ယာဉ်နည်းဥပဒေရဲ့ မူကြမ်းမှာတော့ စီးပွားရေးလုပ်ငန်းသုံးကားတွေ အလုံးစုံမော် တော်ယာဉ်အာမခံ ထားရှိရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းရေးဆွဲ သွားဖို့ မကြာခင်မှာ ပြည်ထောင်စု လွှတ်တော်ဆီ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိခြင်းကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ် ငန်း ၁၂ ခုတို့တွင် ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံထားရှိမှု စာရင်းများမှာ နှစ်အလိုက် တိုးမြင့်မှုများရှိသော် လည်း ပြည်တွင်း၌တရားဝင်မှတ်ပုံ တင်ထားသည့် ယာဉ်အစီးရေနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here