မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း(မြန်မာနိုင်ငံ) အပိုင်း(၂)

84

 

မော်တော်ယာဉ် ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း (မြန်မာနိုင်ငံ)အနေဖြင့် လေးနှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင် စုနှင့် ဥရောပနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံများ၊ အာရှနိုင်ငံများ၊ အရှေ့ တောင်အာရှဒေသတွင်းနိုင်ငံများစွာတို့နှင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာနှင့်အတွေ့အကြုံ အပြန်အလှန် ဖလှယ်မှုများကို အစဉ်တစိုက်ဆောင်ရွက်နိုင်ခဲ့သည်။
ယင်းနိုင်ငံများရှိ မော်တော်ယာဉ်အင်ဂျင်နီယာပညာ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များ၊ မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင် ရာ လေ့ကျင့်သင်ကြားမှုကိစ္စရပ်များ၊ သမားရိုးကျ မော်တော်ယာဉ်နှင့် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်မှုနည်းစဉ် ပြောင်းလဲ လာမှုဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်တင်းရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ များ၊ သယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးယာဉ်ကြီးများ ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင်သုံး ရဟတ်ယာဉ်နှင့် လေယာဉ်များ ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် အင်ဂျင်နီယာနည်းပညာ ဆိုင်ရာ ချဉ်းကပ်လေ့လာမှုကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်သော Seminar, Forum, Round Table Meeting, Conference, Workshop, Expo နှင့် Exhibition များစွာသို့ တက်ရောက်ကာ လေ့လာခြင်း၊ ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။
ဤသို့အားဖြင့် ယနေ့အချိန်တွင် မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှု ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း(မြန်မာနိုင်ငံ)သည် နိုင်ငံ တကာမှ မိတ်ဖက်အဖွဲ့အစည်းပေါင်းများစွာတို့နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် Covid-19 ကြောင့် နိုင်ငံတကာရှိ မော်တော် ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများအပေါ်တွင် ထိခိုက် နစ်နာဆုံးရှုံးနေရခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်တိုကာလအတွင်း ကုစားပေးနိုင်မည့် Recovery Plan များအတွက်လည်း ဆွေးနွေးညှိနှိုင်း လျက်ရှိသည်။
အလားတူပင် မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာ ပညာရှင်များအသင်း(မြန်မာနိုင်ငံ)သည် နိုင်ငံတော်၏ မိတ်ဖက်အဖွဲ့အ စည်းများထဲတွင် တစ်ခုအပါအဝင် (Stakeholder) ဖြစ်သလို မြန်မာနိုင်ငံ စံချိန်စံညွှန်းကောင်စီ၊ မော်တော်ယာဉ်ဆိုင်ရာ စံချိန်စံညွှန်းများ ပြုစုရေး ဆွဲရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်း သတ်မှတ်ခြင်းခံရပြီး အသင်း ကြီး၏ ဗဟိုအလုပ်အမှုဆောင် အင်ဂျင်နီယာပညာရှင်လေးဦးတို့က ကိုယ် စားလှယ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်သည်။
အသင်းကြီး၏ အထူးပင်ထင်ရှားသော သမိုင်းမှတ်တိုင်တစ်ခုကို ပြပါဟုဆိုလျှင်မူ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းက ကျင်းပပေး ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လျှပ်စစ်စွမ်းအင်သုံးမော်တော် ယာဉ်များဆိုင်ရာ အင်ဂျင်နီယာပညာဖိုရမ်၊ စားပွဲဝိုင်းဆွေးနွေးပွဲနှင့် မော် တော်ကားပြပွဲကို ညွှန်းဆိုရပေလိမ့်မည်။
မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ အသင်း(မြန်မာနိုင်ငံ)သည် မြန်မာ့အင်ဂျင်နီယာလောက၏ ဦးသျှောင် အဖွဲ့အစည်းကြီးဖြစ်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ပူးတွဲကာ The 1st Myanmar EV Forum & Round Table Meeting with Motor Show ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ပရဝုဏ် အတွင်း၌ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။
အဆိုပါဖိုရမ်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ချီးမြှင့်အမှာစကားပြောကြားကာ အခမ်းအနား နှင့် မော်တော်ကားပြပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကကြီးများ၊ ကောင်စီဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း(မြန်မာနိုင်ငံ)၏ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မှတ်ပုံတင်အင်ဂျင် နီယာပညာရှင်များနှင့် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာများ တက် ရောက်ခဲ့ကြသည်။
အဆိုပါဖိုရမ်နှင့် ပူးတွဲကျင်းပသော မော်တော်ကားပြပွဲသို့ Toyota အမှတ်တံဆိပ် Brand New မော်တော်ကားအမျိုးမျိုး၊ Isuzu အမှတ်တံဆိပ် Brand New မော်တော်ကားအမျိုးမျိုးတို့နှင့်အတူ KKSD Co.,က တပ်ဆင်ထုတ်လုပ်သော လျှပ်စစ်ကား Brand New များကိုပါ ခင်းကျင်း ပြသရောင်းချခဲ့ကြသည်။
မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ အသင်း(မြန်မာနိုင်ငံ)သည် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ နိုင်ငံတကာအတွေ့ အကြုံကြွယ်ဝရင့်ကျက်သည့် အင်ဂျင်နီယာပညာရှင်ကြီးများဖြင့် စနစ် တကျဖွဲ့စည်းထားသည့် အားလျော်စွာ Conventional Automotive Engineering Technology ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို Modern Engineering ဖြစ်သည့် Electric Vehicle Engineering Technology တိုးတက်မြင့်မားရေး အတွက်လည်း ဦးလည်မသုန် ဦးဆောင်ဦးရွက်ပြုသွားမည်မှာ ဧကန်မလွဲ ဖြစ်ပေတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here