မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း(မြန်မာနိုင်ငံ) အပိုင်း(၁)

67

 

မြန်မာ့သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိသေးသော အဆင့်မြင့်မော်တော်ယာဉ် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသင်းကြီးတစ်ခုက မြန်မာ့မော်တော်ယာဉ်ဆိုင်ရာ မူဝါဒများ ပြောင်းလဲလာချိန်နှင့် တိုက်ဆိုင်စွာပင် ၂၀၁၆ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့သည်။ ထိုအသင်းကြီးမှာ Automotive Industrial Professional Engineers’ Association, myanmar (AIPA, Myanmar) ဟု ခေါ်ဆိုသော မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း (မြန်မာနိုင်ငံ)ပင် ဖြစ်ပါသည်။
ထိုအသင်းကြီး ပေါ်ပေါက်လာခဲ့သော နောက်ခံအကြောင်းရင်းမှာ ၂၀၁၅ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲကြီးဟုပင် ဆိုရမည်ဖြစ်ပေသည်။ Geneva International Motor Show ဟု ကမ္ဘာသိထင်ရှားသော အဆိုပါပြပွဲကြီးသို့ တက်ရောက်ပါရန် အထူးဖိတ်ကြားခြင်းခံခဲ့ရသည့် ဝါရင့်အင်ဂျင်နီယာ ပညာရှင် Professor Engr.Ko Ko Aung (သိပ္ပံစာရေးဆရာကိုကိုအောင်) က ၂၀၁၅ ခုနှစ်၊ ဥရောပခရီးစဉ်အတွင်း Switzerland နိုင်ငံ၊ Geneva မြို့၌ ရက်သတ္တတစ်ပတ်ကြာ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မော်တော် ကားပြပွဲကြီးသို့ တက်ရောက်ရင်း အဆင့်မြင့်ဥရောပနည်းပညာတစ်ခုဖြစ် သည့် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာနည်းပညာဖိုရမ် (Forum on Automotive Industrial Engineering Technology) သို့ ပါ တက်ရောက်ဆွေးနွေးခွင့်ရရှိခဲ့ရာမှ အစပြုကာ အဆိုပါအသင်းကြီးကို ဖွဲ့စည်းတည်ထောင်ရန် အားထုတ်ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအသင်းကြီးကို ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် စက်မှု ဝန်ကြီးဌာန၏ အငြိမ်းစားဒုတိယဝန်ကြီး ဝါရင့်မော်တော်ယာဉ်အင်ဂျင်နီ ယာ ဦးခင်မောင်ကျော်၊ အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၏ ပထမဦးဆုံးသော အထွေထွေမန်နေဂျာ(အငြိမ်းစား) ဝါရင့်မော်တော်ယာဉ် အင်ဂျင်နီယာ ဦးစိန်ထွန်းနှင့် ရန်ကုန်စက်မှုတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာဌာန၏ ဝါရင့်အငြိမ်းစားပါမောက္ခ ဒေါက်တာခင်မောင်တင်တို့အား နာယကကြီးများအဖြစ် အမှူးထားလျက် ဦးဆောင်ဦးရွက်ပြုစေကာ Professor Engr. Ko Ko Aung (သိပ္ပံစာရေးဆရာကိုကိုအောင်)က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အင်ဂျင်နီယာပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများမှ အငြိမ်းစား အင်ဂျင်နီယာချုပ်ကြီးများနှင့် အမှုဆောင်ဒါရိုက်တာကြီးများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစားဝါရင့်အင်ဂျင်နီ ယာမှူးကြီးများ စသော ပြည်တွင်း၊ပြည်ပအတွေ့အကြုံ နှစ်ပေါင်းသုံးဆယ် ကျော်ရှိသည့် အင်ဂျင်နီယာပညာရှင်ကြီးများစွာဖြင့် ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းခဲ့သည်။
အဆိုပါအသင်းကြီးတွင် ဒုတိယဥက္ကဋ္ဌအဖြစ် United Paint Group Co.,(UPG) ၏ အင်ဂျင်နီယာနည်းပညာဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနွယ်နီဝေကလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်များအဖြစ် ရန်ကုန်စက်မှုတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှသန်း၊ အငြိမ်းစားအင်ဂျင်နီယာချုပ် ဦးကြည်ဝင်း၊ Uni Asia Auto Works ၏ အင်ဂျင်နီယာချုပ် ဦးချစ်အောင်၊Win Top Engineering Co., ၏ အင် ဂျင်နီယာနည်းပညာဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဦးသန်းဝင်း၊ တပ်မ တော်နည်းပညာတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာကျော်ကျော် မိုး၊ Wisdom Engineering Consultancy ၏ အင်ဂျင်နီယာနည်းပညာ ဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်သီတာ၊ အငြိမ်းစားအမှုဆောင် အင်ဂျင်နီယာ ဒေါ်ခင်ထွေးလှ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အငြိမ်းစား အင်ဂျင်နီယာမှူးကြီးများဖြစ်ကြသော ဦးခင်မောင်ဝင်း နှင့် ဦးမောင်တိတ်၊Nann Htike San Transportation Co., ၏ အမှု ဆောင်အရာရှိချုပ်နှင့် အင်ဂျင်နီယာချုပ် ဦးမင်းဦး၊ မှော်ဘီနည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီလွင်၊Dana Sanyar Eng-ineering Co., ၏ အမှုဆောင်အရာရှိချုပ်နှင့် အင်ဂျင်နီယာချုပ် ဦးရဲလင်း၊ မှော်ဘီနည်းပညာတက္ကသိုလ်၏ ပါမောက္ခဒေါက်တာမျိုးဇော်မင်းနှင့် Chiyoda & Public Works Co.,Ltd ၏ အကြီးတန်းအင်ဂျင် နီယာ ဒေါ်နန်းမေဇင်ထိုက်တို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။
မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာ၊ နည်းပညာ နှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးတည်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ မော်တော်ယာဉ်အင်ဂျင်နီယာပညာ/နည်း ပညာနှင့် ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့အစည်းများ၊ အင်ဂျင်နီယာတက္ကသိုလ် များနှင့် နည်းပညာတက္ကသိုလ်များ၊ သုတေသနလုပ်ငန်းဆိုင်ရာအဖွဲ့ အစည်းများ၊ ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်နည်းပညာကွန်ရက်များ နှင့် ထုတ်လုပ်မှုဆိုင်ရာကွန်ရက်များ စသည်တို့နှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရန်အတွက် အားထုတ်ကြိုးပမ်းခဲ့သော အဆိုပါအသင်းကြီးအဖို့ လေးနှစ်တာမျှကာလအတွင်းမှာပင် ထူးခြားသော သမိုင်းမှတ်တိုင် များကို စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here