မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ခြောက်ရာကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၅၉ ဒသမ ၅၆ ဘီလျံရှိ

618

ရန်ကုန်၊ ဇွန်

မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ် မှုတွင် ဂျပန်ကုမ္ပဏီများက ရင်းနှီး မြှုပ်နှံမှု အများဆုံးဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ခြောက်ရာကျော်နှင့် နိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ကျပ် ၅၉ ဒသမ ၅၆ ဘီလျံရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ 

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ခွင့်ပြုထားရာတွင် Suzuki အမှတ် တံဆိပ် မော်တော်ယာဉ်များ တပ် ဆင်ထုတ်လုပ် ရောင်းချခြင်းအ တွက် Suzuki Myanmar Motor Co.,Ltd ၊ Khine Khine Sang Da Group Co.,Ltd ၊ Nissan အမှတ်တံဆိပ် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း အတွက် Tan Chang Motor Myanmar Co.,Ltd  ၊ SC Neustar  အမှတ်တံဆိပ် ခရီးသည်တင်ယာဉ် များ တပ်ဆင်ထုတ်လုပ် ရောင်း ချခြင်းအတွက် SC Auto Myanmar Company Limited ၊ Ford အမှတ်တံဆိပ် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်ရောင်းချ ခြင်းအတွက် Capital Motors Limited ၊ Gold AYA Motors International Group Co.,Ltd ၊ Shwe Daehan Motors Co.,Ltd ၊ Daewoo ခရီးသည်တင်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း အတွက် Daweoo Bus Myanmar Co.,Ltd ၊ Borgward အမှတ်တံ ဆိပ် SUV ကားများ တပ်ဆင်ထုတ်လုပ်ခြင်းအတွက် Go Excellent Myanmar Co.,Ltd  တို့ကို ခွင့်ပြု ထားကြောင်း သိရသည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ခွင့်ပြုရာတွင် Micro Bus မော် တော်ယာဉ်များ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းအတွက် Rammar Automobile Manufacturing & Trading Co.,Ltd ၊ Myanmar General Motor Co.,Ltd ၊ KIA အမှတ် တံဆိပ်မော်တော်ယာဉ်များ ထုတ် လုပ်ခြင်းအတွက် Super Seven Star Motors Industry Co.,Ltd ၊ Dynamic Industry Co.,Ltd ၊ Myanmar Economic Holding Ltd  ၊ Myanmar Motor Corporation Public Company Limited ၊ Myanmar Motor Corporation Public Company Limited  ၊ Aung Gabar Motor Services Company Limited ၊ Brilliance အမှတ်တံဆိပ် SUV ကားများ တပ်ဆင်ထုတ်လုပ် ရောင်း ချခြင်းအတွက် Myanmar Brilliance တို့ကို ခွင့်ပြုထားသည်။

MIC မှ မော်တော်ယာဉ် တပ် ဆင်ထုတ်လုပ်မှုအတွက် ကုမ္ပဏီ ၁၇ ခုအထိ ခွင့်ပြုထားရာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကုမ္ပဏီ ကိုးခုမှ အမေရိကန်ဒေါ်လာ ၆၆၂ ဒသမ ဝ၉၁ မီလျံနှင့် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှုဖြင့် ကုမ္ပဏီ ရှစ်ခုမှ ကျပ် ၅၉ ဒသမ ၅၆ ဘီလျံ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။ ထိုရင်းနှီး မြှုပ်နှံမှုများတွင် ဂျပန်ကုမ္ပဏီများမှ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ သိရသည်။

ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here