မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒ အပြောင်းအလဲ ရှိ၊မရှိ စောင့်ကြည့်မှုများရှိသော်လည်း နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများ အရောင်းအဝယ် ဆက်လက်ကောင်းနေသည့် ကားစျေးကွက်

1402
Page(Test)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲကြောင့် မော် တော်ယာဉ်တင်သွင်းခွင့်မူဝါဒနှင့် မော်တော်ယာဉ်များအပေါ် ကောက်ခံနေ သည့် အခွန်နှုန်းထားများအား ဖြေလျှော့ပေးနိုင်ဖွယ် မရှိသော်လည်း ကား လောကရပ်ဝန်းတွင် ဖြေလျှော့မှုတစ်ခုခုပေးမည်အထင်ဖြင့် စောင့်ကြည့်မှု များ ရှိနေကြသည်။ ကားလုပ်ငန်းရှင်များနှင့် ကားဝယ်မည့်သူအချို့ စောင့် ကြည့်မှုများရှိသော်လည်း ကားအရောင်းအဝယ်များမှာ ပုံမှန်အတိုင်း ဖြစ်နေကာ ၁၃ဝဝ စီစီ ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား ကားများမှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးဖြင့် အရောင်းအဝယ်ပိုဖြစ်နေသည်။ စျေး ကွက်ထုံးစံအတိုင်း နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများ အဝယ် လိုက်နေသဖြင့် ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီကားများဖြစ်သည့် Honda Fit ၊ Fit Shuttle ၊ Honda Fit GK3 ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox တို့မှာ တက်စျေးဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ရန်ကုန်လိုင်စင်ရရှိပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့် SKD ကားများ အဝယ်ပြန်လိုက်နေသည်။ အင်ဂျင်ပါဝါအမြင့် ကားများထဲမှတွင် Alphard ၊ Kluger ၊ Vanguard ၊ CRV ၊ Harrier ၊ Land Cruiser  တို့ အရောင်းအဝယ် အနည်းငယ်ပြန်အေးသွားသည်။ Consignment လက် ကျန်ကားများနှင့် CBU ဖြင့် တင်သွင်းထားသော Brand New ကားများ မှာ စလစ်စျေးမြင့်တက်နေခြင်းကြောင့် အရောင်းအဝယ် အေးနေသည်။

‘‘ဒီရက်ပိုင်းစျေးကွက်ထဲမှာ ဂျပန်ညာမောင်းကားတွေက ပိုပြီး အ ရောင်းအဝယ်ဖြစ်နေပါတယ်၊ စျေးကွက်ထဲမှာ ဝယ်လက်တချို့က ဝန်ကြီး အပြောင်းအလဲကြောင့် ညာမောင်းကားတင်သွင်းခွင့် ပြန်ပေးမလား၊ ကား တင်သွင်းမှုတွေအပေါ် ကောက်ခံနေတဲ့အခွန်တွေ ဖြေလျှော့ပေးနိုင်မလား ဆိုပြီး စောင့်ကြည့်နေတာ တွေ့ရပါတယ်၊ အခု ပြောင်းလဲတဲ့ဝန်ကြီးက မော်တော်ယာဉ်မူဝါဒနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့သူ မဟုတ်သလို၊ ညာ မောင်းကားတင်သွင်းခွင့်ကလည်း ပြန်လည်ခွင့်ပြုပေးဖို့ မရှိနိုင်ဘူးလို့ ထင် ပါတယ်၊ ဝန်ကြီး အပြောင်းအလဲကြောင့်တော့ ချထားပြီးသား ပေါ်လစီ တစ်ခုက လွယ်လွယ်ပြောင်းလဲနိုင်ဖို့ မရှိတာကို သိကြတဲ့အဝယ်တွေက တော့ အခုအချိန်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးနဲ့ ညှိနှိုင်းဝယ်ယူတာတွေ ရှိတဲ့အတွက် ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်၊ အရစ်ကျဝယ်ယူ မှုစနစ် တဖြည်းဖြည်း ပိုပြီးအားကောင်းလာတဲ့အတွက် ရန်ကုန်လိုင်စင်ရပြီး အရစ်ကျစနစ်နဲ့ နှစ်ရှည်ဝယ်ယူနိုင်လို့ ဘယ်မောင်းကားစျေးကွက်လည်း ပြန်ကောင်းလာတာ တွေ့ရပါတယ်၊ ပြည်ပက တင်သွင်းတဲ့ Brand New ကားတွေမှာ စလစ်စျေးမြင့်နေလို့ နယ်လိုင်စင်တွေနဲ့ ပိုပြီးအရောင်းအဝယ် ဖြစ်တာ တွေ့ရပါတယ်၊ Brand New ကားစျေးကွက်မှာ ပြည်တွင်းထုတ် ကားတွေကတော့ စျေးနှုန်းသင့်တင့်မှုနဲ့ ရန်ကုန်လိုင်စင်ရရှိခြင်း၊ အရစ် ကျစနစ်နဲ့ ဝယ်ယူလို့ရခြင်း စတဲ့ အားသာချက်တွေကြောင့် CBU ကား တွေထက် အရောင်းအဝယ်ပိုကောင်းနေပါတယ်’’ဟု ‘မင်းမြန်မာချစ် ခန့်မိသားစုကုမ္ပဏီ’မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်ဖေက ပြောသည်။

လက်ရှိ ကားစျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ညာမောင်း ကားများမှာ စျေးကွက်ဝယ်လိုအား များနေပြီး Honda Fit ၂ဝဝ၈/၂ဝဝ၉ မိုဒယ်(ရန်ကုန်လိုင်စင်)ကို ကျပ် သိန်း နှစ်ရာဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၇ဝ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ ထို့ပြင် Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း လေးရာဝန်းကျင်၊ Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း လေးရာဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ် ၅၂၅ သိန်းဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၆ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ် ၆၂၅ သိန်းဝန်းကျင်တွင် အရောင်း အဝယ် ဖြစ်သည်။ တက္ကစီများထဲတွင် Toyota Probox ၊ Toyota Fielder ၊ Nissan AD Van တို့မှာ တက်စျေးဖြင့် အရောင်းအဝယ် ဖြစ် နေသည်။

‘‘ဒီရက်ပိုင်း အရောင်းအဝယ်ထင်သလောက် မကောင်းတာက စက် မှုဝန်ကြီး အပြောင်းအလဲကြောင့်ဆိုတာထက် မိုးရာသီဖြစ်လို့ နယ်အဝယ် မျှော်မှန်းသလောက် မဆင်းတာကြောင့် ထင်ပါတယ်၊ ဒီရက်ပိုင်း ကား လာဝယ်တဲ့သူတွေက စက်မှုဝန်ကြီးအပြောင်းအလဲကြောင့် ကားစျေးကွက် အပြောင်းအလဲဖြစ်နိုင်လားဆိုပြီး မေးတာတွေလည်း ရှိပါတယ်၊ ပေါ်လစီ က ချမှတ်ပြီးသားဖြစ်တဲ့အတွက် တင်သွင်းခွင့်အပိုင်းမှာတော့ ညာမောင်း ကားတွေ ပြန်ပေးမလားဆိုရင် လူစီးကားတွေထက် လုပ်ငန်းသုံးကား တွေပဲ မျှော်လင့်လို့ရမယ်ထင်ပါတယ်၊ စျေးကွက်ရဲ့ထုံးစံအတိုင်း ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီကားတွေ အရောင်းအဝယ်ဖြစ်နေပြီး ပြည်တွင်းထုတ် SKD ကားတွေလည်း အရောင်းအဝယ် ဖြစ်ပါတယ်’’ဟု ‘United Eleven’မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ် မလာသေးသလို ၂ဝဝ၃ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ်များကို လူစီးစလစ်ဖြင့် အပ်နှံခွင့်ပေးနေပြီဖြစ်သောကြောင့် ရောင်းကား ထွက် မလာသဖြင့် ယာဉ်အို/ဟောင်းအပ်ကား ရှားပါးနေသည်။ စျေးကွက် အတွင်း၌ အပ်ကားရှားပါးနေခြင်းကြောင့် စလစ်စျေးမှာ အမြင့်စျေးတွင် ရပ်တန့်နေသည်။ ရန်ကုန်လိုင်စင်ရယူလိုသည့် Brand New ကား များ လာခြင်းနှင့်အတူ ကားအရောင်းစင်တာများမှ တင်သွင်းထားသော စလစ် ကပ် ဂျပန်ညာမောင်း လက်ကျန်ကားများကို ဝယ်ယူခွင့်ပါမစ်လျှောက်ရန် စလစ်လိုအပ်နေ၍ စလစ်လိုအပ်ချက်လည်း ရှိနေသည်။

‘‘ယာဉ်ရောင်းဝယ်ရေးစခန်းမှာရှိတဲ့ ညာမောင်းကားတွေက ကား သစ်စျေးနီးနီး ဖြစ်နေတ့ဲအတွက် အရောင်းအဝယ် နည်းနည်းအေးပါတယ်၊ မိုးရာသီလည်းဖြစ်တဲ့အတွက် နယ်အဝယ်လည်း ပျောက်နေပါတယ်၊ ဒီအ ချိန်မှာ လက်ထဲမှာရှိနေတဲ့ကားကို ထုတ်ရောင်းပြီးရင် ရောင်းကား ပြန် ကောက်ဖို့က မလွယ်တဲ့အတွက် တစ်နိုင်တစ်ပိုင် ဝယ်/ရောင်းအများစုက သင့်တင့်တဲ့အမြတ်ရမှပဲ ထုတ်ရောင်းကြတော့ အရောင်းအဝယ်ဖြစ်တာ နည်းပါတယ်’’ဟု ကားဝယ်/ရောင်း ဦးတင်အောင်က ဆိုသည်။

စလစ်ရှားပါးခြင်းကြောင့် ရန်ကုန်လိုင်စင်နှစ် နှစ်ဆယ် အမည်ပေါက် စလစ် ကျပ် ၁၄၂ သိန်း၊ ဇုန်(လူစီး)စလစ် ကျပ် ၁၃၈ သိန်း၊ တိုက်ကြေ စလစ် ကျပ် ၁၂၇ သိန်း၊ Truck စလစ်(အဝယ်ရှား)ကျပ်သိန်း လေးဆယ် ဝန်းကျင်တို့တွင် ပေါက်စျေးများရှိနေေြကာင်း ကားေစျးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here