မော်တော်ယာဉ်ကို သတ်မှတ်အမြန်နှုန်းထက် ပို၍မောင်းနှင်ပါက ထောင်ဒဏ် တစ်လ၊ သို့မဟုတ် ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ချမည်

309

 

ရန်ကုန်၊ ဇွန် ၁၇
မော်တော်ယာဉ်ကို သတ်မှတ်အ မြန်နှုန်းထက် ပို၍မောင်းနှင်ပါက ထောင်ဒဏ် တစ်လ၊ သို့မဟုတ် ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ် ချမှတ်မည်ဖြစ်ကြောင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ကြေညာချက်များအရ သိရသည်။

၂ဝ၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေတွင် မော်တော်ယာဉ်ကို သတ်မှတ်အမြန်နှုန်းထက် ပို၍ မောင်းနှင်ခြင်း၊ သို့မဟုတ် သတ်မှတ်အမြန်နှုန်းအောက် လျှော့၍ မောင်းနှင်ခြင်း မပြုရန် ကြေညာခဲ့ ပြီး ပြစ်ဒဏ်အနေဖြင့် ဒဏ်ကြေး ကျပ် ငါးသောင်း သတ်မှတ်ခဲ့သည်။ လက်ရှိ ကြေညာထားသည့် ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော် တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေတွင် ယင်းတားမြစ်ချက်အတွက် ဒဏ် ကြေးကို တိုးမြှင့်ခဲ့သည်။ ဥပဒေအ သစ်၏ အခန်း ၁၄ ပြစ်ဒဏ်များ ပုဒ်မ ၉၃(က)တွင် မည်သည့် မော် တော်ယာဉ်ပိုင်ရှင်၊ သို့မဟုတ် မော် တော်ယာဉ်အတွက် တာဝန်ရှိသူမ ဆို ပုဒ်မ ၈၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ဆိုသည်။

“ဥပဒေသစ်မှာ မော်တော် ယာဉ်ကို သတ်မှတ်အမြန်နှုန်းထက် ပိုပြီး မောင်းနှင်ရင် ဒဏ်ငွေ တစ် သိန်း၊ ထောင်ဒဏ် တစ်လဆိုပြီး ပြစ်ဒဏ်တွေ တိုးမြှင့်ထားပါတယ်၊ များသောအားဖြင့် တရားသူကြီးက ငွေဒဏ်ပဲ ချတာ များပါတယ်၊ ထောင်ဒဏ်တော့ ချတာမရှိသေးပါ ဘူး၊ ဒါကြောင့် မြို့တွင်းပဲဖြစ်ဖြစ်၊ မြို့ပြင်ပဲဖြစ်ဖြစ် သတ်မှတ်ကီလို ထက်ပိုပြီး မောင်းနှင်မယ်ဆိုရင် ဒဏ်ငွေတစ်သိန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်”ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုဦးစီးမှူး ဦးဆန်းထွန်းက ပြောသည်။

လက်ရှိတွင် ဥပဒေအသစ် ထုတ်ပြန်ပြီးနောက် မြို့တွင်း၌ အ ရှိန်ပြင်းမောင်းနှင်မှုဖြင့် စစ်ဆေးအ ရေးယူခဲ့သည့် ယာဉ်မရှိသေးသလို အမြန်လမ်းတွင်လည်း သတ်မှတ် ကီလိုထက်ကျော်၍ မောင်းနှင်ခြင်း ကြောင့် အရေးယူခံထားရသည့် ယာဉ်မရှိသေးကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here