မော်တော်ဆိုင်ကယ်ဖြင့် မိနစ် သုံးဆယ်အတွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမည့် Grab-Food အစီအစဉ် မန္တလေးတွင် မိတ်ဆက်

226

 

မန္တလေး၊ ဇူလိုင်
Grab မှ မန္တလေးမြို့ရှိ စားသောက် ဆိုင်ပိုင်ရှင်များ Digital စနစ်သို့ ကူး ပြောင်း လုပ်ဆောင်နိုင်ရန်နှင့် စား သုံးသူများအနေဖြင့် ပူနွေးလတ်ဆတ် သော စားသောက်ဖွယ်ရာများကို မိနစ် သုံးဆယ်အတွင်း အရောက် ပို့ဆောင်ပေးမည့် GrabFood အစီအစဉ်ကို မန္တလေးမြို့တွင် စတင် မိတ်ဆက်လိုက်ကြောင်း သိရသည်။

“စားသောက်ဆိုင် အများစု ပြန်ပြီးရပ်တည်နိုင်အောင် ကြိုးစားနေရတဲ့အချိန်မှာ စီးပွားရေးအရ ပိုပြီး မြန်မြန် ကုစားနိုင်အောင် Digital စနစ်ပြောင်းလဲဖို့ ကူညီပေးချင်မိတယ်၊ ဒီလိုသာ ကူညီပေး လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မိတ်ဖက်စားသောက်ဆိုင်တွေ လည်း တိုးတက်လာမယ်လို့ ယုံကြည်တယ်၊ အခု Digital စနစ်မှာဆိုရင် အသေးစားဆိုင်လေးတွေ အတွက် အရမ်းအရေးကြီးတယ်” ဟု Grab Food Myanmar ၏Department Head ဖြစ်သူ ကို မြတ်ကောင်းမင်းက ပြောသည်။

Grab App သို့ ဝင်ရောက်၍ မိမိစားသုံးချင်သည့် စားသောက် ဖွယ်ရာများကို Grab Food ဝန်ဆောင်မှုမှ မှာယူခြင်းဖြင့် မိနစ် သုံးဆယ်အတွင်း မော်တော်ဆိုင်ကယ်နှင့် အရောက် ပို့ဆောင်ပေးမည်ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် စတင်ရရှိနေပြီဖြစ်ကြောင်း၊Grab Food သည် တရားဝင်မှတ်ပုံ တင်ထားသည့် လိုင်စင်ရ မိတ်ဆက် စားသောက်ဆိုင်များဖြင့်သာ ချိတ်ဆက်ထားသည့်အပြင် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးမည့် Grab Food မှDelivery သမားများကိုလည်း တစ်ကိုယ်ရေ သန့်ရှင်းမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း Grab မှ သိရ သည်။

“Grab App ကနေ အဆင့်သုံးဆင့်ပဲ နှိပ်လိုက်ရုံပဲ၊ ၂၄ နာရီ လုံး ဘယ်အချိန်မဆို ဆက်သွယ်မှာယူနိုင်မှာ ဖြစ်ပါတယ်”ဟု Grab Food Myanmar မှ Department Head ဖြစ်သူ ကိုမြတ်ကောင်းမင်း က ထပ်မံဆိုသည်။

မန္တလေးမြို့သို့ Grab Food စတင်ရောက်ရှိလာခြင်း အထိမ်းအမှတ်အဖြစ် Grab App မှတစ်ဆင့် ပထမဦးဆုံးမှာယူသည့် အော်ဒါ နှစ်ခုအတွက် အခမဲ့ပို့ဆောင်ပေးမည့်အပြင် သုံးထောင်ကျပ် လျှော့စျေးကိုလည်း ခံစားခွင့်ရရှိမည်ဖြစ်ကာ အနည်းဆုံး ငွေကျပ်ငါးထောင်ဖိုးမှာယူသည့် အော်ဒါများသည် NEWFOODIE ပရိုမို ကုတ်ကို အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here