မော်စကိုမြို့ရှိ ဆောက်လုပ်ရေးပစ္စည်း အရောင်းစင်တာတစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းရာမှ အရောင်းစင်တာ၏ မြေအောက်ကားပါကင်ရှိ ကားများပါ မီးလောင်ပေါက်ကွဲခဲ့

542

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Sindika ဆောက်လုပ်ရေးပစ္စည်း အရောင်းစင်တာတွင် မီးအကြီး အကျယ်လောင်ကျွမ်းခဲ့ရာ ယင်းအဆောက်အအုံ၏ မြေအောက် ကားပါကင်ရှိ ကားများကိုပါ မီးကူးခဲ့ပြီး ကားများ ပေါက်ကွဲပျက်စီးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်တွင် Daily Mail သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

မြေညီထပ်မှ စတင်လောင် ကျွမ်းသည့် ယင်းမီးလောင်မှုကြောင့် ပြိုကျပျက်စီးမှုများဖြစ် ပေါ်ပြီး ဈေးလာဝယ်သူများ၊ အရောင်းစင်တာ ဝန်ထမ်းများအပါအဝင် လူပေါင်း သုံးထောင်ခန့် မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။ မီးများသည့်အတွက် ဂိုဒေါင်၏ မြေညီထပ်မှ မြေ အောက်ကားပါကင်သို့ မီးမကူး ခင် မီးသတ်သမား တစ်ရာခန့်က ကြိုးစားပမ်းစား ငြှိမ်းသတ်ခဲ့ကြ သလိုKa-32 ရဟတ်ယာဉ်နှစ်စီး ဖြင့်ပါ မီး ငြှိမ်းသတ်ခဲ့ကြသော်လည်း လောင်ကျွမ်းသည့် မီးအပူရှိန် ပြင်းထန်လွန်းသည့်အတွက် မြေအောက်ကားပါကင်ရှိ ကားအမြောက်အမြားမှာ ပေါက်ကွဲပျက်စီးခဲ့ရသည်ဟု မျက်မြင် သက်သေများကဆိုသည်။ ”မီး အပူရှိန် အရမ်းမြင့်တဲ့အတွက် မြေအောက်ထပ်က ကားတွေ အားလုံးနီးပါး ပေါက်ကွဲလောင် ကျွမ်းကုန်တယ်၊ အဆောက်အ အုံတစ်ခုလုံးလည်း မီးတောက်တွေနဲ့ဖုံးသွားခဲ့တယ်” ဟု မျက် မြင်သက်သေတစ်ဦးက ပြော သည်။

ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းဓာတ်ပုံများအရ ကယ် ဆယ်ရေးဝန်ထမ်းများသည် ပြင်းထန်ဆိုးရွားသည့် အခြေအနေအား ထိန်းချုပ်နိုင်အောင် ဝိုင်းဝန်း ကြိုးစားခဲ့ကြသည်ကို တွေ့မြင်ရသည်။ ရဟတ်ယာဉ်များပေါ်မှ မီးသတ်သမားများကလည်း မီးလောင်ကျွမ်းနေသည့် အဆောက်အအုံအပေါ်သို့ ရေများလောင်းချကာ ငြှိမ်းသတ် ပေးခဲ့ကြသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများအား တာဝန်ရှိသူများက စုံစမ်းစစ် ဆေးနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

 

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here