မေလ ပထမပတ်တွင် 6P/9000 ကျော်ရောက်ရှိနေပြီး  Q  အက္ခရာလေးလုံး  အပူးနံပါတ်အလှများ ဝယ်ယူမှုများပြား

733

ရန်ကုန်၊ မေ

မေလ ပထမပတ်တွင် 6P/9000 ကျော် ရောက်ရှိနေပြီး Q အက္ခရာ လေးလုံး အပူးနံပါတ် အလှများ ဝယ်ယူမှုများပြားနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

6P နံပါတ်များ ထုတ်ပေးနေစဉ်အတွင်း 7P လေးလုံးပူးနံပါတ် အားလုံးရောင်းချထားပြီး 9P လေးလုံးပူးနံပါတ်များထဲတွင် 9P/3333 တစ်ခုသာ ရောင်းချရန်ကျန်ရှိတော့ကြောင်း သိရသည်။ 9P လေးလုံးပူးနံပါတ်များထဲမှ 9P/1111 ကို ကျပ်သိန်း လေးဆယ်၊ 9P/2222 ကျပ် ၅၂ သိန်း၊ 9P/4444 ကို ကျပ် ၄၄ သိန်း၊ 9P/5555 ကျပ် ၅၂ သိန်း၊ 9P/6666 ကို ကျပ် ၆၄ သိန်း၊ 9P/7777 ကို ကျပ် ၆၂ သိန်း၊ 9P/8888 ကို ကျပ် ၉၈ သိန်း၊ 9P/9999 ကို ကျပ် ၁၇၂ သိန်းတို့ဖြင့် ရောင်းချထားကြောင်း သိရသည်။

တစ်ပတ်အတွင်း ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ် ရောင်းချမှုစာရင်း များအရ 6P/8900 ၊6P/8299 ၊ 6P/9198 ၊ 6P/9333 ၊6P/9119 ၊ 6P/8566 ၊ 6P/8778 ၊6P/9339 ၊ 6P/9393 ၊ 6P/9699 ၊ 6P/9299 ၊ 6P/9574 ၊6P/9939 စသည့် နံပါတ်များကို ကျပ် ငါးသိန်းစီ၊ 6P/9279 ၊ 6P/9696 ၊6P/9968 ၊ 7P/1771 ၊ 7P/1007 ၊ 7P/1024 ၊ 7P/1500 ၊ 7P/1616 စသည့် နံပါတ်များကို ကျပ် ခြောက်သိန်း၊  7P/1199 ၊ 7P/2799 ၊7P/2121 ၊ 7P/2700 ၊ 7P/2388 ၊7P/2929 နံပါတ်များကို ကျပ် ခုနစ်သိန်း၊ 7P/2777 ၊ 7P/3636 ၊ 7P/3366 ၊ 7P/3555 ၊ 7P/3330 ၊ 7P/3535 နံပါတ်များကို ကျပ် ရှစ်သိန်း၊ 7P/3388 ၊ 7P/3456 နံပါတ်များကို ကျပ် ကိုးသိန်း၊ 7P/5252 နံပါတ်ကို ကျပ် ၁ဝ သိန်း၊7P/7772 နံပါတ်ကို ကျပ် ၁၂ သိန်း၊ 7P/7666 ၊ 7P/7878 ၊ 7P/8199 နံပါတ်ကို ကျပ် ၁၃ သိန်း၊ 7P/7776၊ 7P/9099 နံပါတ်ကို ကျပ် ၁၄ သိန်း၊7P/9799၊ 7P/9339 နံပါတ်ကို ကျပ် ၁၅ သိန်း၊7P/9977၊ 7P/1688 နံပါတ်ကို ကျပ် ၁၆ သိန်း၊ 9P/3339 နံပါတ်ကို ကျပ် ၁၇သိန်းတို့ ဖြင့် ရောင်းချထားကြောင်းသိရသည်။

ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ နံပါတ်ထုတ်ပေးမှုစာရင်းများအရ ဧပြီ ၃ဝ ရက်တွင် 6P/9368 နှင့် HH/3748 သို့ ရောက်ရှိနေပြီး အဆိုပါနေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၄ဝ ကျပ် ဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။

ရဲထွန်းကျော်

 

LEAVE A REPLY

Please enter your comment!
Please enter your name here