မေလ နောက်ဆုံးပတ်တွင်  7P/6000  ကျော်ရောက်ရှိနေပြီး 1Q အက္ခရာ လေးလုံးပူးနံပါတ်များထဲမှ  သုံးခုသာ  ရောင်းချရန်ကျန်ရှိ

853

ရန်ကုန်၊ မေ

မေလ နောက်ဆုံးပတ်တွင် 7P/6000 ကျော် ရောက်ရှိနေပြီး 1Q အက္ခရာလေးလုံးပူး နံပါတ်များထဲမှ သုံးခုသာ ရောင်းချရန်ကျန်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

7P နံပါတ်များကို ထုတ်ပေးနေစဉ်အတွင်း 7P နှင့် 9P လေးလုံးပူးနံပါတ်အားလုံး ရောင်းချထားပြီးဖြစ်သလို 1Q အက္ခရာထဲမှ လေးလုံးပူးနံပါတ် သုံးခုသာ ရောင်းချရန်ကျန်ရှိသည်။ 1Q/1111 ကို ကျပ်သိန်းကိုးဆယ်၊ 1Q/5555 ကို ကျပ် ၅၂ သိန်း၊ 1Q/6666 ကို ကျပ် ၆၈ သိန်း၊ 1Q/7777 ကို ကျပ်သိန်းရှစ်ဆယ်၊ 1Q/8888 ကို ကျပ် ၈၆ သိန်း၊ 1Q/9999 ကို ကျပ် ၉၈ သိန်းတို့ဖြင့် ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

တစ်ပတ်အတွင်း ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ်ရောင်းချမှုစာရင်းများအရ 7P/4555 ၊ 7P/5388 ၊ 7P/5111 ၊ 7P/4789 ၊ 7P/5333 ၊ 7P/5522 ၊ 7P/5400 ၊ 7P/4999 ၊ 7P/5115 ၊ 7P/5677 ၊ 7P/6388 ၊ 7P/7088 ၊ 7P/6262 ၊ 7P/6615 ၊ 7P/7229 နံပါတ်များကို ကျပ်ငါးသိန်းစီ၊ 7P/5225 ၊ 7P/5668 ၊ 7P/5554 ၊ 7P/6300 ၊ 7P/5959 ၊ 7P/7757 ၊ 7P/8008 ၊ 7P/7729 ၊ 7P/7388 ၊ 7P/8168 ၊ 7P/7578 နံပါတ်များကို ကျပ်ခြောက်သိန်း၊ 7P/6665 ၊ 7P/7077 ၊ 7P/7177 ၊ 7P/7577 ၊ 7P/7575 ၊ 7P/6969 ၊ 7P/7794 ၊ 7P/7727 ၊ 7P/7626 ၊ 7P/7766 ၊ 7P/7787 ၊ 7P/8383 ၊ 7P/8880 ၊ 7P/8558 ၊ 7P/8997 ၊ 7P/8884 နံပါတ်များကို ကျပ်ခုနစ်သိန်းစီ၊ 7P/7771 ၊ 7P/7200 ၊ 7P/7688 ၊ 7P/7733 ၊ 7P/7977 ၊ 7P/7717 ၊ 7P/7755 ၊ 7P/8388 ၊ 7P/8802 ၊ 7P/9991 ၊ 7P/9391 ၊ 7P/9555 ၊ 7P/9994 နံပါတ်များကို ကျပ်ရှစ်သိန်းစီ၊ 7P/8883 ၊ 7P/8885 နံပါတ်များကို ကျပ်ကိုးသိန်းစီ၊ 7P/9995 ၊ 7P/9666 ၊ 7P/9979 ၊ 7P/9889 ၊ 9P/1188 ၊ 9P/2277 နံပါတ်များကို ကျပ် ၁ဝ သိန်း စီ၊ 9P/4599 ၊ 9P/4554 ၊ 9P/4588 ၊ 9P/3838 ၊ 9P/3555 နံပါတ်များကို ကျပ် ၁၂ သိန်းစီ၊ 9P/6668 ကို ကျပ် ၁၅ သိန်း၊ 9P/9900 ၊ 9P/8688 ၊ 9P/7887 ၊ 9P/7778 နံပါတ်များကို ကျပ် ၁၇ သိန်းစီ၊ 9P/9995 ၊ 1Q/1688 ကို ကျပ် ၁၈ သိန်းစီ၊ 1Q/8899 ကို ကျပ် ၂၆ သိန်း၊ 1Q/9799 ကို ကျပ် ၂၇ သိန်းတို့ဖြင့် ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာန၏ နံပါတ်ထုတ်ပေးမှုအရ မေ ၂၃ ရက်တွင် 7P/6704 နှင့် HH/3796 ရောက်ရှိနေပြီး အဆိုပါနေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၅၃ ကျပ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here