မေလ ဒုတိယပတ်တွင် 7P နံပါတ်များ စတင်ထုတ်ပေးနေပြီး 9P အက္ခရာထဲမှ လေးလုံးပူးနံပါတ်အားလုံး ကြိုတင်ရောင်းချထား

611

ရန်ကုန်၊ မေ

မေလ ဒုတိယပတ်တွင် 7P နံပါတ်များ စတင်ထုတ်ပေးနေပြီး 9P အက္ခရာထဲမှ လေးလုံးပူးနံပါတ်အားလုံး ကြိုတင်ရောင်းချထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

7P နံပါတ်များ ထုတ်ပေးနေစဉ်အတွင်း 9P လေးလုံးပူးနံပါတ်များ ရောင်းချထားပြီးဖြစ်ရာ 9P/1111 ကို ကျပ်သိန်းလေးဆယ်၊ 9P/2222  ကို ကျပ် ၅၂ သိန်း၊ 9P/3333 ကို ကျပ် ၃၄ သိန်း၊ 9P/4444 ကို ကျပ် ၄၄ သိန်း၊ 9P/5555 ကို ကျပ် ၅၂ သိန်း၊ 9P/6666 ကို ကျပ် ၆၄ သိန်း၊ 9P/7777 ကို ကျပ် ၆၂ သိန်း၊ 9P/8888 ကို ကျပ် ၉၈ သိန်းနှင့် 9P/9999 ကို ကျပ် ၁၇၂ သိန်းတို့ ဖြင့် ရောင်းချထားကြောင်း သိရသည်။

တစ်ပတ်အတွင်းယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ်ရောင်းချမှု စာရင်းများအရ 6P/9588 ၊ 6P/9698 ၊ 6P/9798 ၊ 6P/9981 ၊ 6P/9972၊ 6P/9959 ၊ 6P/9766 ၊6P/9929 ၊ 6P/9877 ၊ 6P/9866 ၊ 6P/9855 ၊ 7P/1807 ၊ 7P/1233 ၊ 7P/2018 နံပါတ်များကို ကျပ်ငါးသိန်းစီ၊ 7P/1177 ၊ 7P/1515 ၊ 7P/1988 ၊ 7P/1133 ၊ 7P/1856၊ 7P/1727 ၊ 7P/1881 ၊ 7P/1155 ၊ 7P/1555 ၊ 7P/1588 ၊ 7P/1166 ၊ 7P/1989 ၊ 7P/1116 ၊ 7P/1115 ၊ 7P/1991 ၊ 7P/1277 ၊ 7P/1331 ၊ 7P/1001 ၊ 7P/1008 ၊7P/1557 ၊ 7P/2299 နံပါတ်များကို ကျပ်ခြောက်သိန်းစီ၊ 7P/2555 ၊ 7P/2255 ၊ 7P/2333 ၊ 7P/2223 ၊ 7P/2070 ၊ 7P/3355၊ 7P/3551 ၊ 7P/3699 နံပါတ်များကို ကျပ်ခုနစ်သိန်းစီ၊ 7P/3663၊ 7P/3338 ၊ 7P/4343 ၊ 7P/5000 ကို ကျပ်ရှစ်သိန်းစီ၊ 7P/4777 ၊ 7P/4134 ၊ 7P/5777 ၊ 7P/5858 နံပါတ်များကို ကျပ်ကိုးသိန်းစီ၊ 7P/5445 ကို ကျပ် ၁ဝ သိန်း၊ 7P/6633 ကို ကျပ် ၁၁ သိန်း၊ 7P/7700 ၊ 7P/7988 ၊ 7P/8118 ၊ 7P/9997 ကို ကျပ် ၁၃ သိန်းစီ၊ 7P/9779 ၊ 7P/9899 ၊ 7P/9990 ကို ကျပ် ၁၄ သိန်းစီ၊9P/3999 ကို ကျပ် ၁၇ သိန်း၊ 9P/5999 ကို ကျပ် ၁၉ သိန်း၊ 9P/6999 ကို ကျပ် သိန်းနှစ်ဆယ်၊ 9P/8988 ကို ကျပ် ၂၂ သိန်း၊ 9P/9599 ၊ 9P/9888 ၊ 9P/9959 နံပါတ်များ ကို ကျပ် ၂၃ သိန်းတို့ဖြင့် ရောင်းချထားကြောင်း သိရသည်။

ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ နံပါတ်ထုတ်ပေးမှုအရ မေ ၇ ရက်တွင် 7P/1698 နှင့် HH/3757 ရောက်ရှိနေပြီး အဆိုပါနေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၄၃ ကျပ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here