မူ၀ါဒကြောင့် အနာဂတ်ကားလောကတွင် ဈေးကွကေ်၀စု ပိုများလာတော့မည့် SKD ကားများ

673

ဘာလေးဘာ လတွေဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နို၀င်ဘာနဲ့ ဒီဇင်ဘာလတွေဆိုရင် အရောင်းအ၀ယ်တွေ အေးလေ့ရှိတယ်လို့ ၀ါရင့် ကား၀ယ်/ရောင်းကြီးတစ်ဦးက ပြောခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော် တုန်းက နှစ်ကုန်ခါနီးပြီးဆိုရင် နောက်နှစ်အတွက် တင်သွင်းခွင့်ရမယ့် မို ဒယ်သတ်မှတ်ချက်တွေ၊ မူ၀ါဒအပြောင်းအလဲတွေကို စောင့်ကြည့်နေတဲ့ အတွက် ဘာလေးဘာလတွေမှာ အရောင်းအ၀ယ်အေးတယ်ဆိုတာ မှန်ခဲ့ ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မူ၀ါဒတစ်ခု ကြီးကြီးမားမား ပြောင်း လဲဖို့ဆိုတာ မရှိတော့တဲ့အတွက် စောင့်ကြည့်စရာလည်း မလိုတော့ပါဘူး။ ဒီနှစ်(၂၀၁၉)ကစပြီး တင်သွင်းရမယ့် မိုဒယ်တွေကို တစ်နှစ်စီပဲ တိုးသွား မှာ ဖြစ်တဲ့အတွက် လာမယ့်နှစ်ရဲ့ ကားတင်သွင်းခွင့်တွေက ထူးခြားမှု ရှိလာမှာ မဟုတ်ပါဘူး။ ခွင့်ပြုတဲ့မိုဒယ်တွေ မြင့်သွားသလို ညာမောင်း ကားတွေကိုတော့ ပြန်ပြီးတင်သွင်းခွင့်ပေးဖို့ အလားအလာ မရှိတဲ့အတွက် ကားသစ်စီးချင်ရင် ဘယ်မောင်း Brand New တွေကိုပဲ ရွေးချယ်ရတော့ မှာ ဖြစ်ပါတယ်။ Brand New ကားတွေထဲကမှ ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်တဲ့ SKD ကားတွေက ရန်ကုန်လိုင်စင်ရရှိသလို အခွန်တွေလည်း သက်သာတဲ့အတွက် အားသာချက်များစွာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ထဲမှာ SKD ကားတွေက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ဈေးကွကေ်၀စု ရရှိလာပါတယ်။

အနာဂတ်တွင် ဈေးကွကေ်၀စု ပိုများလာတော့မည် SKD ကားများ

၂၀၁၈ ခုနှစ် နောက်ပိုင်းကစပြီး ညာမောင်းကားတွေ တင်သွင်းတာကို ပိတ်လိုက်တဲ့အတွက် ကားလုပ်ငန်းရှင်တွေက တင်သွင်းမှုကနေ တပ်ဆင် ထုတ်လုပ်တဲ့ဘက်ကို ဦးတည်လာကြပါတယ်။ ဒါကြောင့်လည်း ၂ နှစ်အတွင်းမှာ Car Brand သစ်များစွာ ထွက်ပေါ်လာပြီး အများစုကတော့ China Brand တွေ ဖြစ်ပါတယ်။ ၂ နှစ်အတွင်းမှာ SKD စနစ်နဲ့ Hyundai ၊ Soueast ၊ Brilliance ၊ Changhe ၊ BAIC ၊ Borgward(MIC ကျပြီး) တို့ ၀င်ရောက်လာပြီး Brand အသီးသီးက မျှော်မှန်းတာထက်ပိုပြီး ဈေးကွက်အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီထဲမှာ Suzuki ၊ Hyundai ၊ Brilliance နဲ့Soueast တို့ဆိုရင်လည်း မျှော်မှန်း ထားတဲ့ အတိုင်းအတာထက် ဈေးကွကေ်၀စု ပိုရခဲ့ကြပါတယ်။ Brand သစ်တွေအပြင် Suzuki ၊Nissan ၊ Ford နဲ့ KIA တို့ဆိုရင်လည်း မိုဒယ်သစ်တွေ ထုတ်လုပ်ပြီး SKD ဈေးကွက်မှာ နေရာတစ်နေရာရ အောင် အခိုင်အမာတည်ဆောက်ထားပါတယ်။ SKD ဈေးကွက် အား ကောင်းလာတဲ့အတွက်လည်း လာမယ့်နှစ်မှာ Toyota ၀င်ရောက်လာမှာ ဖြစ်ပြီး တရုတ် Brand အသစ်တွေလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

SKD ကားတွေကို ဘယ်လိုထိန်းချုပ်မလဲ

ကားတင်သွင်းမှုကို ထိန်းချုပ်လိုက်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ နောက်ပိုင်းမှာ တပ်ဆင်ထုတ်လုပ်မှုကိုပဲ ဦးစားပေးပြီး လုပ်ကိုင်ကြတော့မှာ ဖြစ်ပါတယ်။ Car Brand တွေများစွာ ရင်းနှီးမြှုပ်နှံလာကြတာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပေမဲ့ Car Industry တိုးတက်ဖို့ဆိုရင်တော့ အရည် အသွေးမြင့်ကားတွေ ထုတ်လုပ်နိုင်ဖို့နဲ့ နည်းပညာရရှိဖို့လည်း လိုအပ်ပါ တယ်။ အခုအချိန်မှာ တချို့ Car Brand တွေက နောက်ပိုင်းမှာ ချမှတ် ထားတဲ့ SKD 1 နဲ့သွားသလို တချို့ Brand တွေကတော့ အရင်ချ မှတ်ထားတဲ့ SKD 2 နဲ့ ဆက်သွားနေပါတယ်။ ကားတစ်စီးတပ်ဆင်ထုတ် လုပ်မယ်ဆိုရင် အလုံးစုံတပ်ဆင်ထုတ်လုပ်တဲ့ CKD စနစ်နဲ့ တစ်စိတ် တစ်ပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်ဆိုပြီး ရှိပါတယ်။Car Industry ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံမှာတော့ SKD စနစ်နဲ့ပဲ ကားတွေ ထုတ်လုပ်နိုင်သေးပါတယ်။ အခုအချိန်မှာ SKD စနစ်နဲ့ ကားတွေ တပ်ဆင်ထုတ်လုပ်တဲ့အခါ SKD 1 ၊ SKD 2 ဆိုပြီး နှစ်ပိုင်းကွဲနေပါတယ်။ ပြည်တွင်းမှာ ကားတွေတပ်ဆင်ထုတ်လုပ်တာနဲ့ ပတ်သက်လို့ စက်မှု၀န်ကြီးဌာနကနေ ဥပဒေနဲ့နည်းဥပဒေတွေ ထုတ်ပြန် ကြေညာပေးမှာဖြစ်ပြီး SKD 1 နဲ့သွားနေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း SKD 2 နဲ့ ပြောင်းလဲထုတ်လုပ်ရမှာ ဖြစ်ပါတယ်။

SKD 1 နှင့် SKD 2 ကွဲပြားခြားနားမှု

SKD 1 စနစ်မှာ (၁) Engine Assembly ၊ Transmission & Cluth System ၊ (၂) Body And Chassis Group (Combination Meter ၊ Interior Trimming Parts ၊ Lamps ၊ Windshields နဲ့ Wire Harness များတပ်ဆင်ပြီး)၊ (၃) Front and Rear Axles ၊ (၄) Suspension Group ၊(၅) Steering Wheel ၊(၆) Exhaust System ၊ (၇) Wheels & Tyres ၊ (၈) Seat Assembly ၊ (၉)Door Group (Trimming Parts နဲ့ Electrical Parts များတပ်ဆင်ပြီး) လို့ သတ်မှတ်ထားပါတယ်။ SKD 2 ကတော့ SKD 1 မှာ ရေးဆွဲထားတဲ့ အချက် ကိုးချက်ထဲက နံပါတ်နှစ် အချက်ကို ပြင်ဆင်ပြီး Welded/Painted Body Witch Door Including Chassis Group ( Combination Meter ၊ Interior Trimming Parts ၊ Lumps ၊ Wind Shield and Wire Harness များ) မတပ်ဆင်ရလို့ သတ်မှတ်ခဲ့ပါတယ်။SKD 1 နဲ့ SKD 2 ရဲ့ အဓိကကွဲလွဲချက်က SKD 1 မှာ အတွင်းခန်းအပြင်အဆင်တွေ နဲ့ ၀ါယာရင်းလိုင်းတွေကို တပ်ဆင်ခွင့်ပြုပြီးSKD 2 မှာတော့ ဆေးမှုတ်ပြီး သား ကားကိုယ်ထည်ကိုသာ တင်သွင်းပြီး အတွင်းခန်းကို တပ်ဆင်ရမယ် ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကား Industry ဖွံ့ဖြိုးတိုးတက်ရန် မှန်ကန်သည့် ထုတ်လုပ်မှုဥပဒေကို ရေးဆွဲရန်လိုအပ်

ကား Industry ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ ကားတစ်စီးတပ်ဆင် ထုတ်လုပ်ပြီးရင် Safety ပိုင်းအတွက် လုံခြုံစိတ်ချမှု ရှိ/မရှိသိရဖို့ မာ ကျောတဲ့ နံရံတွေကို ၀င်တိုက်ပြီး Safety Rating Crash Test တွေ ပြုလုပ်ပါတယ်။ အင်ဂျင်ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိသိရအောင်လည်း Engine Testing တွေ ပြုလုပ်ပါတယ်။ အောက်ပိုင်းကြံ့ခိုင်မှု ရှိ/မရှိ သိရ အောင် လမ်းကြမ်းတွေ၊ မက်စောက်တဲ့ ကုန်းတက်၊ ကုန်းဆင်းတွေမှာ မောင်းနှင်ပြီး Suspension တွေ စမ်းသပ်ပါတယ်။ နောက်ပြီး လည် ပတ်နေတဲ့ တလိမ့်တုံးတွေပေါ်မှာ ကားကိုတင်ပြီး ဘရိတ်စနစ်တွေကိုလည်း စစ်ဆေးပါတယ်။ ဒါတွေအားလုံး စစ်ဆေးပြီးမှသာ မှတ်ပုံတင်ပြီး Customer လက်ထဲ အပ်ပါတယ်။ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေလည်း ကြံ့ခိုင်ကောင်းမွန်မှုရှိအောင် သက်ဆိုင်ရာ၀န်ကြီးဌာနတွေ နဲ့ Quality Control တွေ ပြုလုပ်သင့်ပါတယ်။ ဒါ့ပြင် နိုင်ငံခြားကား ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီJoint Venture အဖြစ် ထုတ်လုပ်တဲ့အခါ မှာလည်း နည်းပညာရရှိအောင် ပြုလုပ်သင့်ပါတယ်။ ဒါမှသာ SKD စနစ်နဲ့ ထုတ်လုပ်ရာကနေ CKD စနစ််ကို ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အခု အချိန်မှာတော့ ကားစက်ရုံတွေ စတင်၀င်ရောက်လာချိန်ဖြစ်ပြီး နည်းပညာ လည်း အားနည်းသေးတဲ့အတွက် ထုတ်လုပ်မှုဥပဒေမှာ ဖြေလျှော့မှုတွေ ရှိပေမဲ့ နောက်ပိုင်းမှာတော့ CKD စနစ်ကူးပြောင်းဖို့အတွက် တင်းတင်း ကြပ်ကြပ် ကိုင်တွယ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ကားတင်သွင်းခွင့် တင်း ကြပ်ထားချိန်မှာ ပြည်သူတွေ အရည်အသွေးမြင့်ကားတွေကို ဈေးသက် သက်သာသာနဲ့ စီးနင်းနိုင်ဖို့ဆိုတာက အစိုးရကချမှတ်မယ့် မော်တော် ယာဉ်ထုတ်လုပ်မှု ဥပဒေနဲ့ နည်းဥပဒေအပေါ်မူတည်သလို ကားထုတ်လုပ် တဲ့ Maker တွေရဲ့ ပေးဆပ်မှုအပေါ်မှာလည်း မူတည်ပါတယ်။

မော်တော်ယာဉ်တင်သွင်းခွင့် မူ၀ါဒတွေအရ တင်သွင်းမှုကို တင်းကြပ်ထားပြီး ထုတ်လုပ်မှုကဏ္ဍကို အခွင့်အရေးတွေ ပေးထား တဲ့အတွက် ကားတင်သွင်းတဲ့ လုပ်ငန်းရှင် တော်တော်များများ လည်း ထုတ်လုပ်တဲ့ဘက်ကို ဦးတည်လာကြပါတယ်။ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားသစ်တစ်စီးကို ၀ယ်ယူမယ်ဆိုရင်တော့ ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ ခိုင်မာမှုကို ကြည့်ရမှာ ဖြစ်ပါတယ်။ မူ၀ါဒ အားသာလို့ ခဏတာသဘောမျိုးနဲ့ ထုတ်လုပ်ပြီး ခေတ်မကောင်း တော့တဲ့ အချိန်မှာ နားလိုက်ရင် ဒီကုမ္ပဏီကားတွေကို ၀ယ်ထားပြီး ပျက်လို့၊ ထိမိခိုက်မိလို့ အပိုပစ္စည်းလိုတဲ့အခါ ရှာလို့လွယ်မှာ မဟုတ်ပါဘူး။ ရှေရည်မလုပ်ကိုင်ဘဲ အမြတ်တစ်ခုနဲ့ဖြစ်စေ ၊အရှုံး တစ်ခုနဲ့ဖြစ်စေ နားလိုက်ရင်တော့ နောက်ဆုံး End User တွေပဲ ထိခိုက်မှာပါ။ နောက်ပြီး ထုတ်လုပ်ရောင်းချမယ့် ကုမ္ပဏီရဲ့ Profile ကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက ရောင်းချပြီးတဲ့ကားကို After-sales Service တွေ ဘယ်လောက်အထိ ပေးမလဲ။Customer Service အတွက် ဘယ်လို၀န်ဆောင်မှုတွေ ပေးမလဲဆိုတာ အရေးကြီးပါတယ်။ ကိုယ်မသိတဲ့ Brand တစ်ခုကို ၀ယ်မယ်ဆိုရင်လည်း အရင်ဆုံး ဒီကားအကြောင်းကို အင်တာနက်က နေ သေချာလေ့လာပြီး ထုတ်လုပ်တဲ့ မိခင်ကုမ္ပဏီရဲ့ အောင်မြင်မှု အားသာချက်တွေကို ကြည့်ပြီးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အရေးကြီး ဆုံး အချက်တစ်ခုက ၀ယ်ပြီး ပြန်ရောင်းရင် အရှုံးသက်သာတဲ့ကားကို ရွေးချယ်၀ယ်ယူရမှာ ဖြစ်တယ်လို့ အကြံပြုလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here