မူဝါဒအသစ် ထွက်ပေါ်လာပြီးနောက်ပိုင်း ယခုနှစ်၏ စံချိန်တင် စျေးအဖြစ်   စလစ်စျေး   ကျပ်  ၁၃၇  သိန်းအထိ  မြင့်တက်သွား

734

မူဝါဒအသစ် ထွက်ပေါ်လာပြီး နောက်ပိုင်း ယခုနှစ်၏ စံချိန်တင် စျေးအဖြစ် စလစ်စျေး ကျပ် ၁၃၇ သိန်းအထိ မြင့်တက်သွားကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

 

၂ဝ၁၈ ခုနှစ်အတွက် မော် တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မို ဒယ်သတ်မှတ်ချက်များကို အောက် တိုဘာ ၁၇ ရက်က နိုင်ငံပိုင်သတင်း စာများမှတစ်ဆင့် ကြေညာခဲ့ပြီး နောက် ရက်ပိုင်းအတွင်း စလစ်စျေး များမြင့်တက်သွားခဲ့သည်။ မူဝါဒအ သစ် အတိအကျ မထုတ်ပြန်မီက စလစ်စျေး ကျပ် ၁၂၃ သိန်းသာရှိခဲ့ သော်လည်း တရားဝင်ထွက်ပေါ်လာ ပြီးနောက်ပိုင်းတွင် ကျပ် ၁ဝ သိန်း ကျော် မြင့်တက်သွားကာ ကျပ် ၁၃၇ သိန်းအထိ ရောက်ရှိသွားခဲ့ သည်။

 

”မူဝါဒအသစ်ထွက်ပြီး နောက်တစ်ရက်မှာ စလစ်စျေး ကျပ် ၁၃၇ သိန်းအထိ မြင့်တက်သွားပါတယ်၊ အရမ်းလိုအပ်တဲ့သူတွေက သိန်း ၁၄ဝ အထိ ပေးဝယ်နေကြပါတယ်၊ တချို့ကလည်း စျေးမထိန်းဘဲ ကိုယ်လိုချင်တဲ့ အရေအတွက် ရသလောက်ကို စျေးဖွင့်ပြီး ဝယ်နေကြပါတယ်၊ ၁၉၉၈ မိုဒယ်နဲ့အောက် ဘတ်စ်စလစ်တွေကို နိုဝင်ဘာလကုန်လောက်မှ ဖွင့်ပေးမယ်ဆိုရင် အချိန်မရတရ ဖြစ်သွားပြီး စလစ်စျေးက ပိုတက်သွားမှာပါ၊ တစ်ဦးချင်းတင်သွင်းမှုတွေ၊ ရန်ကုန်လိုင်စင်နဲ့ ၁၃ဝဝ စီစီ ကားတင်သွင်းမှုတွေ များနေတဲ့အတွက် နှစ်မကုန်ခင်မှာ စလစ်စျေးက ကျပ်သိန်း ၁၅ဝ အထိ မြင့်တက်ဖို့တောင် ရှိနေပါတယ်”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်း ဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

 

မူဝါဒသစ်အရ လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများသာ တင်သွင်းရမည်ဖြစ်သော်လည်း ယခုနှစ်မကုန်မီ တင်သွင်းထားသည့် Consignment ကားများကြောင့် စလစ်စျေးမှာ ထိုးကျသွားဖွယ်မရှိဘဲ နှစ်မကုန်မီ ပေါက် စျေးအပေါ်မူတည်ကာ ကျပ်သိန်း နှစ်ဆယ်ဝန်းကျင်သာ ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here