မူဝါဒထွက်ပြီးနောက် ကားဈေးများမြင့်တက်သွားသော်လည်းပိုကောင်းလာတဲ့ ကားဈေးကွက်

1451

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ် ချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ကားဈေးများမှာ အမျိုးအစား၊ ဂရိတ် နှင့် ရန်ကုန်လိုင်စင် ဖြစ်မဖြစ်အပေါ်မူတည်ပြီး ကျပ်သိန်းနှစ်ဆယ်မှ ကျပ် သိန်းငါးဆယ်အထိ ဈေးများမြင့်တက်သွားခဲ့သည်။ ကားဈေးများမြင့်တက် သွားရာတွင် ယာယီနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသားကားများမှာ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။ ယာယီနံပါတ် ကားများမှာ စလစ်ဈေး မြင့်တက်မှုကြောင့် ပုံမှန်လောက်သာ အဝယ်ရှိကြောင်း သိရ သည်။ မူဝါဒထွက်ပေါ်ပြီးနောက်တွင် ကျပ်သိန်း ၁၅၀ နှင့် သိန်းနှစ်ရာကြား ရန်ကုန်လိုင်စင် ၁၃၀ဝ စီစီကားများ အဝယ်လိုက်နေသလို နံပါတ်ထွက်ပြီး သား Toyota Alphard ၊ Toyota Wish ၊ Toyota Kluger ၊ Mitsubishi RVR ၊ စသည့်ကားများလည်း အရောင်းအဝယ်ဖြစ်နေသည်။ ၁၃၀ဝ စီစီ ကားများထဲတွင် ၂၀၁၁ မိုဒယ်နောက်ပိုင်း ပုံပြောင်းသွားသည့် ကျပ်သိန်း ၂၅၀ ဝန်းကျင် Honda Fit GK3 ၊ Honda Fit Shuttle ၊ Toyota Axio ကားများ အဝယ်လိုက်နေကြောင်း သိရသည်။
”လာမယ့်နှစ်အတွက် မူဝါဒတွေ ထွက်ပေါ်ပြီးနောက်ပိုင်းမှာ ကား တစ်စီးရဲ့ အမျိုးအစား၊ ဂရိတ်နဲ့ လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်းနှစ်ဆယ် ကနေ သိန်းငါးဆယ်အထိ ဈေးမြင့်တက်သွားပါတယ်၊ နံပါတ်မထွက်သေးတဲ့ ကားတွေ၊ အသစ်တင်သွင်းထားတဲ့ ကားတွေကျတော့ စလစ်ဈေးတက်တဲ့ အပေါ်မှာ ဈေးအပြောင်းအလဲ ဖြစ်သွားတယ်၊ နံပါတ်ထွက်ပြီးသားကားတွေ ကျတော့ လူကြိုက်များတဲ့ ကားဆိုရင် ဈေးပိုတက်သွားတယ်၊ ဒီရက်ပိုင်း မှာ ဝယ်လက်တွေ အမေးများတဲ့ Toyota Kluger ၊ Toyota Wish ၊ Toyota Crown တို့က သိန်းနှစ်ဆယ်နဲ့ သိန်းငါးဆယ်ကြား ဈေးမြင့်တက် သွားတယ်၊ ၁၃၀ဝ စီစီ ကားထဲမှာဆိုရင် အရင်နှစ်က သွင်းထားတဲ့ လက်ကျန်ကားတွေ မရှိသလောက်ဖြစ်သွားတဲ့အတွက် ရှိတဲ့ကားတွေက သိန်းနှစ်ဆယ်လောက် ဈေးမြင့်တက်သွားတယ်၊ လာမယ့်နှစ်ကစပြီး လုပ် ငန်းသုံးကားတွေကို ၂၀၁၄ မိုဒယ်နဲ့အထက်ပဲ တင်သွင်းရမယ်ဆိုပေမဲ့လည်း ၆၆၀ စီစီ Carry Truck တွေက ထင်သလောက် မရောင်းရပါဘူး၊ မနှစ်က သွင်းထားတဲ့ နယ်လိုင်စင် ၁၃၀ဝ စီစီ ကားတွေ ဆိုရင်လည်း သိန်းနှစ်ရာ အောက်မှာ ဝယ်လို့မရတော့ဘူး၊ ဒီရက်ပိုင်းမှာ အမေးများနေတဲ့ Toyota Wish ၊ Toyota Vanguard တို့ဆိုရင်လည်း သိန်းသုံးဆယ်လောက်ဈေးတွေ ခုန်တက်သွားတယ်၊ မူဝါဒတွေ ထွက်ပေါ်ပြီးနောက်ပိုင်းမှာ ကားဈေးတွေ မြင့်တက်သွားပေမဲ့လည်း လာမယ့်နှစ်မှာ ဂျပန်ညာမောင်းကားတင်သွင်းခွင့် မရတော့ဘူးဆိုတဲ့အတွက် အရောင်းအဝယ် ပိုကောင်းလာပါတယ်”MMM ကားအရောင်းစင်တာ’မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အဝယ်များ ဆင်းသော်လည်း အမှန်တကယ်ဝယ်ယူမည့်သူထက် ဈေးစုံစမ်းသူက ပိုများနေသည်။ ဝယ်/ ရောင်းများကလည်း လက်ထဲတွင်ကိုင်ထားသောကားများကို ထိန်းရောင်း သူများရှိသလို ဈေးညှိပြီး ကြိုက်ဈေးနီးပါးရလျှင် ထုတ်ရောင်းကြသည့်သူ များလည်းရှိနေသည်။ သက်တမ်း နှစ်နှစ်ဆယ်စလစ်ဈေးများ မြင့်တက်နေ သလို ၁၃၀ဝ စီစီ ကားများကို ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းမှုလည်း များ ပြားနေသဖြင့် တိုက်ကြေစလစ်ဈေးများလည်း မြင့်တက်သွားခဲ့သည်။
”မူဝါဒထွက်ပြီးနောက်ပိုင်းမှာ ၁၃၀ဝ စီစီ ကားလေးတွေ ကျပ် ၁၀ သိန်းကနေ ၁၅ သိန်း၊ စလစ်ကပ်ကားတွေက သိန်းနှစ်ဆယ်ကနေ သိန်း လေးဆယ်အထိ ဈေးတက်သွားပါတယ်၊ ဈေးအပြောင်းအလဲဖြစ်တဲ့အချိန် မှာ အရောင်းပိတ်ထားတဲ့သူတွေရှိသလို အဝယ်ကောင်းလို့ထုတ်ရောင်းတဲ့ သူတွေလည်းရှိပါတယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ အဝယ်တွေ ဆင်းပေမဲ့လည်း တကယ်ဝယ်မယ့်သူထက် ဈေးစုံစမ်းမယ့်သူက ပိုများ နေပါတယ်၊ နှစ်မကုန်ခင်မှာ အသစ်တင်သွင်းတဲ့ကားတွေ ဝင်လာဖို့ရှိပြီး စလစ်ဈေးမတက်ရင်တော့ ကားဈေးက အနေအထားတစ်ခုမှာ ရပ်သွားမှာ ပါ၊ စလစ်ဈေးတောက်လျှောက်တက်နေရင်တော့ ကားဈေးလည်းလိုက်ပြီး မြင့်တက်သွားမှာဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုနိုင်လင်းကဆိုသည်။
ယခင် နှစ်ကုန်ခါနီးကာလများက Model သတ်မှတ်ချက်များထုတ်ပြန် ရာတွင် ယခုနှစ်ကဲ့သို့ အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့၍ အဝယ်များ က အလောတကြီးမဟုတ်ဘဲ အခြေအနေတစ်ခုကို စောင့်ကြည့်ပြီးမှသာ ဝယ်ယူခဲ့ကြသည်။ သို့သော် ယခုနှစ်နှင့် လာမည့်နှစ် အပြောင်းအလဲကာလ တွင် ညာမောင်းတင်သွင်းခွင့်မရတော့သည့် မူဝါဒကြောင့် အမှန်တကယ်လို အပ်သည့် အဝယ်များက အချိန်ကာလတစ်ခုကို စောင့်မကြည့်ကြတော့ဘဲ ဝယ်ယူလာကြသဖြင့် ယခုနှစ်ကုန်ခါနီးတွင် အရောင်းအဝယ်ပိုကောင်းလာ နိုင်ကြောင်း ကားဝယ်/ရောင်းများက ခန့်မှန်းထားကြသည်။
”အရင်နှစ်တွေတုန်းက နှစ်ကုန်ခါနီး မူဝါဒတွေထွက်ပေါ်လာပြီဆို ရင် ဈေးကွက်အခြေအနေကိုစောင့်ကြည့်ပြီးမှ ဝယ်ကြတယ်၊ အခုကျတော့ စောင့်မကြည့်ကြတော့ဘဲ ဒီအချိန်မှာမဝယ်ရင် ဂျပန်ညာမောင်းကားဝယ်ဖို့ ဆိုတာ ခက်သွားမယ်လို့တွေးကြတဲ့အတွက် ဈေးကွက်ကိုစောင့်မကြည့်ဘဲ ဝယ်လာကြတယ်၊ ဈေးကွက်ထဲမှာ တချို့က ပုံမှန်ဖြစ်နေတဲ့ဈေးထက် ဈေး တွေကို ဆွဲတင်ပြီး ရောင်းနေတာ သဘာဝမကျပါဘူး၊ စလစ်ဈေးကွက်ထဲ မှာလည်း စလစ်လုပ်တဲ့သူကနည်းနည်း ဝယ်တဲ့သူကများများဖြစ်နေတဲ့အ တွက် စလစ်သမားတွေက အချင်းချင်းညှိပြီး ဈေးတွေဆွဲတင်ကြပါတယ်၊ ဝယ်တဲ့သူတွေကလည်း မဖြစ်မနေလိုအပ်နေတဲ့အတွက် ရောင်းတဲ့ဈေးနဲ့ ဝယ်ရတဲ့အတွက် ဈေးတွေမြင့်တက်သွားတာ ဖြစ်ပါတယ်၊ ကားတစ်စီးကို ထိုက်သင့်တဲ့ဈေးခေါ်ပြီး ရောင်းရင်တော့ အရောင်းအဝယ်ဖြစ်မှာပါ၊ မဖြစ် နိုင်တဲ့ဈေးတွေခေါ်ပြီး ရောင်းမယ်ဆိုရင်တော့ အရောင်းအဝယ်ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ကားဝယ်/ရောင်း ကိုသောမတ်ကိုကိုက ဆိုသည်။
၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် နှစ်နှစ်ဆယ်စလစ်ဈေးသည် ကျပ်သိန်း ၁၄၀ အထက်သို့ မြင့်တက်သွားခဲ့သော်လည်း ဘတ်စ်စလစ်များ ဝင်ရောက်လာနိုင်ခြင်းနှင့် ပါမစ်လျှောက်ခြင်းကို ဒီဇင်ဘာ ၁၅ ရက်အထိ ခွင့်ပြုပေးမည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ထားခြင်းတို့ကြောင့် စလစ်ဈေး အနည်းငယ် ပြန်လည်ကျဆင်းသွားခဲ့သည်။ အချို့သော ကား တင်သွင်းသူများက စလစ်မကပ်သေးဘဲ Consignment ပါမစ်များ ရှာ ကပ်ကြကာ စလစ်ဈေးကျမည့်အချိန်ကို စောင့်နေကြသည်။ စလစ်ဈေး အပြောင်းအလဲသည် ဘတ်စ်စလစ်များ ဝင်ရောက်လာမည့်အခြေအနေနှင့် တစ်ဦးချင်းတင်သွင်းမည့်အရေအတွက်အပေါ်မူတည်နေရာ အမြင့်ဆုံးဈေး ကျပ်သိန်း ၁၅၀ ဝန်းကျင်အထိ မြင့်တက်သွားနိုင်သလို ကျပ်သိန်း ၁၃၀ ဝန်းကျင်တွင်လည်း ရပ်တန့်သွားနိုင်ကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။
”ဒီအချိန်မှာ ညာမောင်းကား တင်သွင်းမယ်ဆိုရင် ဘယ်ကားမဆို စလစ်ကပ်ရမှာဖြစ်တဲ့အတွက် စလစ်ဈေးက မြင့်တက်ဖို့ပဲရှိပါတယ်၊ တိုက် ကြေစလစ်ဆိုရင်လည်း အရင်လတွေက ကျပ်သိန်းတစ်ရာကျော်ကနေ ၁၂၇ သိန်းအထိ ဈေးမြင့်တက်သွားတယ်၊ ပါမစ်လျှောက်ရမယ့် နောက်ဆုံး ရက် ကြေညာလိုက်တဲ့အတွက် လိုတာထက်ပိုပြီး လျှောက်တဲ့သူတော့မရှိတော့ ဘူး၊ စလစ်ဈေး မြင့်တက်နေတဲ့အချိန်မှာ တချို့ကလည်း Consignment ပါမစ်နဲ့ လျှောက်လာကြတယ်၊ Consignment နဲ့လျှောက်ရင် အချိန် အကြာ ကြီးထားလို့ရပြီး စလစ်ဈေးပြန်ကျမယ့်လာမယ့်နှစ်ကျမှ ဝယ်ယူခွင့်လျှောက် မယ့်သူလည်းရှိပါတယ်၊ နှစ်မကုန်ခင်မှာ စလစ်ကပ်မယ့်သူနည်းသွားရင် တော့ စလစ်ဈေးက ပြန်ကျသွားမှာပါ၊ ဒီအချိန်မှာ စလစ်ဈေးနဲ့အပြိုင် လေလံဈေးလည်းမြင့်တက်နေတဲ့အတွက် အသစ်တင်သွင်းတာထက်စာရင် နံပါတ်ထွက်ပြီးသားကားကို ရှာဝယ်တာက ပိုအဆင်ပြေပါလိ်မ့်မယ်၊ နံပါတ် ထွက်ပြီးသား ကားတွေထဲမှာလည်း ဖြစ်သင့်တဲ့ဈေးထက် ပိုခေါ်ပြီးရောင်း မယ်ဆိုရင်တော့ အရောင်းအဝယ်ဖြစ်ဖို့မလွယ်ပါဘူး”ဟု ကားဝယ်/ရောင်း ကိုစိုင်းက ဆိုသည်။
နှစ်မကုန်မီ ဈေးကွက်အခြေအနေအရ စလစ်ဈေးမြင့်တက်လျှင် တက်သလို ၁၃၀ဝ စီစီ ကားများလည်း ဈေးတက်သွားမည်ဖြစ်သည်။ ထို့ပြင် လေလံဈေးနှင့် စလစ်ဈေးအပေါ်မူတည်ပြီး အမြင့်ကားများလည်း ဈေးမြင့်တက်သွားမည်ဖြစ်သည်။ လာမည့်နှစ်အစ၏ စလစ်ဈေးကွက် အခြေအနေသည် ယခုနှစ်မကုန်မီ အမြင့်ဆုံးဈေးနှင့် တင်သွင်းထားသည့် Consignment ကားအရေအတွက်အပေါ် မူတည်နေရာ ယခုနှစ်၏ နောက်ဆုံးပေါက်ဈေးထက် ကျပ်သိန်းသုံးဆယ်ဝန်းကျင် ပြန်လည်ကျဆင်း သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။ ယခုရက် ပိုင်းအတွင်း စလစ်ဈေးများသည် ဝယ်လိုအားနှင့် အပ်ကားအရေအတွက် အပေါ်မူတည်ကာ ဈေးငြိမ်သက်မှုမရှိဘဲ နှစ်နှစ်ဆယ်စလစ်ဈေးသည် ကျပ် ၁၃၅ သိန်းနှင့် သိန်း ၁၄၀ ကြား၊ တိုက်ကြေစလစ်သည် ကျပ် ၁၂၅ သိန်းနှင့် သိန်း ၁၃၀ ကြား၊ တက္ကစီစလစ်သည် ကျပ်သိန်း ၁၃၀ နှင့် ၁၃၅ သိန်းကြား အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here