မူလလက်ဟောင်း Silver Ghost ကို ဂုဏ်ပြုသည့်အနေဖြင့် 2018 Silver Ghost Collection ၃၅ စီး Rolls-Royce ထုတ်လုပ်မည်

555

Rolls-Royce ကားကုမ္ပဏီသည် ၁၉ဝဝ ပြည့်လွန်နှစ် အစောပိုင်းကာလများတွင် ထွက်ပေါ်ခဲ့သော ဂန္ထဝင် Silver Ghost ကားကို ဂုဏ်ပြုသည့်အနေဖြင့် ၂ဝ၁၈ မိုဒယ် Silver Ghost Collection ကို ထုတ်လုပ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မတ် ၁ဝ ရက်တွင် wheels.ca သတင်းဝက်ဘ်ဆိုက် ၌ ဖော်ပြထားသည်။

Sir Henry Royce ဦးဆောင်တည်ဆောက်ခဲ့သော Silver Ghost ကားသည် ၁၉ဝ၄ ခုနှစ်တွင် မိုင်ပေါင်း ၁၄,၃၇၁ ခရီးကို မရပ်မနား တောက်လျှောက်မောင်းကာ မော်တော်ကားလောက၏ က@သစ်တစ်ရပ် ဖွင့်လှစ်ခဲ့သလို ကမ္ဘာ့အကောင်းဆုံးကားဟုလည်း ထိုစဉ်က သတ်မှတ်ခံခဲ့ရသည်။

Rolls-Royce သည် မူလလက်ဟောင်း Silver Ghost ကို ပြန်လည်အမှတ်ရစေရန် 2018 Silver Ghost Collection မိုဒယ် အား အထူးသီးသန့်တည်ဆောက်ပေးထားကြောင်း သိရသည်။ ကား ကိုယ်ထည် အရောင်ကို Silver Ghost ၏ မူလအရောင်စနစ်အပေါ် အခြေခံကာ ရာနှုန်းပြည့်ငွေသတ္တု ဖြင့်ဖန်တီးထားသော Cassiopeia Silver ဖြင့် ရှစ်နာရီကြာ ဆေးမှုတ် ခြယ်သထားပြီး ခေါင်းပိုင်းအလှဆင် သကေင်္တရုပ်တု Spirit of Ecstasy ၊ လိုင်စင်နံပါတ်ပြား AX201 ၊ အနက်ရောင် ရှေ့ဘမ်ပါရှဲလ်၊ SILVER GHOST-SINCE 1907 စာသားပါ ဘီးခွေအဖုံးတို့ကို မူလSilver Ghost အတိုင်း ထည့်သွင်းပေးထားသည်။ ကားအတွင်းပိုင်းတွင်လည်း သီးသန့်ဖန်တီးထားသည့် သစ်တောစိမ်းအရောင် သားရေထိုင်ခုံ၊ ဘီး ခွေအဖုံးနှင့် ထပ်တူညီသည့် စာသားများ ပါဝင်သော ငွေရောင် Ingot-styled နာရီတို့မှာလည်း မူလလက်ဟောင်းအတိုင်းပင် ဖြစ် သည်။ အထူးသီးသန့် ဖန်တီးထားသော 2018 Silver Ghost Collection ကားကို စုစုပေါင်း ၃၅ စီးသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်သည်။
Ref : wheels.ca

LEAVE A REPLY

Please enter your comment!
Please enter your name here