မူကြမ်းရေးဆွဲပြီးဖြစ်၍ Auto Policy နှင့် မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို လာမည့်နှစ်တွင် ထုတ်ပြန်မည်

1090

မူကြမ်းရေးဆွဲပြီးဖြစ်၍ Auto Policy နှင့် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို လာမည့်နှစ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

 

ဗကအသ ဏသူငခပ နှင့် မော်တော် ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ အတွက် မူကြမ်းများ ရေးဆွဲပြီး၍ ဌာနဆိုင်ရာ အသီးသီးမှ အကြံပြု ချက်များ၊ လုပ်ငန်းရှင်နှင့် ပြည်သူ များ၏ အကြံပြုချက်များနှင့်အတူ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး အတည်ပြု ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

”လက်ရှိမှာ Final Draft ဆွဲ ပြီးပါပြီ၊ Auto Policy နဲ့ ထုတ်လုပ်မှုဆိုင်ရာ ဥပေဒကို လာမယ့်နှစ်ထဲမှာ အတည်ပြု ထုတ်ပြန်မှာ ဖြစ်ပါတယ်၊ ထုတ်လုပ်မှုဥပဒေကို စက်မှုက ဦးဆောင်ရေးဆွဲတာ ဖြစ်ပါတယ်”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

Auto Policy တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ များ၊ မော်တော်ယာဉ် မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာများ ပါဝင်မည်ဖြစ်ပြီး ထုတ်လုပ်မှုဆိုင်ရာ ဥပဒေတွင် ပြည်တွင်းထုတ် ယာဉ်များ၏ ထုတ်လုပ်မှုစနစ်အလိုက် လိုက်နာရမည့်အချက်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ကားများအတွက် သတ်မှတ်ချက်များနှင့် အကျိုးခံ စားခွင့်များကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here