မုံရွာမြို့ ကားလေးကွင်းအတွင်းရှိ ဆိုင်ကယ် Taxi များကို စည်းကမ်းနှင့်အညီဖြစ်စေရန် သတ်မှတ်အကျီများ ထုတ်ပေးမည်

81

မုံရွာ၊ အောက်တိုဘာ
စစ်ကိုင်းတိုင်း၏ အဓိကစီးပွားရေး မြို့တော်ဖြစ်သည့် မုံရွာမြို့တွင် ကားလေးကွင်းအတွင်းရှိ ဆိုင်ကယ် Taxi များ၊ သုံးဘီး Taxi များကို စည်းကမ်းနှင့်အညီဖြစ်စေရန် သတ် မှတ်အကျီများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင် သာယာရေးကော်မတီမှ သိရ သည်။

‘‘ကားလေးကွင်းထဲမှာ ဆိုင် ကယ် Taxi တွေ၊ သုံးဘီး Taxi တွေ ဆိုက်တွဲတွေက ကားတစ်စီးစီးဝင် လာတာနဲ့ ခရီးသည်အလုအယက် ခေါ်ကြတာတွေကြောင့် ခရီးသွား တွေ စိတ်အနှောင့်အယှက် ဖြစ်စေ တဲ့အပြင် မလိုလားအပ်တဲ့ ပြသနာ တွေလည်း ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် သူတို့ကို နေရာတွေက အစသေချာသတ်မှတ်ပေးပြီး သတ် မှတ်အကျီတွေ ထုတ်ပေးသွားမယ်၊ စည်းကမ်းတကျပြေးဆွဲဖို့ စည်း ကမ်းချက်တွေလည်း မကြာမီ ထုတ်ပြန်သွားမယ်’’ဟု အဆိုပါ ကော်မတီ၏ အဖွဲ့ဝင် ဦးဇော်ထွန်း က ပြောကြားသည်။

လက်ရှိတွင် မုံရွာမြို့ ကား လေးကွင်း၌ ပြေးဆွဲနေသော အိန္ဒိယ သုံးဘီးဆိုင်ကယ် Taxi (တုတ်တုတ်)- ၁၅ စင်း၊ မုံရွာစက် မှုဇုန်ထုတ် ဆိုက်တွဲ ၂၆ စင်းရှိပြီး ဆိုင်ကယ် Taxi နှင့် ခွေးဘီလူးစီး ရေမှာ စာရင်းကောက်ယူနေဆဲ ဖြစ်ကြောင်း၊ စာရင်းကောက်ယူပြီး ပါက အစီးရေအပေါ်မူတည်၍ ကား ကြီးကွင်းအတွင်းတွင် ငါးစီးစီအ လှည့်ကျနှုန်းဖြင့် နေရာချပေးသွား မည်ဖြစ်ပြီး ယခင်ကကဲ့သို့ အစု လိုက်အပြုံလိုက် ဂိတ်ထိုး၍ခရီး သည်များကို ကြိုခွင့်ပေးတော့မည်မ ဟုတ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

မုံရွာမြို့ ကားလေးကွင်းအ တွင်းရှိ ဆိုင်ကယ် Taxi များကို စည်းကမ်းတကျရှိစေရန် မကြာမီ စတင်ကြပ်မတ်တော့မည် သာမက
ပြီးခဲ့သည့်အပတ်ကလည်း ကား လေးကွင်းအထွက် ပြည်ထောင်စု လမ်းမကြီး လမ်းဆုံ၊ လမ်းခွတွင် ခရီးသည်တင်ယာဉ်များ ခရီးသည် အတင်အချမပြုလုပ်ရန်၊ ဂိတ်မထိုး ရန်နှင့် ခရီးသည်ကြိုဆိုခြင်းများ မပြုလုပ်ရန် အဝေးပြေးယာဉ်လိုင်း များထံ အကြောင်းကြားစာ ပေးပို့ ထားသေးသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here