မီးထလောင်နိုင်မှုကြောင့် ဥရောပတိုက်မှ ဒီဇယ်ကား ၃၂၄,ဝဝဝ စီးကို ပြန်လည်ပြင်ဆင်ပေးရန် BMW ခေါ်ယူမည်

1338

တောင်ကိုရီးယားနိုင်ငံတွင် ဖြန့်ချိ ရောင်းချထားသည့် BMW ကား များ၌ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အင်ဂျင်ခန်း မီးထလောင်မှု ၂၇ ကြိမ် ဖြစ်ပွား ပြီးနောက် ဥရောပတိုက်တွင် ရောင်း ထားသော ဒီဇယ်ကား ၃၂၄,ဝဝဝ စီးကို ပြန်လည်ခေါ်ယူရန် BMW က စီစဉ်နေကြောင်း Motor 1 သတင်းဝက်ဘ်ဆိုက်က သြဂုတ် ၁၁ ရက်၌ ရေးသားဖော်ပြခဲ့သည်။
BMW ကားများ၏ အိပ်ဇော ဓာတ်ငွေ့ ပြန်လည်ပတ်သည့်စနစ် တွင် ချွတ်ယွင်းချက်ရှိသဖြင့် အင်ဂျင် ခန်း မီးထလောင်ခြင်းဖြစ်ပြီး ယင်း အားနည်းချက်ကို ၂ဝ၁၆ ခုနှစ်မှ စတင်၍ BMWက သတိပြုမိကြောင်း သတင်းများက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့မှုများအပေါ် ကားဝယ်ယူ ထားသူများနှင့် သက်ဆိုင်ရာအစိုးရ တို့ကို စိုးရိမ်ပူပန်မှုဖြစ်စေသည့် အတွက် အနူးအညွတ်တောင်းပန်ကြောင်း BMW Korea ဥက္ကဋ ုKim Hyo-joon က သတင်းစာ ရှင်းလင်းပွဲလုပ်ကာ တောင်းပန်ခဲ့ သော်လည်း ကားမီးလောင်ခဲ့သူ များထဲမှ ၁၃ ဦးက BMW ကို တရားစွဲဆိုရန် စတင်လုပ်ဆောင် နေပြီဟု သိရသည်။ BMW Korea သည် ၂ဝ၁၁ ခုနှစ်၊ မတ်လမှ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်လုပ်ထားသော ကားမိုဒယ် ၄၂ မျိုးထဲမှ အစီးရေ ၁ဝ၃,ဝဝဝ ကိုပြင်ဆင်ပေးရန် ခေါ်ယူထားပြီး ဖြစ်သလို ဥရောပတိုက်တွင်လည်း BMW က မီးထလောင်နိုင်ခြေရှိ သည့် ဒီဇယ်ကားအစီးရေ ၃၂၄,ဝဝဝ ကို ပြန်ခေါ်ရန် စီစဉ်နေသည်။ BMW ပြန်ခေါ်မည့်ကားများထဲတွင် အရောင်းရဆုံး ဆီဒန်မိုဒယ် 520d လည်း ပါဝင်နေသည်။ BMW အနေဖြင့် လျော်ကြေး အမေရိကန်ဒေါ်လာ သန်းဆယ်ချီ၍ ပေးရနိုင်ကြောင်းလည်း သိရသည်။

Ref: motor 1

LEAVE A REPLY

Please enter your comment!
Please enter your name here