မိုးပျံ ကားဂိုဒေါင်ပါသည့် အိမ်ရာကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ပထမဆုံးတည်ဆောက်

572

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ တွင် ပထမဆုံးအကြိမ်အဖြစ် မိုးပျံ ကားဂိုဒေါင် (Sky Garage) ပါဝင် သည့်အိမ်ရာကို တည်ဆောက်နေ ကြောင်း ဇူလိုင် ၆ ရက်တွင် hom- es.nine ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။
မဲလ်ဘုန်းမြို့၊ St Kilda လမ်းပေါ်တွင် ဒေသခံကုမ္ပဏီ Growland က ဆောက်လုပ်သော အဆင့်မြင့် အိမ်ရာ၌ အထပ်ပေါင်း နှစ်ဆယ် ပါဝင်ကာ မိုးပျံတိုက်ခန်း (Penth-ouse) ဝယ်သူများအတွက် မိုးပျံကား ဂိုဒေါင် ထည့်သွင်းတည်ဆောက် ပေး ရန် စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါ မိုးပျံကားဂိုဒေါင်ကို ဧည့်ခန်းဘေးတွင် မှန်နံရံများဖြင့် ထည့်သွင်း တည်ဆောက်ပေးကာ တန်ဖိုးကြီး ဇိမ်ခံကားနှစ်စီး ထား ရှိနိုင်မည်ဖြစ်ပြီး မြေပြင်မှ မိုးပျံကား ဂိုဒေါင်သို့ ကားများတက်ရောက် ရန် အလိုအလျောက် ဓာတ်လှေ ကားစနစ်ဖြစ်သည့် ဂျာမန်လုပ် အထပ်မြင့် ကားပါကင်စနစ်ကို အ သုံးပြုသွားမည်ဟု သိရသည်။ Gr- owland အဆင့်မြင့်အိမ်ရာ၏ အ ခန်းတိုင်းတွင် အလင်းရောင်၊ အပူချိန်၊ ဖျော်ဖြေရေးစနစ်နှင့် လုံခြုံရေးစနစ် များကို အလိုအလျောက် လုပ်ဆောင် ပေးသည့် Home Automation ၊ လက်ဗွေစနစ်ဖြင့် အဝင်/အထွက် လုပ် ရသည့် Fingerprint Access တို့ အပြင် လျှပ်စစ်ကားများ အတွက် အားသွင်းတိုင်ပါဝင်သော နေ့စဉ် သုံး ကားများထားရှိသည့် မြေ အောက်ကားပါကင်ကိုလည်း ထည့် သွင်းပေးထားသည်။
အိမ်ခန်း ၁၉ ခန်းသာ ရရှိနိုင် မည့် အိပ်ခန်းသုံးခန်းပါ အိမ်ခန်း တစ်ခန်းလျှင် ပျမ်းမျှစျေး အမေရိကန် ဒေါ်လာ ခြောက်သန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကာ လာမည့် ၂ဝ၁၉ ခုနှစ်တွင်စဆောက်ပြီး ၂ဝ၂ဝ ပြည့်နှစ် နှစ်လယ်တွင် အပြီးသတ်မည်ဟု သိရသည်။

Ref: homes.nine

 

LEAVE A REPLY

Please enter your comment!
Please enter your name here