အမေရိကန်ပြည်ထောင်စု၊ ကယ်လီ ဖိုးနီးယားပြည်နယ် သမိုင်းတစ် လျှောက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံး မှုဖြစ်ခဲ့သော Tubbs Fire တောမီး လောင်ကျွမ်းမှုတွင် ဆရာဝန်တစ်ဦး က ၎င်းမိသားစုထက် တာဝန်ကျရာ ဆေးရုံမှ မွေးကင်းစ လမစေ့ကလေး ငယ်များ ဘေးကင်းရန် ဆိုင်ကယ် စီး၍ ဦးစားပေး ကယ်တင်ခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် nbcnews သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
Sutter Santa Rosa ဒေသ ဆေးရုံ၌ ဒါရိုက်တာအဖြစ် ထမ်း ဆောင်နေသည့် ဒေါက်တာ Scott Witt သည် အောက်တိုဘာ ၉ ရက် နံနက် ၂ နာရီတွင် ဆေးရုံသို့တော မီးလောင်မှု နီးကပ်လာကြောင်း ဖုန်းခေါ်ဆိုမှု ရရှိခဲ့သည်။ ထိုအချိန် တွင် နေအိမ်မှ ဘေးလွတ်ရာသို့ ပြောင်းရန် ဇနီး၊ သားသမီးလေးဦး တို့နှင့် စီစဉ်နေသော ဒေါက်တာ Scott Witt သည် မိသားစုအား ရွှေ့ပြောင်းမှုခြင်းများကို ၎င်းတို့ဘာ သာ ဆက်လက် လုပ်ဆောင်စေကာ သူကိုယ်တိုင်ကမူ ဆေးရုံသို့ ထရပ် ကားဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
ဆေးရုံသို့ သွားရာလမ်းတွင် နေရာအချို့၌ တောမီးများကူးစက် နေပြီဖြစ်သဖြင့် ဒေါက်တာ Scott Witt သည် နေအိမ်သို့ပြန်၍ ထရပ် ကားအစား ဆိုင်ကယ်ပြောင်းစီးကာ တောလမ်းအတိုင်း လေးမိုင်အကွာ အဝေးရှိ ဆေးရုံသို့ တောမီးကို ရှောင်ကွင်းမောင်းနှင်ခဲ့ပြီး ဆေးရုံ ဝန်ထမ်းတစ်ဦးနှင့်အတူ မွေးကင်းစ လမစေ့ကလေးငယ်ရှစ်ဦးကို ကယ် ထုတ်ခဲ့သည်။ အဆိုပါကလေးငယ် များကို လူနာတင်ကားပေါ်တင်ပြီး အနီးဆုံး ဘေးကင်းရာဆေးရုံသို့ ပို့ဆောင်ရာတွင်လည်း လမ်းခရီး၌ လမ်းပေါ်ပြတ်ကျနေသော လျှပ်စစ် ဓာတ်ကြိုးများကြောင့် တစ်စုံတစ်ရာ အန္တရာယ်မကြုံတွေ့စေရန် လူနာတင် ကားရှေ့မှ ဆိုင်ကယ်စီးကာ ဒေါက်တာ Scott Witt ကလမ်းရှင်းပေးခဲ့သည်။
တောမီး လောင်ကျွမ်းမှုကြောင့် မိမိနေအိမ် အလုံးစုံပျက်စီး ဆုံးရှုံး ခဲ့သော်လည်း ဆေးရုံမှ မွေးကင်းစ ကလေးငယ်များကို စွန့်စားကယ် တင်ခဲ့သော ဒေါက်တာ Scott Witt ကို လုပ်ဖော်ကိုင်ဖက်များက နာမည် ကျော် ဆိုင်ကယ်ရုပ်ရှင်မင်းသား James Dean ဟု နောက်ပိုင်း အ မည် ပေးခဲ့ကြသည်။ မြေဧက ၃၆,ဝ၀ဝ ကျော်အထိ လောင်ကျွမ်း ခဲ့သော Tubbs Fire တောမီးဒဏ် ကြောင့် လူ ၄၂ ဦးသေဆုံးကာ နေအိမ်အဆောက်အအုံ ၈,၄၀ဝ ခန့်ပျက်စီးခဲ့ကြောင်း သိရသည်။
Ref:nbcnews.com