မန်းစည်ပင်၏ လုပ်ငန်းသုံးယာဉ် ၁၅စီးကို GPS စတင်တပ်ဆင်

591

မန္တလေး၊မတ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမှိုက်သိမ်းယာဉ်၊မိလႅာယာဉ်၊ လမ်းကြိတ်စက်၊ယန္တရားများစသောလုပ်ငန်းသုံးယာဉ် ၁၅ စီးအား စမ်းသပ်ကာလအနေဖြင့် GPS စနစ် စတင်တပ်ဆင်ကာ လုပ်ငန်းလုပ်ဆောင်မှုများအား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

”တစ်ချို့က အမှိုက်သိမ်းယာဉ်ပုံမှန်မလာဘူးတို့၊ မိလလာယာဉ် ခေါ်ထားလျက်နဲ့ မလာဘူးလို့ တိုင်ကြားတာတွေရှိတဲ့အတွက် စည်ပင်ဝန်ထမ်းတွေ တကယ်အလုပ် လုပ်မလုပ်ကို သိရှိနိုင်အောင် စမ်းသပ်ကာလအနေနဲ့ လောလောဆယ်လုပ်ငန်းသုံးယာဉ် ၁၅ စီးကို GPS စတပ်ဆင်ထားတယ်၊အဲဒီလိုတပ်ဆင်ထားလိုက်တော့ သူတို့သွားတဲ့လမ်းကြောင်း အမှိုက်သိမ်းရမယ့်နေရာတကယ်ရောက်မရောက်ကအစ ဌာနကနေ ထောက်လှမ်းလို့ရတယ်၊ အဲဒီအတွက်ဝန်ထမ်းတွေအနေနဲ့ ရေသာခိုလို့မရတော့ဘူး”ဟု မန္တ လေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနမှ ဒုဌာနမှူး ဦးမောင်မောင်မြင့်က ရှင်းပြသည်။

GPS ကုမ္ပဏီနှစ်ခုမှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ လာရောက်မိတ်ဆက်သဖြင့် စမ်းသပ်ကာလအဖြစ် မော်တော်ယာဉ်ဌာနမှ လုပ်ငန်းသုံးယာဉ် ၁၅ စီးကို တပ်ဆင်ကြည့်ခြင်းဖြစ်ပြီး လာမည့်ဘတ်ဂျက်နှစ်တွင် အမှိုက်သိမ်းယာဉ်၊ အမှိုက်သယ်ယာဉ်၊ မိလလာယာဉ်၊ လမ်းကြိတ်စက်စသော မော်တော်ယာဉ် အစီး ၂ဝဝ ခန့် ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့တပ်ဆင်ခြင်းကြောင့် သန့်ရှင်းရေးကားများအနေဖြင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားမသွား သိရှိနိုင်ပြီး အချိန်မှန်မှန် အမှိုက်များသိမ်းဆည်းနိုင်ရန်ပါ ဂရုပြု စောင့်ကြပ်နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။

”အခုဆို အမှိုက်ကန်တွေအဝင်မှာ ကတ္တားတပ်ဖို့ စီစဉ်နေတယ်၊ မကြာမီ တပ်တော့မှာ၊ အဲဒီလို က တ္တားတပ်ပြီးပြီဆိုရင် သတ်မှတ်ထားတဲ့ တန်ချိန်တင်ဆောင်ရဲ့လား၊ သူ့အချိန်နဲ့သူ အမှိုက်တွေလာသိမ်း ရဲ့လားဆိုတာကို စောင့်ကြည့်နိုင်မယ်၊ အဲဒီလိုဆိုတော့ ပြည်သူတွေအတွက် စည်ပင်ကအမှိုက်ပုံမှန်လာ မသိမ်းနိုင်မှာ စိတ်မပူရတော့ဘူးပေါ့၊လာမယ့်ဘတ်ဂျက်နှစ် ၆ လထဲမှာ စည်ပင်ပိုင်လုပ်ငန်းသုံးယာဉ် အစီး၂ဝဝလောက်ကို တပ်ဆင်သွားမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ဆို သည်။

လက်ရှိတွင် အဆိုပါ လုပ်ငန်းသုံးယာဉ် ၁၅ စီးသာ စမ်း သပ်ကာလအဖြစ် တပ်ဆင်ထားရ သေးသဖြင့် ဝန်ထမ်းဒရိုင်ဘာများအ မှန်တကယ် အလုပ်လုပ်မလုပ်ကို မော်တော်ယာဉ်ဌာနမှသာ စောင့် ကြပ်နိုင်သေးပြီး လာမည့် ၂ဝ၁၈-၁၉ ဘတ်ဂျက်နှစ် မော်တော်ယာဉ် အစီး ၂ဝဝ ခန့်တပ်ဆင်ပြီးချိန်တွင် Control Room သီးသန့်ပါ ထား ရှိသွားမည်ဖြစ်ကြောင်း ယင်းဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here